BEC-TERO TV

သုဝဏ္ဏဘူမိလေဆိပ် လူဝင်မှုကြီးကြပ်ရေးအရာရှိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရ

11 Mar 2020     1,787 Views


ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်မှ လူဝင်မှုကြီးကြပ်ရေး အရာရှိတစ်ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရထားကြောင်း ဒုတိယ ဘန်ကောက် အမြဲတမ်းအတွင်းဝန် ဒေါက်တာ ပီချရာနာ့ဝချရာ က မတ်လ ၁၁ ရက် (ဗုဒ္ဓဟူးနေ့)မှာ အတည်ပြု ပြောကြားလိုက်ပါတယ်။

“ဗိုင်းရပ်စ်ပိုးက သူစစ်ဆေးရေးဂိတ်မှာ အလုပ်လုပ်နေတုန်း ကူးစက်ခံရတာလား၊ ဒါမှမဟုတ် အပြင်ကနေပဲ ကူးစက်ခံရတာလားဆိုတာကို လူဝင်မှုကြီးကြပ်ရေးဗျူရိုက စုံစမ်းစစ်ဆေးနေဆဲပါ” ဟု ဆိုပါတယ်။

ကနဦးသတင်းများအရ အရာရှိဟာ ကိုယ်ပူရှိန်မြင့်တက်လာပြီးနောက် လက်ခရာဘန်း ဆေးရုံမှာ ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ကြည့်တဲ့အခါကျမှ Covid-19 ကူးစက်ခံထားရတာကို သိလိုက်ရတယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ စစ်ဆေးရေးဂိတ်မှာ အမှုထမ်းတဲ့ တာဝန်ကျသူတွေကို ဆေးရုံမှာရှိတဲ့ ရောဂါထိန်းချုပ်ခန်းမှာ စောင့်ကြည့်နေပါတယ်။ ဆေးရုံမှာ Covid-19 ကို ကာကွယ်နိုင်တဲ့ ကရိယာပစ္စည်း အစုံရှိသလို ကျန်းမာရေးဝန်ထမ်းတွေကလည်း ဗိုင်းရပ်စ်ပိုး မကူးစက် မပြန့်ပွားအောင် လေ့ကျင့်ကာကွယ်ထားပြီးသား ကျွမ်းကျင်ဝန်ထမ်းများဖြစ်ကြောင်း သိရသည်။


11 Mar 2020     1,787 Views




RELATED

Most Popular of International News

Most Popular of NEWS