BEC-TERO TV

သမ္မတနဲ့ ဝန်ကြီးချုပ်များရဲ့ ဆေးစစ်ချက်ကို ထုတ်ဖော်ပြောမည်မဟုတ်ဟု ကြေညာ

19 Mar 2020     1,489 Views


အင်ဒိုနီးရှားနိုင်ငံ၏ ပို့ဆောင်ရေးဝန်ကြီးချုပ် ‘ဘူဒီကာရာ ဆူမာဒီ’ တွင် ကိုရိုနာဗိုင်းရပ်စ် Covid-19 ကူးစက်ခံရကြောင်း စစ်ဆေးသိရှိရပြီးနောက် သမ္မတ ‘ဂျိုကိုဝီဒိုဒို’ နှင့် အစိုးရအဖွဲ့ဝန်ကြီးများအား ကိုရိုနာဗိုင်းရပ်စ် Covid-19 စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌါနက အင်္ဂါနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ သို့သော် စစ်ဆေးတွေ့ရှိမှု ရလာဒ်များအား အများပြည်သူများကို ထုတ်ပြန်ကြေညာမည် မဟုတ်ဟု ကျန်မာရေးဝန်ကြီးက ပြောကြားလိုက်သည်။

“ကျွန်တော်တို့အနေနဲ့ ဆေးစစ်ချက်အဖြေတွေကို ကြေညာသွားမှာ မဟုတ်ပါဘူး ဘာဖြစ်လို့လည်းဆိုတော့ ဒါဟာအထွေထွေ ဆေးစစ်ချက်တွေ ဖြစ်နေလို့ပါ” ဟု ရောဂါကာကွယ်ထိန်းချုပ်ရေးဝန်ကြီးဌါနမှ ဒါရိုက်တာ အက်ခ်မတ်ယူရီယန်တို ကို ပြောကြားခဲ့ပြီး အားလုံးအခေုအနေကောင်ကြပါတယ်ဟု ပြောကြားခဲ့ပါတယ်။

တနင်္လာနေ့က သမ္မတဂျိုကိုဝီဒိုဒို ၏ သီးခြားပြောကြားချက်အရ  သူအပါအဝင် အစိုးရအဖွဲ့ဝင်များအားလုံး စောစောပိုင်းကတည်းက ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုများ ခံယူခဲ့ကြတယ်လို့ ပြောဆိုခဲ့ပေမယ့် အဖြေကို ဖွင့်ပြောဖို့ကိုတော့ ငြင်းဆိုပြီး ကျန်းမာရေးဝန်ကြီးကိုပဲ မေးပါလို့ ဖြေကြားခဲ့ပါတယ်။

မတ်လ ၁၄ ရက်နေ့က နိုင်ငံတော်၏ အတွင်းရေးမှူး ပါတစ်ခ်နို က ပို့ဆောင်ရေးဝန်ကြီးချုပ် ‘ဘူဒီကာရာ ဆူမာဒီ’ တွင် ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိကြောင်း တရားဝင်ကြေညာခဲ့ပြီး ဒါဟာ အင်ဒိုနီးရှားနိုင်ငံမှာ ၇၆ မှုမြောက်လည်း ဖြစ်ပါတယ်။ ‘ဘူဒီ’ ဟာ မတ်လ ၁၁ ရက်နေ့က သမ္မတ ‘ဂျိုကိုဝီ’ ဦးဆောင်တဲ့ အစိုးရအဖွဲ့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့သူလည်းဖြစ်ပါတယ်။

အဆိုပါ အစည်းအဝေးပွဲမှာ သမ္မတနဲ့အတူ အခြားသောဝန်ကြီးဌါနများမှ ဝန်ကြီးများအားလုံးလည်း တက်ရောက်ခဲ့ခြင်းဖြစ်လို့ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုများ ခံယူခဲ့ကြသော်လည်း ဆေးစစ်ချက်အဖြေများအား ပြည်သူလူထုကို အသိပေးပြောကြားသွားမည် မဟုတ်ကြောင်း သတင်းရရှိသည်။


19 Mar 2020     1,489 Views




RELATED

Most Popular of International News

Most Popular of NEWS