BEC-TERO TV

ကိုရိုနာဗိုင်းရပ်စ် အနီရောင်အဆင့် အလွန်ဆိုးရွားမှုကြောင့် အီတလီ တစ်နိုင်ငံလုံးကို ပိတ်လိုက်ပြီ

10 Mar 2020     1,828 Views


အီတလီနိုင်ငံဟာ တရုတ်နိုင်ငံပြီးရင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အမြင့်ဆုံးနိုင်ငံ ဖြစ်လာတာကြောင့် အီတလီဝန်ကြီးချုပ် ဂူဆီပီကွန်တီ(Guiseppe Conte) က ညွှန်ကြားချက်ထုန်ပြန်ကာ အီတလီနိုင်ငံ တစ်နိုင်ငံလုံးကို အဝင်အထွက်လုံးဝ မရှိအောင် ပိတ်ထားလိုက်ပြီဖြစ်ပါတယ်။

CNN သတင်းအရ အီတလီနိုင်ငံ တစ်ခုလုံး အနီရောင်အဆင့်သတ်မှတ်ခံထားရပြီး နိုင်ငံတစ်ခုလုံးကို တနင်္ဂနွေနေ့ ပိတ်လိုက်ပါတယ်။  

အီတလီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုနှုန်းက လွန်စွာမှလျှင်မြန်နေပြီး ကူးစက်ခံထားရသူ ၉,၁၇၂ ဦိးရှိနေကာ လူသေဆုံးမှုက ၇၂၄ ဦးထိ မြင့်တက်လာကြောင်း သိရသည်။

အယ်လ်ဂျားဇီးယား သတင်းဌါန၏ ထုတ်ပြန်ချက်အရ မတ်လ ၉ ရက်နေ့အထိ သေဆုံးသူ ၄၆၃ ဦးရှိခဲ့ရာမှ ယနေ့ မတ်လ ၁၀ ရက်နေ့တွင် သေဆုံးသူ ၇၂၄ ဦးထိရှိလာပြီဖြစ်သဖြင့် ၂၄ နာရီအတွင်း သေဆုံးသူ ၁၃၃ ဦးထိ မြန်ဆန်နေကြောင်း သိရသည်။

တစ်နိုင်ငံလုံးကို ပိတ်လိုသည့်အတွက် အများပြည်သူသွားလာနေကြသည့် ရုပ်ရှင်ရုံများ၊ အားကစားခန်းမများ၊ ဒစ္စကိုကလပ်များ၊ အရက်ဘားများ၊ စားသောက်ဆိုင်များ အရှိသည့်နေရာများကိုပါ ပိတ်ထားရပြီး သာရေးနာရေး ပွဲလမ်းသဘင်အခမ်းအနားများကိုလည်း ပြုလုပ်ခွင့် ပိတ်ပင်ထားသည်။ စာသင်ကျောင်းများနှင့် တက္ကသိုလ်များကိုလည်း ဧပြီလ ၃ ရက်နေ့ထိ ပိတ်ထားဦးမည်ဖြစ်ကြောင်း The Guardian သတင်းတွင် ဖော်ပြထားသည်။


10 Mar 2020     1,828 Views




RELATED

Most Popular of International News

Most Popular of NEWS