BEC-TERO TV

ဘုရားရှိခိုးနေတဲ့ မိခင်ကို ဆဲတယ်ထင်ပြီး သားဖြစ်သူဆောင့်ကန်ရာမှ သေဆုံး

24 Feb 2020     1,850 Views


ထိုင်းနိုင်ငံ နခွန်ရာတ်ချစီမာပြည်နယ်၊ နွန်ထောင်လုံစီရင်စု၊ နောင်ဖိုင်လွမ်းကျေးရွာတွင် ဘုရားရှိခိုးနေသော မိခင်ကို စိတ်မနှံ့သော သားဖြစ်သူက သူအားဆဲနေသည်ဟု ထင်မှတ်ကာ ခြေထောက်ဖြင့် ဆောင့်ကန်ရာမှ မိခင်ဖြစ်သူ နေရာတင် သေဆုံးသွားခဲ့သည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၆ ရက်နေ့ညက အသက် ၇၀ အရွယ် မိခင်ဖြစ်သူကအိမ်ယာမဝင်ခင် ဘုရားရှိခိုးနေစဉ် စိတ်မနှံ့သော သားဖြစ်သူက သူအားဆဲဆိုကြိမ်းမောင်းနေတယ်ဟု ထင်မှတ်ပြီး အိမ်အပေါ်ထပ်သို့တက်ကာ ဘုရားရှိခိုးနေသော မိခင်၏ မျက်နှာကို အားဖြင့် နှစ်ချက်ဆင့် ဆောင့်ကန်ခဲ့ရာ မိခင်သေဆုံးသွားခဲ့သည်။

နောက်တစ်နေ့ နံနက်တွင် အိမ်နီးချင်းများက ညကဆူဆူညံညံအသံကြားကြောင်း၊ အမြဲတမ်းစောစော နိုးတက်သော အမျိုးသမီးကြီးအား နေမြင့်သည်အထိ မမြင်ရသေးသဖြင့် မသင်္ကာဖြစ်ပြီး သွားကြည့်ကြရ သေဆုံးလျှက်တွေ့ရပြီး သက်ဆိုင်ရာကို အကြောင်းကြားခဲ့ကြသည်။

သက်ဆိုင်ရာက လာရောက်စစ်ဆေးခဲ့ရာ နှစ်ထပ်ကပျဉ်ထောင်အိမ်လေး၏ အပေါ်ထပ် မွေ့ယာအနီးတွင် အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးကြီး မျက်နှာတွင် သွေးများထွက်လျှက် သေဆုံးနေတာကို တွေ့ခဲ့ရပါတယ်။ အဆိုပါအိမ်တွင် သားအမိနှစ်ဦးတည်း နေထိုင်တာဖြစ်ပြီး သားဖြစ်သူမှာ စိတ်မနှံ့သူတစ်ယောက်ဖြစ်ပါတယ်။ ရဲတွေရဲ့ စစ်ဆေးချက်အရ သားဖြစ်သူဟာ သူ့အမေ ဘုရားရှိခိုးနေတာကို ဆဲနေသည်ထင်ပြီး ကန်မိခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။

ပြစ်မှုကျူးလွန်သူအား ဥပဒေအရ အရေးယူမှုများ မလုပ်ဆောင်မီ စိတ်ကျန်းမာရေးဆေးရုံသို့ ဦးစွာပို့ဆောင် စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိသည်။


24 Feb 2020     1,850 Views




RELATED

Most Popular of Special or Others

Most Popular of NEWS