BEC-TERO TV

Covid-19 ဟာ အင်ဒိုနီးရှားမှ တရုတ်ကို ပြန်လည်တင်ပို့ကြောင်း သတင်းထုတ်ပြန်

19 Mar 2020     1,549 Views


ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲ့ရာ တရုတ်နိုင်ငံ ဝူဟန်မြို့နှင့် အနီးတဝိုက်ဒေသများတွင် ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ပြီဟု ကြေညာထားသော်လည်း နိုင်ငံရပ်ခြားကနေ ပြန်လည်ဝင်ရောက်လာသည့် ဗိုင်းရပ်စ်ကြောင့် တရုတ်ပြည်မကြီးတွင် ပြန့်နှံ့မှုများ တိုးတက်များပြားလာနေဆဲဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ကို တရုတ်နိုင်ငံသို့ ပြန်လည်တင်ပို့သော ပထမဦးဆုံးနိုင်ငံဖြစ်ကြောင်း တရုတ်တို့က သတင်းထုတ်ပြန်လိုက်သည်။

ရှန်းဇီစီရင်စုမှ အသက် ၃၅ နှစ်အရွယ် တရုတ်နိုင်ငံသား ‘ကျန်း’ ဆိုသော အမျိုးသားဟာ လွန်ခဲ့သည့် တစ်ပတ်ခန့်က ဗိုင်းရပ်စ်၏ လက္ခဏာများ ခံစားလာရသဖြင့် ကုသမှုများ ခံယူနေရကြောင်း ရှန်းဇီ ကျန်းမားရေးကော်မရှင်က အင်္ဂါနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

‘ကျန်း’ ဟာ အင်ဒိုနီးရှားနိုင်ငံကနေ ပြန်ရောက်လာခဲ့ပြီးနောက် အဆိုပါပြည်နယ်မှာ ပထမဦးဆုံး ဗိုင်းရပ်စ်ပိုးကို ပြန်လည်သယ်ဆောင် တင်ပို့သူအဖြစ် စစ်ဆေးတွေ့ရှိခဲ့ရသည်။ သူဟာ မတ်လ ၁၀ ရက်နေ့ အင်ဒိုနီးရှားမှာ နေထိုင်စဉ်ကတည်းက ချောင်းဆိုးခြင်းနှင့် အပြင်းဖျားခြင်းတို့ကို ခံစားခဲ့ရသူဖြစ်သည်။

သို့သော်လည်း အင်ဒိုနီးရှားနိုင်ငံ၏ မည်သည့်ဒေသ၊ မည်သည့်နေရာ ဖြစ်သည်ဆိုတာကိုတော့ ရှင်းလင်းစွာ ဖော်ပြထားခြင်းမရှိပါ။

သတင်းများအရ ‘ကျန်း’ ဟာ Dragon Air လေကြောင်းလိုင်း KA896 နဲ့ အင်ဒိုနီးရှားကနေ ရှန်ဟိုင်းမြို့ကို ဟောင်ကောင်ကနေတစ်ဆင့် မတ်လ ၁၃ ရက်နေ့တွင် ရောက်ရှိကာ ရှန်ဟိုင်းမြို့ရှိ Vienna International Hotel တွင် တစ်ညတာ တည်းခိုခဲ့သည်။

နောက်တစ်နေ့တွင် ရှန်ဟိုင်းမြို့ ပုဒေါင်းလေဆိပ်သို့ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် ကားဖြင့်သွားခဲ့ပြီး ညနေ ၅ နာရီထွက်ခွာမည့် China Eastern လေကြောင်းလိုင်း MU2162 ကို စီးနင်းကာ ရှန်းဇီမြို့ Xianyang International Airport ကို ည ၇ နာရီ ၄၅ မိနစ်အချိန်တွင် ဆိုက်ရောက်ခဲ့ခြင်းဖြစ်သည်။

‘ကျန်း’ ဟာ လေဆိပ်ဝန်ထမ်းများကို နေမကောင်းကြောင်း သတင်းပို့သဖြင့် အပူချိန်တိုင်းတာခဲ့ရာ ကိုယ်ပူချိန်မြင့်မားလွန်းသဖြင့် ဗဟိုဆေးရုံကြီးသို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြသည်။

တနင်္ဂနွေနေ့ နံနက်ပိုင်း ဆရာဝန်များက နှစ်ကြိမ် ဆေးစစ်စမ်းသပ်ခဲ့ရာ ဒုတိယအကြိမ်တွင် ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိရသဖြင့် အခြားဆေးရုံတစ်ရုံသို့ အရေးပေါ်ပြောင်းရွေ့ကာ သီးသန့်ခန်းတွင် ထားရှိပြီး ကုသမှုပြုလုပ်ခဲ့ကြသည်။

အဏာပိုင်တွေက နိုင်ငံအဝှမ်း ‘ကျန်း’ နဲ့ အနီးကပ် ထိတွေ့ခဲ့သူများအား ဆေးစစ်ချက်များ လုပ်ဆောင်ခဲ့ကြသည်။ ရှန်ကျန်းပြည်နယ်ထဲမှာတင် အသစ်ကူးစက်ခံထားရသူ ၈၀ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ၎င်းတို့ထဲမှ ၇၉ ဦးဟာ ‘ကျန်း’ နဲ့ တိုက်ရိုက် ထိတွေ့ခဲ့ဖူးသူများဖြစ်နေတာကို တွေ့ရှိရသည်။

တရုတ်နိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ် Djauhari Oratmangun က တရုတ်အစိုးရကို ဆက်သွယ်မှုများ ပြုလုပ်ပြီး အင်ဒိုနီးရှားနိုင်ငံထဲမှာ ‘ကျန်း’ သွာလာခဲ့သည့်နေရာများအား စုံစမ်းပြီးနောက် သတင်းပေးပို့သွားမည်ဖြစ်ကြောင်း ဂျကာတာပိုစ့် သတင်းတွင် ဖော်ပြပါရှိသည်။


19 Mar 2020     1,549 Views




RELATED

Most Popular of International News

Most Popular of NEWS