မဲဆောက်ရှိ ထိုင်း-မြန်မာ နယ်စပ်ကို နောက်ထပ် ၂ ရက် တိုးမြှင့်ဖွင့်လှစ်
23 Mar 2020 1,537 Views
မြဝတီဘက်ရှိ ထိုင်းမြန်မာနယ်စပ် မဲဆောက်ကို မြန်မာရွေ့ပြောင်းလုပ်သားများ နေရက်ပြန်နိုင်ရန် နောက်ထပ် ၂ ရက် ထပ်မံတိုးမြှင့်ဖွင့်ထားပေးမည်ဖြစ်ကြောင်း ထိုင်းသတင်းတွင် ဖော်ပါထားသည်။
မြန်မာနိုင်ငံသို့ ပြန်ရန် နယ်စပ်ဂိတ်တွင် လူတန်းရှည်ကြီးက သူတို့ပိုင်ဆိုင်သည့် တီဗီ၊ ရေခဲသေတ္တာ အစရှိသည်တို့ကို သယ်ပိုးလျှက် မိသားစုလိုက် စီတန်းနေကြတာကြောင့် နယ်စပ်ဂိတ်ကို ရက်ထပ်မံတိုးမြှင့် ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
ထိုင်းမြန်မာချစ်ကြည်ရေး တံတားအမှတ်(၂) ရှိရာ နယ်စပ်ဂိတ် ထိုင်းနိုင်ငံဘက်အခြမ်းတွင် မတ်လ ၂၃ ရက် ယနေ့နံနက်ပိုင်းက ထောင်ပေါင်းများစွာသော ရွေ့ပြောင်းလုပ်သားများ အိမ်ပြန်ရန် စုရုံးရောက်ရှိနေကြသည်။ အများစုမှာ ဘန်ကောက်မြို့ကနေ ဘတ်စ်ကားစီးလာကြသူများဖြစ်ပြီး နယ်စပ်ဂိတ်အရောက်တွင် လူဝင်မှုကြီးကြပ်ရေး၏ လုပ်ငန်းစဉ်များကိုပင် မစောင့်နိုင်ပဲ အိမ်ပြန်နိုင်ရေးကိုသာ စိတ်စောနေကြကြောင်း ဖော်ပြထားသည်။
ကုန်ပစ္စည်းတင်ဆောင်သောကားမျာသာ မြန်မာနိုင်ငံဘက်ကို မောင်းသူတစ်ဦးကိုသာ လုံခြုံရေးစစ်ဆေးမှုများ အထပ်ထပ်ပြုလုပ်ကာ ဖြတ်သန်းခွင့်ရှိပြီး လူများဖြတ်သန်းသွားလာခွင့်ကို ယနေ့မှစတင်၍ ပိတ်လိုက်ကြောင်း လူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူများက ပြောဆိုသဖြင့် တောင်းပန်ငိုယိုသူများနဲ့ ဆူညံသွားခဲ့ပါတယ်။ လူတွေဟာ နယ်စပ်ဂိတ်တဲခါးဝကနေ လမ်းမများပေါ်မှာတောင် ပြည့်လျှံနေခဲ့ပါတယ်။
မဲဆောက်ဒေသမှ သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ တာဝန်ရှိသူများ၊ ရဲများနဲ့ စစ်အင်အား ၁၀၀ ကျော်လောက်က အခေုအနေကို ထိန်းသိမ်းစောင့်ကြပ်ပေးခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ ကြုံတွေ့နေရသော အခြေအနေအရ နယ်စပ်ဂိတ်ကို နောက်ထပ် ရက်တိုး ဖွင့်လှစ်ပေးဖို့ ဆုံးဖြတ်ခဲ့ကြောင်း MGR Online တွင် ဖော်ပြထားသည်။