ကိုရိုနာဗိုင်းရပ်စ်မရှိဟု ကြေညာထားပြီး ဆေးရုံသစ်တစ်ရုံ အရေးပေါ် တည်ဆောက်နေ
19 Mar 2020 1,463 Views
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျွန်အန် က သူ့နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရမှုမရှိဘူးဟု ကြေညာထားသော်လည်း ဆေးရုံသစ်ကြီးတစ်ရုံကို သူကိုယ်တိုင်ဦးဆောင်ပြီး အရေးပေါ် တည်ဆောက်နေကြောင်း သိရသည်။
သတင်းများအရ မြောက်ကိုရီးယား စစ်သည်များတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု အခြေအနေ ဆိုးရွားလာသဖြင့် ဆေးရုံကြီးတစ်ရုံ အရေးပေါ်တည်ဆောက်နေရကြောင်း သိရသည်။ လျှို့ဝှက်ချက်ပေါင်းများစွာနဲ့ မြောက်ကိုရီးယားနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံတို့မှာ ကိုရိုနာဗိုင်းရပ်စ်အမှုပေါင်း ထောင်းသောင်းချီနေချိန်တွင် သူ့နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်မရှိသေးဘူးဆိုသည့် ဂုဏ်ပုဒ်ကို ထိန်းထားချင်ဟန်တူသည်။ သို့သော်လည်း ကင်မ်ဂျွန်အန် ကိုယ်တိုင်က ပြုံယမ်းတွင် ဆေးရုံသစ်ကြီးတစ်ရုံ အမြန်ဆုံးတည်ဆောက်ရန် ညွှန်ကြားလိုက်ပြီဖြစ်သည်။
ယခုလို ဆေးရုံသစ်ကြီးတည်ဆောက်မှုဟာ လက်ရှိအာဏာရပါတီရဲ့ ၇၅ နှစ်မြောက် အောင်ပွဲအထိမ်းအမှတ်ဖြစ်ကြောင်း နိုင်ငံတွင်းမှာ ဝါဒဖြန့်ထားသည်။ အမှန်မှာ ပါတီ၏ ၇၅ နှစ်ပြည့်က လွန်ခဲ့သည့် လအနည်းငယ်ခန့်ကတည်းက ကျော်လွန်သွားခဲ့ပြီးဖြစ်သည်။ မည်သို့ပင်ဖြစ်စေကာမူ ဆေးရုံတည်ဆောက်မှုဟာ ပြည်သူတွေရဲ့ ကျန်းမားရေးစောင့်ရှောက်မှုအတွက် လုပ်ဆောင်နေခြင်းသာဖြစ်ကြောင်း ခုခံပြောဆိုလျှက်ရှိသည်။
ကင်မ်ဂျွန်အန် က သူ၏မိန့်ခွန်းထဲတွင် ကူးစက်ရောဂါအကြောင်း ဘယ်သောအခါမျှ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိသော်လည်း တိုင်းပြည်အနေနဲ့ ပြည်တွင်းကရော ပြည်ပကပါ ဖြစ်ပေါ်လာမယ့် အကြမ်းတမ်းဆုံးအခြေအနေကို ရင်ဆိုင်ရဖို့ရှိတယ်လို့ ဝန်ခံခဲ့ကြောင်း ပြောကြားခဲ့တဲ့ မိန့်ခွန်းများကို ဘာသာပြန်ပြီး သိရှိရပါတယ်။
သူ့ပြောကြားခဲ့တဲ့ စကားတွေထဲမှာ ပြည်သူတွေရဲ့ ကျန်းမာရေးအတွက် အရေးပေါ်ဆောင်ရွက်ရမှာဖြစ်ပြီး အခြေအနေဆိုးတွေ အခက်အခဲတွေရင်ဆိုင်ကြရမှာကိုလည်း ထည့်သွင်းစဉ်းစားထားဖို့လိုကြောင်း သတိပေးပြောကြားခဲ့ပါတယ်။
ဆေးရုံသစ်ကြီးကို ပြုံယမ်းရှိ တဲဒေါင်းမြစ်အနီးရှိ အလုပ်သမားပါတီ၏ အထိမ်းအမှတ် ကျောက်တိုင်ကြီး ကပ်လျှက်တွင် တည်ဆောက်လျှက်ရှိကြောင်း သိရသည်။