BEC-TERO TV

အိမ်မွေးတိရစ္ဆာန်ဆိုင်များအတွင်း ခွေးနဲ့ကြောင်များ ပိတ်မိကာ ရာနဲ့ချီသေဆုံး

08 Apr 2020     1,639 Views


ပါကစ္စတန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် Covid-19 ကြောင့် Lockdown ချထားပြီး မရှိမဖြစ် စားသောက်ကုန်ဆိုင်များမှလွဲ၍ ဆိုင်များအားလုံး ပိတ်ထားရပါတယ်။ ထိုဆိုင်များထဲတွင် အိမ်မွေးတိရိစ္ဆာန်ရောင်းချသည့် ဆိုင်များလည်း ပါဝင်ခဲ့ရာ ခွေးလေး၊ ကြောင်လေးများ ဆိုင်ထဲရှိ လှောင်အိမ်များအတွင်း ပိတ်မိပြီး ရာနဲ့ချီ သေဆုံးလျှက်ရှိတာကို တွေ့ရှိခဲ့ရပါတယ်။

တစ်နိုင်ငံလုံးရှိ အဓိကမြို့ကြီးများတွင် Lockdown ချထားပြီး ဆိုင်ရှင်များကို ဖိအားပေးကာ ဆိုင်များကို ပိတ်ရန်စေခိုင်းခဲ့ပါတယ်။ အချို့သော အိမ်မွေးတိရိစ္ဆာန်ဆိုင် ပိုင်ရှင်များက ညဘက်များတွင် Lockdown အမိန့်ကို ခိုးဖောက်ကာ ညဖက်ခိုးထွက်ပြီး ဆိုင်ထဲတွင် ပိတ်မိ ကျန်ရစ်ခဲ့သော တိရိစ္ဆာန်လေးများအား အစာသွားခိုးကျွေးခဲ့ကြပါတယ်။

Lockdown ချထားပြီး နှစ်ပတ်အကြာမှာ ဆိုင်ထဲက တိရိစ္ဆာန်လေးတွေကို ကယ်တင်ပေးဖို့ ဆိုင်ရှင်တွေရဲ့ ကြေကွဲဝမ်းနည်းစွာ အကူညီတောင်းသံတွေ ထွင်ပေါ်လာကြောင်း တိရိစ္ဆာန်အရေးလှုပ်ရှားသူ Ayesha Chundrigar က ဆိုပါတယ်။

အချို့တိရစ္ဆာန်များဟာ ဆိုင်ထဲက လှောင်အိမ်ထဲမှာ အလင်းရောင်မရှိ၊ လေဝင်လေထွက်မရှိ၊ အစားအစာ မရှိပဲ ရက်ပေါင်းရှည်ကြာစွာ ကျန်ရစ်ခဲ့တာကြောင့် သေဆုံးကုန်ပါတယ်။ တိရိစ္ဆာန်ကယ်ဆယ်ရေးအဖွဲ့က ဆိုင်များထဲက တိရိစ္ဆာန်လေးတွေကို ကယ်တင်ဖို့လုပ်ဆောင်ရာမှာ သေနေတဲ့ တိရိစ္ဆာန်လေးများကို သယ်ထုတ်လာတဲ့ စိတ်မကောင်းစရာမြင်ကွင်းရုပ်သံ ၆ မိနစ်စာကို အွန်လိုင်းပေါ်မှာ တင်ထားခဲ့တာ တွေ့ရပါတယ်။

“ကျွန်မတို့ အထဲရောက်သွားတော့ ၇၀% သော တိရိစ္ဆာန်အများစုက ကြမ်းပြင်တွေပေါ်မှာ လဲကျပြီး သေနေကြပါပြီ၊ အရမ်းစိတ်ထိခိုက်စရာကောင်းတယ်” ဟု သွားရောက်ကယ်တင်သော အဖွဲ့ဝင်တစ်ဦး က ပြောကြားခဲ့ပါတယ်။

ခွေး၊ ကြောင်၊ ယုန် စတဲ့ တိရိစ္ဆန် နှစ်ဒါဇင်လောက်ကို ကယ်တင်နိုင်ခဲ့သော်လည်း အများစုမှာ သေဆုံးသွားကြပြီး အဓိကအကြောင်းအရင်းမှာ အသက်ရှုဖို့ လေငတ်တာကြောင့်ဖြစ်ကြောင်း တိရိစ္ဆာန်အရေးလှုပ်ရှားသူ Kiran Maheen က ပြောကြားခဲ့ပါတယ်။


08 Apr 2020     1,639 Views




RELATED

Most Popular of International News

Most Popular of NEWS