ဘီယာတစ်နေ့ တစ်ဗူး မှန်မှန်သောက်ခြင်းက ၉၀ ကျော်ထိ အသက်ရှည်စေနိုင်
24 Feb 2020 2,876 Views

ယခုဖော်ပြေပေးမယ့် သတင်းအကြောင်းအရာက အရက်သေစာသောက်သုံးဖို့ကို အားပေးတဲ့ အကြောင်းအရာမဟုတ်ကြောင်း ပထမဦးစွာ အသိပေးပါရစေ။ အရက်သေစာ သောက်သုံးခြင်းနဲ့ ဆက်စပ်တဲ့ အကျိုးတွေကို လူအတော်များများ သိထားပြီးကြလိမ့်မည်ဖြစ်တဲ့အတွက် အထူးအထွေ သတိပေးဖို့ မလိုလောက်တော့ပါဘူး။
ဒါပေမယ့် လတက်တလော သုတေသီအချို့ရဲ့ လေ့လာတွေ့ရှိချက်မှာတော့ တစ်နေ့ကို ဘီယာတစ်ဗူး ပုံမှန်သောက်သုံးသူတွေဟာ အသက် ၉၀ တဲ့အထိ အသက်ရှည်နိုင်ဖို့ အခွင့်အရေးပိုများတယ်လို့ ဆိုပါတယ်။ LADBible နဲ့ The Sun သတင်းစာရဲ့ ဖော်ပြချက်မှာတော့ ဟော်လန်နိုင်ငံမှာရှိတဲ့ Maastricht University က ပရော်ဖက်ဆာ Dr Piet van den Brandt က သူ့ရဲ့ သုတေသနစာတမ်း ကောက်နုတ်ချက်မှာ တစ်နေ့ကို ဘီယာတစ်ဗူးသောက်သူတွေဟာ ရေရှည်မှာ ကျန်းမာရေးအကျိူးကျေးဇူးတွေ အမှန်တကယ်ရှိကြောင်း ဖော်ပြခဲ့ပါတယ်။
အထူးသဖြင့် ဘီယာတစ်နေ့တစ်ဗူး သောက်တဲ့ အမျိုးသားတွေဟာ အသက် ၉၀ လောက်ထိ အသက်ရှည်နိုင်တဲ့ အခွင့်အရေး ၈၁ ရာခိုင်းနှုန်းရှိပါတယ်။
အမျိုးသမီးတွေဆိုရင်လည်း အသက် ၉၀ အထိ အသက်ရှည်နိုင်မယ့် အခွင့်အရေးက သုံဆလောက် မြင့်ကြောင်း ဖော်ပြထားပါတယ်။
ယခုရရှိထားတဲ့ အဖြေဟာ သောက်တတ်စားတတ်တဲ့ လူပေါင်း ၅,၅၀၀ ကျော်ကို နှစ်ပေါင်း ၂၀ ကျော်ကြာ လေ့လာစမ်းစစ်ထားခြင်းကနေ ရလာတာဖြစ်ပါတယ်။ ဒီအဖြေအရ အတန်အသင့် သောက်သုံးခြင်းဟာ အမျိုးသားရော အမျိုးသမီးများအတွက်ပါ ရေရှည်မှာ ကျန်းမာရေးအကျိုးကျေးဇူး အကောင်းဘက်ကို ရရှိနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အခုလို ပြောလိုက်တဲ့အတွက်ကြောင့် သဘောရှိစိတ်တိုင်းကျ သောက်စားတာမျိုးကို မပြလုပ်ကြဖို့ ယင်းသုတေသီများကပဲ အထူးသတိပေး ပြောကြားလိုက်ပါတယ်။