တောင်ကိုရီးယားမှာ နှာခေါင်းစည်းဝယ်ဖို့ ညနက်သန်းခေါင်ထိ လူရာနဲ့ချီ တန်းစီ
06 Mar 2020 1,591 Views
တောင်ကိုရီးယားတွင် ကိုရိုနာဗိုင်းရပ်စ် ကူစက်ခံရမှုပေါင်း ၆,၀၀၀ ကျော်ထိ မြင့်တက်လာမှုနဲ့အတူ ပြည်သူတွေရဲ့ စိုးရိမ်စိတ်ကလည်း မြင့်တက်လာနေပါတယ်။ ကိုရီးယားနိုင်ငံရဲ့ ကူးစက်ရောဂါတိုက်ဖျက်ရေး ဗဟိုဌါနရဲ့ မတ်လ ၅ ရက်နေ့က ထုတ်ပြန်ကြေညာချက်အရ နိုင်ငံတွင်းမှာ ကူးစက်ခံထားရသူ ၆,၀၈၈ ဦးထိ မြင့်တက်လာပြီး လူ ၄၀ လောက် သေဆုံးနေပါတယ်။
ဒီသတင်းအရ ပြည်သူတွေဟာ အေးစိမ့်နေတဲ့ ရာသီဥတုအောက်မှာပဲ နှာခေါင်းစည်း ဝယ်ဖို့အတွက် စူပါမားကတ် ကုန်တိုက်ကြီးတွေမှာ ညနက်သန်းခေါင်းအထိ လူတန်းရှည်ကြီးနဲ့ တန်းစီနေကြတာကို တွေ့ရပါတယ်။ ဝန်ကြီးချုပ် ဒင်ရှီးဂျွန် က ပြည်ပသို့ နှာခေါင်းစည်းများတင်ပို့မှုကို ကန့်သတ်လိုက်ပြီး ပြည်တွင်းမှာပဲ ပြည်သူတွေအတွက် လုံလောက်အောင် ဖြန့်ဝေပေးဖို့ အစိုးရကိုတင်ပြခဲ့ပါတယ်။
လက်ရှိမှာတော့ အခြေအနေတွေဆိုးရွားနေပြီး လူတွေဟာ နှာခေါင်းစည်း ဝယ်နိုင်ဖို့အရေး ညလုံးပေါက် တန်းစီနေကြတာ ၄ ရက်လောက် ရှိပြီဖြစ်ပါတယ်။ ဂိုယမ်၊ ရီကျန်း နဲ့ ယောင်ဂျင်းမြို့မှာရှိတဲ့ စူပါမားကတ်တွေရဲ့ အပြင်ဘက်မှာ ရာနဲချီတဲ့လူတွေက နှာခေါင်းစည်း ဝယ်ဖို့အတွက် ညလုံးပေါက် တန်းစီနေတာကို မြင်တွေ့ရပါတယ်။
တစ်ခါမှာတော့ ရီရှန်းမြို့က စူပါမားကတ်တစ်ခုရဲ့ အပြင်ဘက် ရာသီဥတုက အနှုတ် ၅ ဒီဂရီအောက်မှာ လူပေါင်း ၇၀၀ လောက်ဟာ နှာခေါင်းစည်း ဗူးတစ်ဗူးအတွက် ၆ နာရီကြာ တန်းစီနေရတာကို တွေ့ရကြောင်း Sin Chaw သတင်းတွင် ဖော်ပြပါရှိတယ်။