BEC-TERO TV

နှာခေါင်းစည်း ဈေးနှုန်းအဆမတန် တင်ရောင်းသူများအား ဖမ်းဆီးအရေးယူ

27 Feb 2020     1,500 Views


ကိုရိုနာဗိုင်းရပ်စ် ခြိမ်းခြောက်မှုနဲ့အတူ နှာခေါင်းစည်းများ ဝယ်လိုအား မြင့်တက်နေချိန်တွင် သတ်မှတ်ထားသည့် ဈေးနှုန်းထက် အဆမတင် မြှင့်တင်ပြီး ရောင်းချသူ ၃၉ ဦးကို ဖမ်းဆီးလိုက်ကြောင်း ထိုင်းနိုင်ငံ ပြည်တွင်းကုန်သွယ်ရေးမှ ကုန်ပစ္စည်းနဲ့ ဈေးနှုန်း ကြီးကြပ်ကွပ်ကဲရေး ဗဟိုကော်မတီမှ ဖေဖော်ဝါရီ ၂၇ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်သည်။

ဖမ်းဆီးခံရသူများထဲမှ ၅ ဦးဟာ အွန်လိုင်းမှ တစ်ဆင့်ပြန်လည်ရောင်းချသူမဖားဖြစ်ပြီး ၃၄ ဦးက ဆိုင်ခန်းဖွင့်လှစ်ရောင်းချသူများဖြစ်ကြောင်း အထွေထွေဒါရိုက်တာ ဝီချိုင်ပိုချနာကစ် က ပြောကြားခဲ့သည်။ ဖမ်းဆီးမိသူများကို ရဲလက်သို့ လွှဲပြောင်းခဲ့ပြီး ကုန်ပစ္စည်းနဲ့ ဈေးနှုန်းဝန်ဆောင်မှု အက်ဥပဒေများအရ တရားစွဲဆိုသွားမည်ဖြစ်သည်။ တရားခံများအနေနဲ့ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ဒဏ်ငွေ ထိုင်းဘတ် ၁၄၀,၀၀၀ သို့မဟုတ် ထောင်ဒဏ် ၇ နှစ် သို့မဟုတ် ဒဏ်နှစ်ရပ်စလုံး ကျခံရဖို့ ရှိကြောင်း သိရသည်။

Wichai Pochanakit

“အခုလိုမျိုး ကိုရိုနာဗိုင်းရပ်စ် Covid-19 အကျပ်အတည်းဆိုက်နေတဲ့အချိန်မှာ စီးပွားရေးအမြတ်ထုတ်တဲ့ သူတွေကို ကျွန်တော်တို့ ဥပဒေကြောင်းအရ ထိရောက်စွာ အရေးယူသွားမှာပါ” ဟု ပြောကြားခဲ့ပါတယ်။

နှာခေါင်းစည်း ထုတ်လုပ်တဲ့ စက်ရုံနဲ့ လက္ကားရောင်းချတဲ့ ဂိုဒေါင် ၄၇ ခုကလည်း သူတို့ရဲ့ ပစ္ဏည်းလက်ကျန်စာရင်းကို ဇန်နဝါရီလကနေ ဖေဖော်ဝါရီ ၁၄ ရက်နေ့အတွင်း အသိပေး ကြေညာဖို့ ကော်မတီအနေနဲ့ အမိန့်ထုတ်ပြန်ထားခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် ၂၈ ခုကပဲ သတင်းအချက်အလက်တွေ အချိန်မီ စုဆောင်းပေးခဲ့နိုင်တဲ့အတွက် ကျန်ရှိနေသူများကို အမြန်ဆုံး ထုတ်ပြန်ကြရန် နှိုးဆော်ထားပြီး ပျက်ကွက်ခဲ့ပါက ဒဏ်ငွေ ထိုင်းဘတ် ၂၀,၀၀၀ သို့မဟုတ် ထောင်ဒဏ် တစ်နှစ် ပြစ်ဒဏ်ကျခံရမည်ဟု အကြောင်းကြားစာများ ပေးပို့ထားပြီးဖြစ်သည်။


27 Feb 2020     1,500 Views




RELATED

Most Popular of International News

Most Popular of NEWS