BEC-TERO TV

ကိုယ်ဝန်ဆောင်မိခင်များ ကိုရိုနာဗိုင်းရပ်စ်ကူးနိုင်စက်မှု ထိပ်တန်းစာရင်းဝင်လာ

17 Mar 2020     2,046 Views


ကိုယ်ဝန်ဆောင် မိခင်လောင်းများအား ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု အန္တရာယ် ပိုမိုမြင့်မားနေသဖြင့် နောက်ထပ် ၃ လကြာ အိမ်ထဲကနေ အိမ်ပြင်သို့ မထွက်ကြရန် ယူကေဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆန် က ကြေညာချက်ထုတ်ပြန်လိုက်သည်။

မတ်လ ၁၆ ရက်နေ့ မွန်းလွဲပိုင်းက ထုတ်ပြန်လိုက်သော ဝန်ကြီးချုပ်၏ ကြေညာချက်တွင် ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက် ၇၀ ကျော် သက်ကြီးရွယ်အိုများတွင် ဗိုင်းရပ်စ်ကူးစက်ခံရမှု အန္တရာယ်ပိုမိုမြင့်မားသဖြင့် ၃ လကြာ နေအိမ်ကနေ အပြင်သို့ မထွက်ကြရန် နှိုးဆော်ထားသည်။

ယခုကဲ့သို့ ကြေညာချက်ထုတ်ပြန်ရခြင်းမှာ ကြိုတင်ကာကွယ်တားဆီးသည့်အနေဖြင့် လုပ်ဆောင်ရခြင်းသာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် Covid-19 ဟာ ကိုယ်ဝန်ဆောင်မိခင်တွေကို သိသိသာသာပြန့်နှံ့နိုင်တယ်ဆိုတဲ့ အချက်ကိုတော့ ပြောဖို့စောနေသေးကြောင်း အစိုးရက ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့်လည်း ယေဘုယျအားဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ သာမန်အမျိုးသမီးတွေထက် ဗိုင်းရပ်စ်ပိုးကူးစက်ခံရနိုင်ချေ မြင့်မားနေပါတယ်။ လက်ရှိ ယူကေနိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်နိုင်မှု စာရင်းမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေက သက်ကြီးရွယ်အိုတွေကို ‌ေကျော်ပြီး ထိပ်တန်းစားရင်း သွင်းခြင်းခံထားရပါတယ်။

အင်္ဂလန်နိုင်ငံ ဆရာဝန်များရဲ့ ဦးဆောင်သူက ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ကလေးဆီကိုများ ကူးစက်သွားမလားလို့ စိုးရိမ်စရာမလိုဘူးဟု ယခင်က ပြောကြားထားခဲ့ဖူးပါတယ်။ လက်ရှိမှာတော့ ကိုရိုနာဗိုင်းရပ်စ်ဟာ မိခင်ဗိုက်ထဲကနေ သို့မဟုတ် နို့တိုက်ရာကနေ ကလေးဆီကို ကူးစက်သွားတယ်ဆိုတာကို သက်သေပြနိုင်ခြင်း မရှိသေးပါဘူး။

ကိုယ်ဝန်ဆောင် မိခင်တွေကို ၁၂ ပတ်ကြာအိမ်ထဲကနေ အိမ်ပြင်မထွက်ကြဖို့ လုံခြုံရေးအရ ညွှန်ကြားချက်အပေါ် မေးခွန်းထုတ်တဲ့သူတွေလည်း ရှိနေပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ နှစ်ပတ်တစ်ကြိမ် ဆေးရုံမှာ သွားရောက်စစ်ဆေးပြသဖို့ အရေးကိစ္စတွေကို ဘယ်လိုဖြေရှင်းရမလဲ လို့ မေးခွန်းထုတ်ထားသူရှိသလို၊ လက်ရှိမှာ စာသင်ကျောင်းတွေ မပိတ်သေးပါဘူး အကယ်၍ ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်က ကျောင်းဆရာမဖြစ်နေရင်ရော ဘယ်လိုလုပ်မလဲ စသည်ဖြင့် အစိုးရရဲ့ ကြောညာချက်နဲ့ပက်သက်ပြီး အားနည်းချက်တွေကို ထောက်ပြဝေဖန်မှုများ ထွက်ပေါ်နေသည်။


17 Mar 2020     2,046 Views




RELATED

Most Popular of International News

Most Popular of NEWS