တရုတ်မှာ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်နိုင်ပြီဆိုတာ ဟန်ဆောင်နေတာဖြစ်ကြောင်းစွပ်စွဲ
11 Mar 2020 1,523 Views
တရုတ်နိုင်ငံ ဝူဟန်မြို့မှာ အစပြုခဲ့ပြီး ကမ္ဘာ့နိုင်ငံအတော်များများဆီကို ပြန့်နှံ့ကူးစက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို တရုတ်နိုင်ငံမှာ ထိန်းချုပ်နိုင်ပြီ၊ အခြေအနေကောင်းလာပြီဟု ထင်မှတ်စေရန် နိုင်ငံတွင်းက စက်ရုံတွေနဲ့ ကုမ္ပဏီတွေကိုပါ လည်ပတ်နေဟန်ဆောင်ထားတာဖြစ်ကြောင်း စွပ်စွဲမှုတွေ ရှိနေပါတယ်။
စက်ရုံတွေထဲမှာ လူမရှိပဲ စက်တွေကို လည်ပတ်အောင် ဖွင့်ခိုင်းထားသလို၊ ကုမ္ပဏီတွေမှာလည်း လျှပ်စစ်မီးတွေ လင်းပြီး ပုံမှန်အတိုင်း အလုပ်ပြန်လုပ်နေကြသလို ဟတ်ဆောင်ထားတယ်လို့ စွပ်စွဲချက်တွေမှာ ဖော်ပြထားပါတယ်။
Nikkei Asian Review သတင်းဌါန၏ ဖော်ပြချက်မှာ ကိုရိုနာဗိုင်းရပ်စ် သက်ရောက်မှု နည်းတဲ့ ဒေသတွေမှာရှိတဲ့ ကုမ္ပဏီတွေကို အစိုးရက ပြန်ဖွင့်ပြီး တင်းကြပ်တဲ့ လုပ်ငန်းစဉ်တွေ ချမှတ်ကာ သတ်မှတ်ချက်ကို ပြည့်မီအောင် အလုပ်လုပ်ကြဖို့ အတင်းအကြပ်တိုက်တွန်းတယ်လို့ ဆိုပါတယ်။ သိုပေမယ့်လည်း သတ်မှတ်ချက်တွေ မပြည့်မီပါက စာရင်းအင်းအတုတွေနဲ့ ပြည့်မီသယောင် ဖန်တီးလုပ်ကြံဖို့ကိုလည်း ဖိအားပေးထားတယ်လို့ စွပ်စွဲထားပါတယ်။
ဖိအားပေးခံထားရတဲ့ ကုမ္ပဏီတွေဟာ လျှပ်စစ်မီးတွေ၊ လေအေးပေးစက်တွေကို ရုံးမှာလူတစ်ယောက်မှ မရှိသော်လည်း တစ်နေကုန်ဖွင့်ထားဖို့၊ စက်တွေ လဘ်ပတ်ထားဖို့နဲ့ ဝန်ထမ်းတွေရဲ့ အလုပ်အချိန်ဇယားအတုတွေ ရေးဆွဲဖို့နဲ့ အလုပ်ချိန် အတက်အဆင်း ထောက်လှမ်းတဲ့ စက်တွေရဲ့ မှတ်တမ်းတွေကိုပါ အတုပြုလုပ်ထားဖို့ ညွှန်ကြားခံထားရပါတယ်။
ဒါမှသာလျှင် လျှပ်စစ်သုံးဆွဲမှု မှတ်တမ်းတွေ ပုံမှန်ပြန်ဖြစ်လာပြီး ဘေဂျင်းနဲ့ လူထုကို တင်ပြရာမှာ စီးပွားရေးတွေ ပုံမှန်ပြန်ဖြစ်လာတဲ သဘောဆောင်မယ်လို့ ဆိုပါတယ်။
ဥပမာအနေနဲ့ ဝမ်ကျိုးမှာရှိတဲ့ ကုမ္ပဏီတစ်ခုက လျှပ်စစ်ဓါတ်အားကို ယခင်ကိုရိုနာဗိုင်းရပ်စ် မဖြစ်ခင်အခြေအနေက သုံးသည်ထက် နှစ်ဆပိုစားရမယ်လို့ ညွှန်ကြားချက်ရောက်လာတဲ့အတွက် အဲဒီအခြေအနေကို ပြည့်မီစေရန် ရှိသမျှ လျှပ်စစ်နဲ့ပက်သက်တဲ့ ပစ္စည်းတွေကို တစ်နေကုန်ဖွင့်ထားရတယ်လို့ ဆိုပါတယ်။