BEC-TERO TV

အမျိုးသမီးအိမ်သာ သုံးမိတဲ့ လိင်ပြောင်းအမျိုးသမီး သေနတ်နဲ့ပစ်သတ်ခံရ (ရုပ်သံ)

28 Feb 2020     1,751 Views


LGBT အသိုင်းအဝိုင်းတွေအတွက်တော့ ဘယ်နိုင်ငံမှာမဆို တန်တူညီမျှ အဆင်ပြေချောမွေ့မှုတွေ၊ အမြင်ကြည်လင်မှုတွေ၊ လက်ခံနားလည်မှုတွေ မရကြသေးပါဘူး။ အထူးသဖြင့် အများသုံး သန့်စင်ခန်းတွေကို မဖြစ်မနေ အသုံးပြုကြရတဲ့ အချိန်က အခက်ခဲဆုံး ဖြစ်ပါလိမ့်မယ်။

လက်တလောမှာတော့ ကျွန်းနိုင်ငံငယ်လေးဖြစ်တဲ့ Puerto Rico မှာ အမျိုးသမီးသန့်စင်ခန်းကို သုံးမိတဲ့ LGBT လိင်ပြောင်းအမျိုးသမီးတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။ Alexa ဆိုတဲ့ လိင်ပြောင်းအမျိုးသမီးဟာ စာသောက်ဆိုင်တစ်ဆိုင်က အမျိုးသမီးသန့်စင်ခန်းကို သုံးပြီးနောက် ပြန်ထွက်အလာမှာ သူ့ကို ကားမောင်းလာတဲ့ အမျိုးသားနှစ်ယောက်က မြင်သွားပြီး ကားပေါ်ကနေ ခြိမ်းခြောက်လှောင်ပြောင် ဆဲဆိုခဲ့ပြီး သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။

အဖြစ်ပျက်ကို LGBT အရေးလှုပ်ရှားသူ Neulisa Luciano Ruiz က ရဲတိုင်ကြားခဲ့ပါတယ်။ သူမရဲ့ ထွက်ဆိုချက်အရ သေဆုံးသူ Alexa ဟာ အိမ်ခြေယာခြေမဲ့သူဖြစ်ပေမယ့် သူမဟာ အိမ်မက်တွေ မျှော်လင့်ချက်တွေရှိကြောင်း၊ အခုလို အသတ်ခံရဖို့ မထိုက်တန်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒီအဖြစ်ပျက်ဟာ LGBT အသိုင်းအဝိုင်းကို ခြိမ်းခြောက်နေတာဖြစ်လို့ နေ့စဉ်ကြုံတွေနေရတဲ့ အကြမ်းဖက်ခံရမှုတွေကို တားဆီးဖို့လိုကြောင်း ထောက်ပြခဲ့ပါတယ်။


28 Feb 2020     1,751 Views




RELATED

Most Popular of Special or Others

Most Popular of NEWS