BEC-TERO TV

အသက် ၃၀ မိန်းကလေး ကြွေသွားအောင် ပိုးနိုင်ခဲ့တဲ့ အသက် ၁၀၃ နှစ် ဖိုးဖိုး (ရုပ်သံ)

03 Mar 2020     1,810 Views


“အချစ်မှာမျက်စိမရှိဘူး” ဆိုတဲ့ စကားကို သံသယရှိသူတွေအတွက် ဒီသတင်းက သက်သေပြချက် ဖြစ်ကောင်း ဖြစ်နိုင်ပါလိမ့်မယ်။ မေတ္တာစစ်နဲ့ ချစ်မိပြီဆိုရင်တော့ အသက်အရွယ်ဆိုတာ ကိန်းဂဏန်းတွေသက်သက်သာ ဖြစ်သွားပြီး လူနှစ်ဦးရဲ့ကြားမှာ အတားအဆီးတစ်ခု ဖြစ်မလာနိုင်တော့ပါဘူး။

“Old is Gold” လို့ တင်စားပြီး အသက်အရွယ်ကြီးသူတွေဟာ ပိုပြီးတန်ဖိုးရှိတယ်လို့ ယုံကြည်လက်ခံတဲ့ အမျိုးသမီးတွေထဲမှာ အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီတောင်ပိုင်းက အသက် ၃၀ နှစ်အရွယ် မိန်းကလေးလည်း တစ်ယောက် အပါအဝင်ဖြစ်ပါတယ်။

သူမထက် အသက် ၇၆ နှစ်ကြီးတဲ့ အဖိုးအဘေးအရွယ် အမျိုးသားကြီးနဲ့ လက်ထပ်တဲ့ ရုပ်သံဟာ အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့ရုံသာမက ဒေသတွင်း သတင်းမီဒီယာတွေကလည်း သတင်းတစ်ပုဒ်အနေနဲ့ ဖော်ပြခြင်းခံခဲ့ရပါတယ်။

ရုပ်သံနဲ့အတူပါရှိသော သတင်းမှာ ဖော်ပြချက်အရ မိန်းကလေးဟာ လက်ထပ်ခဲ့ဖူးသူဖြစ်ပြီး သူမ၏ ခင်ပွန်းက ရိုက်ပုတ်နှိပ်စက်ခဲ့တဲ့အတွက် အိမ်ထောင်ကွဲပြီး တစ်ခုလပ်အနေနဲ့ ရှိနေစဉ် အသက် ၁၀၃ နှစ်အရွယ် အမျိုးသားကြီးက သူမကို နှစ်သိမ့်ရင်းကနေ ငြိစွန်းခဲ့ကြပြီး ကိုယ်ဝန်ရခဲ့တယ်လို့ ဆိုပါတယ်။

မိန်းကလေးဟာ အမျိုးသားကြီးရဲ့ မျက်စိရှေ့မှာတင် ကြီးပြင်းလာသူဖြစ်ပြီး ဘာသာရေးပွဲတွေ၊ အလှူတွေလုပ်တိုင်းလည်း သူမရဲ့မိဘတွေက အမျိုးသားကြီးက ဖိတ်ကြားကာ နှစ်အိမ့်တစ်အိမ်လို နေလာခဲ့ကြသူတွေဖြစ်ပါတယ်။

မိန်းကလေးက အိမ်ထောင်နဲ့ကွာရှင်းပြတ်စဲပြီးနောက် ပူးဆွေးသောကရောက်နေချိန်တွင် အမျိုးသားကြီးက နှစ်သိမ့်ပေးရာကနေ ချစ်ကြိုးသွယ်ခဲ့ကြပြီး လက်ထပ်ဖြစ်သွာကြကြောင်း ဖော်ပြထားပါတယ်။

အသက် ၁၀၃ နှစ်အရွယ် ဖိုးဖိုးက မြစ်အရွယ်လောက်ရှိတဲ့ မိန်းကလေးကို ဘယ်လိုချုပ်လိုက်လဲဆိုတာကတော့ ကာယကံရှင်တွေသာ အသိဆုံးဖြစ်ပါလိမ့်မယ်။


03 Mar 2020     1,810 Views




RELATED

Most Popular of Special or Others

Most Popular of NEWS