BEC-TERO TV

ပထမဦးဆုံး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတဲ့ ခွေးလေး သေဆုံး

18 Mar 2020     1,502 Views


ကမ္ဘာပေါ်မှာ ပထမဦးဆုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသော ဟောင်ကောင်က ခွေးလေး ရောဂါထိန်းချုပ်ရေးစခန်းမှ ပြန်လွှတ်ပေးခဲ့ပြီးနောက် တနင်္လာနေ့က သေဆုံးသွားခဲ့ကြောင်း ဟောင်ကောင် တိရိစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးအာဏာပိုင်မှ အတည်ပြုပြောကြားလိုက်သည်။

သက်တမ်း ၁၇ နှစ်ရှိပြီဖြစ်တဲ့ အိမ်မွေးခွေးလေးရဲ့ သခင်များဟာ ကိုရိုနာဗိုင်းရပ်စ်ကူးက်ခံထားရ လူနာများဖြစ်ပြီး ယခုအခါ ပြန်လည်ကျန်းမာလာပြီဖြစ်ကြောင်း သိရသည်။ ခွေးလေးတွင် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိပြီးနောက် အာဏာပိုင်များက အစိုးရ၏ ရောဂါထိန်းချုပ်ရေးစခန်းတွင် ဖေဖော်ဝါရီ ၂၆ ရက်နေ့က ထိန်းသိမ်းထားခဲ့ခြင်းဖြစ်သည်။ ထို့နောက် မတ်လ ၁၄ ရက်နေ့က ပြန်လွှတ်ပေးခဲ့ပြီး မတ်လ ၁၆ ရက်နေ့ တနင်္လာနေ့မှာ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ ခွေးလေး၏ ရုပ်အလောင်းအား ရင်ခွဲစစ်ဆေးတာတွေ မပြုလုပ်ရန် ခွေးပိုင်ရှင်များက မေတ္တာရပ်ခံထားကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ခွေးလေးအား ရောဂါထိန်းချုပ်ခန်းတွင် သီးသန့်ထားစဉ်က အကြိမ်ကြိမ် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး နှာခေါင်းနဲ့ ခံတွင်း တို့ပတ် နမူနာများကို ၅ ကြိမ် စစ်ဆေးခဲ့ပြီး ဗိုင်းရပ်စ် တစ်ဖြည်းဖြည်း အားနည်းလာတာကိုတွေ့ရှိခဲ့ရပါတယ်။ မတ်လ ၁၂ ရက်နဲ့ ၁၃ ရက်နေ့ စမ်းသပ်ချက်များအရ ဗိုင်းရပ်စ်မရှိတော့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် အိမ်ပြန်လွှတ်ပေးခဲ့သည်။

ခွေးပိုင်ရှင် အသက် ၆၀ အရွယ် အမျိုးသမီးကြီးမှာ ဖေဖော်ဝါရီ ၂၅ ရက်နေ့က ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆေးရုံတင်ခဲ့ရပြီး သက်သာလာသည့်အတွက် မတ်လ ၈ ရက်နေ့မှာ ဆေးရုံကနေ ပြန်ဆင်းလာခဲ့ပါတယ်။ အမျိုးသမီးကြီးနဲ့ အနီးကပ်ထိတွေ့သူ အချို့မှာလည်း ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိကြောင်း အတည်ပြုထားပါတယ်။

လက်ရှိမှာတော့ အခြားအိမ်မွေးတိရိစ္ဆာန်များဖြစ်သည့် ခွေး ၃ ကောင်၊ ကြောင် ၁ ကောင် တို့ကို ဟောင်ကောင်−ကျူဟိုင်−မကာအို တံတားအနီးရှိ ဆိပ်ကမ်းမှာ ဖွင့်လှစ်ထားသော ရောဂါထိန်းချုပ်ရေးစင်တာတွင် စောင့်ကြည့်စစ်ဆေးလျှက်ရှိကြောင်း သိရသည်။


18 Mar 2020     1,502 Views




RELATED

Most Popular of International News

Most Popular of NEWS