BEC-TERO TV

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရတဲ့ ကိုရီးယားဘုရားကျောင်း ကုသမှုခံယူရန် ငြင်းဆန်

10 Mar 2020     1,466 Views


တောင်ကိုရီးယားနိုင်ငံ ဘုရားရှိခိုးကျောင်း တစ်ကျောင်းမှ အဖွဲ့ဝင်များထံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစ်ခံထားရကြောင်း စစ်ဆေးတွေ့ရှိထားသော်လည်း သူတို့၏ ကျန်းမာရေးအခြေအနေများ ပုံမှန်ရှိနေသေးသည့်အတွက် ကုသမှုခံယူရန် ငြင်းဆန်နေကြောင်း သိရသည်။

တောင်ကိုရီးယား သတင်းရုပ်သံ YTN News ၏ သတင်းအရ ဒယ်ဂူမြို့ရှိ ရှင်ချန်းကြီး ခရစ်ယာန်ဘုရားကျောင်းမှ အဖွဲ့ဝင် ၁,၇၇၇ ဦးတွင် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိခဲ့သော်ငြားလည်း တာဝန်ရှိသူများနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ကုသမှုခံယူရန် ငြင်းဆန်နေကြောင်း သိရသည်။ ထို့အပြင် ကျန်ရှိနေသေးသောသူများမှလည်း စမ်းသပ်စစ်ဆေးမှုခံယူရန် ငြင်းဆန်နေကြပြီး လက်တလောမှာတော့ လူပေါင်း ၁,၇၀၀ ကျော်ကိုသာ စစ်ဆေးထားပြီးကြောင်း သိရသည်။

လီမန်ဟီး (ရှင်ချန်းကြီး ဘုရားကျောင်းတည်ထောင်သူ)

တောင်ကိုရီးယားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်အမှုပေါင်း ၇,၀၀၀ ကျော်ရှိနေပြီး ၆၀% သော ကူးစက်ခံရမှုတွေဟာ ရှင်ချန်းကြီးဘုရားကျောင်းနဲ့ ဆက်စပ်နေကြောင်းကို အသစ်ထပ်မံတွေ့ရှိထားခြင်းဖြစ်သည်။ ဘုရားကျောင်းရှိ အချို့သော သူများဟာ သိုသိပ်စွာနေထိုင်ခြင်း၊ ကျန်းမာရေးနှာခေါင်းစည်းများအား မဝတ်ဆင်ခြင်းနှင့် နီးကပ်စွာနေထိုင် ဝတ်ပြုခြင်းများကြောင့် ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကို အထောက်အကူပြုနေကြောင်း ဖော်ပြထားသည်။

ဘုရားကျောင်းမှ တာဝန်ရှိလူကြီးများအားလည်း သတင်းအချက်လက် ထိန်ချန်ထားမှု၊ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသော သူများနဲ့ အနီးကပ်နေထိုင်သူများကို ကျန်းမာရေးစစ်ဆေးရန် ပြုလုပ်မှုများကို တားဆီးဟန့်တန်းမှုများဖြင့် စွပ်စွဲခြင်းခံထားရသည်။

အဆိုပါ ဘုရားကျောင်းအဖွဲ့များထဲမှ ၅၁ ဦး သေးဆုံးခဲ့ပြီး အများစုမှာ အသက်အရွယ်ကြီးသူများ၊ ကျန်းမာရေးအခံမကောင်းသူများ ဖြစ်ကြောင်း သိရသည်။ ဘုရားကျောင်းမှ အကြီးအကဲအချို့အနေနဲ့ သူတို့၏ အပြုအမူများကြောင့် ကူးစက်ရောဂါ ကာကွဘ်ထိန်းချုပ်ရေး အက်ဥပဒေအရ လူသတ်မှုဖြင့် တရားစွဲဆိုကာ ရဲများ၏ စုံစမ်းစစ်ဆေးမှုများ ခံယူရနိုင်ဖွယ်ရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။

ဘုရားကျောင်းအနေနဲ့ တာဝန်ရှိသူများနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ခဲ့ပါက တစ်ယောက်မှ အသက်သေဆုံးမည်မဟုတ်ကြောင်း ဆိုးလ်မြို့တော်ဝန် ပါ့ခ်ဝန်ဆန်း က မှတ်ချက်ပေးခဲ့သည်။ လူသေဆုံးမှုများ ဖြစ်ပွားခဲ့ပြီးသည့်နောက်မှာတော့ ဘုရားကျောင်းမှ အကြီးအကဲများက တောင်းပန်ခဲ့ပြီး တာဝန်ရှိသူများနဲ့ အပြည့်အဝပူးပေါင်းမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


10 Mar 2020     1,466 Views




RELATED

Most Popular of International News

Most Popular of NEWS