BEC-TERO TV

ကိုရိုနာဗိုင်းရပ်စ်က အိမ်မွေးခွေးကိုပါ ကူးစက်မှုရှိကြောင်း ပထမဦးဆုံးတွေ့ရှိ

28 Feb 2020     1,658 Views


ကိုရိုနာဗိုင်းရပ်စ်ဟာ လေထဲမှတစ်ဆင့် လူတစ်ယောက်ကနေ တစ်ယောက်ကို ကူးစက်နိုင်တဲ့ ရောဂါပိုးဖြစ်ကြောင်း သိထားကြပေမယ့် အိမ်မွေးတိရိစ္ဆာန်ကိုပါ ကူးစက်ပြန့်နှံ့နိုင်ကြောင်း ပထမဦးဆုံးအကြိမ်အဖြစ် တွေ့ရှိရပြီဖြစ်သည်။

ဟောင်ကောင်မှ Yvonne Chow ဆိုသူ ကိုရိုနားဗိုင်းရပ်စ် လူနာအမျိုးသမီးတစ်ဦး၏ အချစ်တော် ပါမာရေးနီးယန်း အမျိုးအစား အိမ်မွေးခွေးတွင် အပျော့စား ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရကြောင်း အတည်ပြုနိုင်ခဲ့သည်။စိုက်ပျိုးရေး၊ ရေလုပ်ငန်းနှင့် သဘာဝဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဌါန (AFCD) ၏ ပြောရေးဆိုခွင့်ရှိသူက ပါမာရေးနီးယန်းခွေးရဲ့ နှာခေါင်းပတ်နဲ့ ခံတွင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် အင်အားပျော့သည့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတာ သေချာသဖြင့် ရောဂါမပြန့်ပွားစေရန် ထိန်းချုပ်စောင့်ကြည့်နေကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

အိမ်မွေးတိရိစ္ဆာန်များကို ကိုရိုနားဗိုင်းရပ်စ် ကူးစက်မှုမှာ အဆိုပါ ပါမာရေးနီးယန်းခွေးလေးက ပထမဦးဆုံးဖြစ်နိုင်ဖွယ်ရာရှိကြောင်း အတည်ပြုပြောကြားခဲ့သည်။ လက်ရှိအချိန်မှာတော့ ဒီတိရိစ္ဆာန်ကနေတစ်ဆင့် လူတွေကို ပြန်လည်ကူးစက်နိုင်စွမ်း ရှိ၊ မရှိဆိုတာကို (AFCD) က အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

လက်ရှိအချိန်မှာတော့ ခွေးကို ဟောင်ကောင်ဆိပ်ကမ်းရှိ ရောဂါထိန်းသိမ်းရေးစင်တာတွင် ထိန်းသိမ်းထားသည်။ ခွေးကို စစ်ဆေးမှုများ ဆက်လက်စောင့်ကြည့် လုပ်ဆောင်သွားမည်ဖြစ်ပြီး ရောဂါလက္ခဏာ မရှိတော့တဲ့အချိန်မှာ ပိုင်ရှင်ထံကို ပြန်ပေးသွားမယ်လို့ ပြောဆိုထားပါတယ်။ ဒါ့အပြင် အခြားသော အိမ်မွေးခွေးပိုင်ရှင်တွေကိုလည်း သန့်ရှင်းစွာမွေးကြဖို့၊ အပြင်ထွက်တဲ့အခါ နှာခေါင်းစည်းများ တပ်ဆင်ပေးထားကြဖို့ ထပ်မံသတ်ပေးနှိုးဆော်ထားပါတယ်။


28 Feb 2020     1,658 Views




RELATED

Most Popular of International News

Most Popular of NEWS