BEC-TERO TV

အိန္ဒိယတွင် Covid-19 စစ်ဆေးရေးအဖွဲ့အား ရပ်ကွပ်ထဲမှ လူအုပ်ကြီးက ဝိုင်းတိုက်ခိုက် (ရုပ်သံ)

02 Apr 2020     1,519 Views


ကိုရိုနာဗိုင်းရပ်စ် Covid-19 စောင့်ကြည့်စစ်ဆေးရေးအဖွဲ့ ရပ်ကွက်အတွင်း ဝင်ရောက်စစ်ဆေးစဉ် ဒေါသထွက်နေသော လူအုပ်ကြီးက ကျန်းမာရေးဝန်ထမ်းများအား ကျောက်ခဲများနဲ့ ဝိုင်းဝန်းပစ်ပေါက်တိုက်ခိုက်မှုတစ်ခု အိန္ဒိယနိုင်ငံတွင် ဖြစ်ပွားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသောလူနာတစ်ဦးဟာ Tatpatti Bhakhal ရပ်ကွက်တွင် သူနှင့် ထိတွေ့ခဲ့သူရှိခဲ့ဖူးကြောင်း ရာဇာဝင်ကို သိရှိရပြီးနောက် သက်ဆိုင်ရာအာဏာပိုင်များ၏ ညွှန်ကြားချက်ဖြင့် ကျန်းမာရေးအဖွဲ့က ရပ်ကွပ်တွင်း ဝင်ရောက်စစ်ဆေး‌ခဲ့ရာတွင် ရပ်ကွပ်နေလူထုက ဒေါသထွက်ပြီး အုပ်စုလိုက် ဝိုင်းလာကာ ကျန်းမာရေးဝန်ထမ်းမျာကို ကျောက်ခဲများနဲ့ ပစ်ပေါက် တိုက်ခိုက်ကြသလို အထပ်မြင့်နေအိမ်များပေါ်မှလည်း ကျောက်ခဲများနဲ့ ဝိုင်းပေါက်ခဲ့ကြသည်။

ဆေးဝန်ထမ်းများက ရဲများ၏ အကူအညီအကာအကွယ်ကို ရယူခဲ့ရာ ရဲတပ်ဖွဲ့ဝင်များလည်း ထပ်မတိုက်ခိုက်ခံခဲ့ရသည်။ ရဲများက လူအုပ်ကြီးကို နှိမ်နင်းရန် ကြိုးစားရာ အမျိုးသမီးများကို လူတံတိုင်းများသဖွယ် ကာရံထားကြသဖြင့် အခက်တွေ့ခဲ့ကြရကြောင်း သတင်းများတွင် ဖော်ပြထားသည်။

“ကျွန်တော်တို့က သူတို့ကို စတင်မေးမြန်းရုံပဲရှိသေးတယ် သူတို့က ကျောက်ခဲတွေနဲ့ ပစ်ပေါက်ပြီး တိုက်ခိုက်တော့တာပါပဲ” ဟု တိုက်ခိုက်ခံခဲ့ရသူ ဆရာဝန်တစ်ဦးက အတည်ပြုပြောကြားခဲ့သည်။

ရဲများက သတင်းဌါနများကို ထုတ်ပြန်ရာတွင် ကျန်းမာရေးဝန်ထမ်းများက အသက်အရွယ်ကြီးနေပြီဖြစ်သည့် အမျိုးသမီးကြီးတစ်ဦးကို ဆေးစစ်ဖို့ ကျန်းမာရေးအဖွဲ့က ခေါ်ဆောင်ဖို့ ပြုလုပ်စဉ်မှာ လူတွေက ဆူညံဆူညံ ပြောဆိုကြပြီးနောက် မကြာမီမှာ တစ်ဖြည်းဖြည်း လူအုပ်ကြီးဖြစ်လာကာ စတင်တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

အဆိုပါရပ်ကွက်မှာ မက်ဒရာပါရာဒက်ရှ်စီရင်စုတွင် ဗိုင်းရပ်စ်ကူးစက်ခံရမှု အဆိုးရွားဆုံးနေရာတစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့ အင်္ဂါနေ့တစ်ရက်ထဲမှာပင် ကူးစက်ခံရသူ ၂၀ ဦးရှိပြီး အမျိုးသမီး ၁၁ ဦးနဲ့ ကလေးငယ်များ ပါဝင်ခဲ့ပြီး အခုဆိုလျှင် တစ်မြို့လုံးမှာ ကူးစက်ခံထားရသူ ၆၃ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။


02 Apr 2020     1,519 Views




RELATED

Most Popular of International News

Most Popular of NEWS