BEC-TERO TV

ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး အိမ်နီးချင်းနိုင်ငံများသို့ ဂျက်မား ဆေးပစ္စည်းများလှူဒါန်း

20 Mar 2020     1,517 Views


သူဌေးကြီး ဂျက်မား တည်ထောင်သည့် တရုတ်နိုင်ငံရဲ့ ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် ‘အလီဘာဘာအုပ်စု’ က ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် လိုအပ်သော ဆေးဝါးအထောက်အပံ့များကို ဗိုင်းရပ်စ်ပြန့်နှံ့မှုဒဏ်ခံနေကြရသည့် အိမ်နီးချင်းနိုင်ငံများသို့ လှူဒါန်းရန် ရည်ရွယ်နေကြောင်း သိရသည်။

ဂျက်မား၏ ဖောင်ဒေးရှင်းအနေနဲ့ တရုတ်အစိုးရက ကူညီရန်လက်လှမ်းမမီဖြစ်နေသော အရှေ့တောင်အာရှ ၄ နိုင်ငံဖြစ်သည့် မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံတို့အား ဆေးဝါးအထောက်အပံ့ပစ္စည်းများ လှူဒါန်းရန် ကမ်းလှမ်းထားသည်။

“ကျွန်တော်တို့ အလီဘာဘာဖောင်ဒေးရှင်းအနေနဲ့ နှာခေါင်းစည်း ၂ သန်း၊ ဆေးစစ်သည့်ပစ္စည်း အစုံ ၁၅၀,၀၀၀၊ အကာအကွယ်ဝတ်စုံ ၂၀,၀၀၀ နဲ့ မျက်နှာအကာအကွယ် ၂၀,၀၀၀ တို့ကို မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနဲ့ ဖိလစ်ပိုင်တို့ကို ပေးပို့သွားမှာဖြစ်ပါတယ်”

“အခြား အာရှတိုင်းပြည်တွေကို ကူညီနိုင်ဖို့လည်း လုပ်ဆောင်နေပါတယ်” ဟု ဂျက်မားရဲ့ ဖောင်ဒေးရှင်းက ပြောကြားလိုက်ပါတယ်။

ဖောင်ဒေးရှင်း၏ ရည်ရွယ်ချက်မှာ ကိုရိုနာဗိုင်းရပ်စ် Covid-19 ကို နိုင်ငံအတွင်းမှာ တိုက်ဖျက်မှာဖြစ်သလို အိမ်နီးချင်းနိုင်ငံတွေအတွက်လည်း ကူညီနိုင်အောင် လုပ်ဆောင်နေကြောင်း သိရှိရသည်။


20 Mar 2020     1,517 Views




RELATED

Most Popular of International News

Most Popular of NEWS