BEC-TERO TV

လေယာဉ်မယ်ရဲ့ မျက်နှာကိုကပ်ပြီး တမင်ချောင်းဆိုးတဲ့ တရုတ်ခရီးသည်ကို ထိန်းသိမ်း

10 Mar 2020     1,891 Views


မတ်လ ၆ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကနေ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ကို ပျံသန်းခဲ့တဲ့ ထိုင်းလေကြောင်းလိုင်း Tbia Airways ပေါ်တွင် လိုက်ပါလာသော ခရီးသည် တရုတ်အမျိုးသမီးတစ်ဦးက လေယာဉ်မယ်၏ မျက်နှာနားကို ကပ်ကာ ရည်ရွယ်ချက်ရှိရှိ ချောင်းဆိုးလိုက်တာကြောင့် လေယာဉ်အမှုထမ်းများက သူမကို အတင်းချုပ်နှောင်ကာ ထိန်းသိမ်းခဲ့ကြရပါတယ်။

လေယာဉ်ဟာ ဘန်ကောက်မြို့ကနေ ထွက်ခွာလာပြီး ရှန်ဟိုင်းမြို့ ပုဒေါင်းလေဆိပ်ကို ဆင်းသက်ခဲ့ပြီးနောက် လေဆိပ်အတွင်း ကျန်းမာရေးစစ်ဆေးမှု တင်းကြပ်စွာ ပြုလုပ်နေသဖြင့် ခရီးသည်များ လေယာဉ်ပေါ်မှ ချက်ခြင်းဆင်းခွင့်မရပဲ ၁၀ နာရီနီပါး ပိတ်မိနေခဲ့ပါတယ်။ ထိုစဉ်မှာ စိတ်မရှည်တော့တဲ့ တရုတ်အမျိုးသမီးတစ်ယောက်က လေယာဉ်တံခါးကို ဖွင့်ပေးရန် တောင်းဆိုခဲ့ရာမှာ လေယာဉ်မယ်က ဆက်လက်စောင့်ဆိုင်းနေရန်သာ ပြောဆိုသဖြင့် ဒေါသတွေထွက်လာပြီး ခြေဟန်လက်ဟန်အမူအယာတွေ ပါလာပြီးနောက် လေယာဉ်မယ်ရဲ့ မျက်နှာနားကို ကပ်ကာ ချောင်းဆိုးလိုက်ပါတယ်။ သူမအနေနဲ့ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် လေယာဉ်တံခါးကို ဖွင့်ပေးမယ်လို့ မျှော်လင့်ခဲ့ပေမယ့် အခြားလေယာဉ်အမှုထမ်းများ ရောက်လာကာ သူမကို လက်နောက်ပြန်ချုပ်ပြီး ထိန်းသိမ်းခဲ့ပါတယ်။

ယခုဖြစ်စဉ် အမှန်တစ်ကယ်ဖြစ်ပွားခဲ့ကြောင်း ထိုင်းလေကြောင်းလုံခြုံရေးဌါနမှ အကြီးအကဲဖြစ်သူ ဖရာဖာတနာဆီရီ က အတည်ပြုပြောကြားခဲ့ပါတယ်။ နိုင်ငံတစ်ကာ ရောဂါထိန်းချုပ်ကာကွယ်ရေးအရ တာဝန်ရှိသူများ၏ ခွင့်ပြုချက်မရပဲ လေယာဉ်တံခါးကို ဖွင့်ခွင့်မရှိကြောင်း၊ အဲဒီအချိန်မှာ ၇ နာရီကြာ လေယာဉ်ပေါ်မှာ စောင့်ဆိုင်းနေရတဲ့ ခရီးသည် တရုတ်အမျိုးသမီးက စိတ်မရှည်တော့ပဲ အခုလို ဖြစ်ပွားခဲ့ကြောင်း၊ လေယာဉ်အမှုထမ်းများက သူမကို ထိမ်းသိမ်းခဲ့ပြီးနောက် သူမဒေါသများ ပြေလျော့သွားချိန်တွင် အခြေအနေကို ထပ်မံရှင်းပြကာ စောင့်ဆိုင်းရန်ညွှန်ကြားခဲ့ကြောင်း၊ သူမလည်း လက်ခံသဘောပေါက်သွားကြောင်း ပြောကြားခဲ့ပါတယ်။


10 Mar 2020     1,891 Views




RELATED

Most Popular of International News

Most Popular of NEWS