BEC-TERO TV

စင်ကာပူမှ ပြန်လာသူတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း နယူးဇီလန် အတည်ပြု

04 Mar 2020     1,600 Views


စင်ကာပူနိုင်ငံမှ နယူးဇီလန် အုတ်ကလန်မြို့သို့ လေယာဉ်စီးနင်းလိုက်ပါလာသူ အမျိုးသမီးတစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း နယူးဇီလန်လေကြောင်းလိုင်းက မတ်လ ၄ ရက် (ယနေ့)တွင် သတင်းထုတ်ပြန် အတည်ပြုကြေညာလိုက်သည်။

ခရီးသည်အမျိုးသမီးဟာ လေကြောင်းအမှတ် NZ283 ဖြင့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က စင်ကာပူနိုင်ငံကနေ အုတ်ကလန်မြို့ ထိုမှတစ်ဆင့် ပါလ်မာစတန်မြို့ကို လေကြောင်းအမှတ် NZ5103 ဖြင့် မတ်လ ၂ ရက်နေ့မှာ ဆက်လက်ထွက်ခွာခဲ့သည်။ ထို့နောက် ထိုနေ့မှာပင် လေကြောင်းအမှတ် NZ8114 ဖြင့် အုတ်ကလန်မြို့သို့ ပြန်လည်စီးနင်းလိုက်ပါခဲ့ကြောင်း နယူးဇီလန်လေကြောင်းလိုင်းမှ ထုတ်ဖော်ပြောကြားသည်။

ကျွန်တော်တို့ နယူးဇီလန် ကျန်းမာရေးဝန်ကြီးဌါန၊ အစိုးရတို့နဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နေပါတယ်။ အဲဒီနေ့က ခရီးစဉ်တွေမှာ လိုက်ပါသွားခဲ့ကြတဲ့ ခရီးသည်တွေကိုလည်း ဆက်သွယ်ပြီး စောင့်ကြည့်စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်” ဟု လေကြောင်းလိုင်းမှ ပြောသည်။

နယူးဇီလန် သတင်းမီဒီယာ၏ ဖော်ပြချက်အရ အမျိုးသမီးဟာ အားလပ်ရက်ခရီးအဖြစ် နယူးဇီလန်ကနေ အီတလီနိုင်ငံနဲ့ စင်ကာပူနိုင်ငံတို့ကို သွားရောက်လည်ပတ်ခဲ့တာဖြစ်ပါတယ်။ သူမဟာ အိမ်ပြန်ရောက်ပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါလက္ခဏာတွေ ပေါ်လာတာကြောင့် အိမ်ထဲမှာ တစ်ကိုယ်တည်း သီးသန့်နေသလို သူမရဲ့ အဖော်ဖြစ်သူမှာလည်း အလားတူ လက္ခဏာတွေ ဖြစ်ပေါ်နေတာကြောင့် သူလည်း တစ်ကိုယ်တည်း သီးသန့်နေကြောင်း သတင်းမှာ ဖော်ပြထားသည်။

မတ်လ ၃ ရက်နေ့က စင်ကာပူအာဏာပိုင်းများက အီရန်၊ အီတလီနိုင်ငံ မြောက်ပိုင်း နှင့် တောင်ကိုရီးယားနိုင်ငံတို့ကို လေယာဉ်ပြောင်းစီးရန် ရောက်လာကြမည့် ခရီးသည်များကို ၁၄ ရပ်အတွင်း ဝင်ခွင့်မပြုရန် ထုတ်ပြန်ထားသည်။


04 Mar 2020     1,600 Views




RELATED

Most Popular of International News

Most Popular of NEWS