BEC-TERO TV

တိတ်တိတ်ပုန်းခြေရှုပ်နေသူ ခင်ပွန်းအား မယားကြီးမှ ဓါးနဲ့ထိုးသတ်

20 Mar 2020     1,688 Views


မတ်လ ၁၉ ရက် ကြာသပတေးနေ့က ဖာကန့်မြို့ လုံးခင်းရပ်ကွပ်တွင် ဇနီးမယားဖြစ်သူက အငယ်အနှောင်းယူထားသော ခင်ပွန်းဖြစ်သူကို ဓါးဖြင့်ထိုးသတ်ခဲ့မှု ဖြစ်ပွားခဲ့သည်။
 
 
ဖြစ်စဉ်မှာ သီဟစိုး (၂၉)နှစ် က လုံးခင်း (၅) ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် အငယ်အနှောင်းဖြစ်သည့် မယမင်းကို နဲ့အတူ ငှားရမ်းနေထိုင်ကာ တရားမဝင် ပေါင်းသင်းနေထိုင်ခဲ့ကြသည်။ ယင်းအဖြစ်ပျက်ကို မယားကြီးဖြစ်သူ မငြိမ်းငြိမ်းအိ (၃၄)နှစ် က သိရှိသွားပြီး ယင်းနေအိမ်သို့ လိုက်လာကာ သီဟစိုးအား တစ်လင်တစ်မယား ဥပဒေဖြင့် တိုင်ကြားမည်ဖြစ်ကြောင်း၊ ထောင် (၇)နှစ် ကျနိုင်ကြောင်း ပြောဆိုခဲ့ရာ သီဟစိုး မှ ဒီအတိုင်းတော့ ထောင်ကျမခံနိုင်ဘူး နင့်ကိုသတ်ပြီးမှ ထောင်ကျခံမယ် ဟု ဆိုကာ အနီးတွင်ရှိသော မီးဖိုဆောင်သုံး စတီးဓါးဖြင့် မငြိမ်းငြိမ်းအိ အား ထိုးမည်ပြုစဉ် မငြိမ်းငြိမ်းအိ မှ စတီးဓါးအား လုယူကာ  ခင်ပွန်းဖြစ်သူ သီဟစိုး ၏ နံကြားသို့ ၃၊ ၄ ချက်ခန့် ဆင့်ထိုးလိုက်ရာ နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
 
 
 
အခင်းဖြစ်ပွားရာနေရာသို့ လုံးခင်းရဲစခန်းမှူး၊ နယ်ထိန်းခေါင်းဆောင်များနဲ့ ရပ်ကွပ် ရာအိမ်မှူး ဆယ်အိမ်မှူးများနဲ့ သွားရောက်စစ်ဆေးခဲ့ရာ သီဟစိုး (၂၉)နှစ် ရွှေဘိုမြို့နယ် မြင်းစီးကျေးရွာမှ ဖြစ်ပြီး ဝဲဘက်ရင်အုံ ထိုးသွင်းဒဏ်ရာ (၁)ချက်၊ ဝဲဘက်နံကြား ထိုးသွင်းဒဏ်ရာ (၃) ချက်ဖြင့် သေဆုံးနေကြောင်း တွေ့ရှိခဲ့ရသည်။
 
 
 
 
ဓါးဖြင့် ထိုးသတ်ခဲ့သူ မငြိမ်းငြိမ်းအိ (၃၄)နှစ် ရွှေဘိုမြို့နယ် မြင်းစီးကျေးရွာနေသူအား လုံးခင်းနယ်မြေရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
 
 
သတင်း - နိုင်မိုး(လုံးခင်း)

20 Mar 2020     1,688 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS