အင်ဒိုနီးရှားမှာ သုံးပြီးသား နှာခေါင်းစည်းတွေကို ပြန်ရောင်းဖို့ ထုတ်ပိုးနေ (ရုပ်သံ)
24 Feb 2020 1,590 Views
ကိုရိုနာဗိုင်းရပ် ပြန့်ပွားပြီးကတည်းက ကမ္ဘာအနှံ့မှာ နှာခေါင်းစည်း ပြတ်လပ်တဲ့ ပြသနာနဲ့ ကြုံတွေနေကြရပါတယ်။ အဲဒီအထဲမှာ အင်ဒိုနီးရှားနိုင်ငံလည်း အပါအဝင်ဖြစ်ပါတယ်။ အင်ဒိုနီးရှားမှာ ဗိုင်းရပ်စ်ပိုးကာကွယ်နိုင်တဲ့ N-95 နှာခေါင်းစည်း တစ်ထုတ်ရဲ့ ဈေးက ရွှေဈေးထက်မြင့်တက်နေပါတယ်။
ဒီအခြေအနေပေါ်မှာ အခွင့်ကောင်းယူပြီး စီးပွားရှာချင်ကြသူတွေက မသမာတဲ့နည်းလမ်းတွေ အသုံးချလာကြပါတယ်။ လတ်တလော လူမှုကွန်ယက် တွစ်တာမှာ ပြန့်နှံ့ခဲ့တဲ့ရုပ်သံဟာ အင်မတန်ကြောက်စရာကောင်းပါတယ်။ ဗီဒီယိုမှာတော့ ခွဲစိတ်ခန်းက သုံးပြီးသားစွန့်ပစ် နှာခေါင်းစည်းအများအပြားကို အိမ်တစ်အိမ်မှာစုပြီး အမျိုးသမီးတွေက ပြန်လည်ထုတ်ပိုးနေကြတာကို မြင်တွေ့ခဲ့ရပါတယ်။
ရုပ်သံတွင် ပါဝင်သောအမျိုးသား၏ ပြောစကားများအရ ပြန့်ကျဲနေတဲ့ သုံးပြီးသားနှာခေါင်းစည်းတွေကို ‘မာရီယာနာ’ အမည်ရှိတဲ လူတစ်ယာက်က ပြန်ဝယ်မှာ ဖြစ်လို့ ထုတ်ပိုးနေတာလို့ ဆိုပါတယ်။ ရုပ်သံမှာ ခြေဗလာနဲ့ လူနှစ်ဦး နှာခေါင်းစည်းတွေကြားမှာ လျှောက်သွားနေတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။
ဒီရုပ်သံကို တွစ်တာမှာ တင်ခဲ့သူက နှာခေါင်းစည်းတွေဟာ ဆေးရုံ၊ ဆေးခန်းတွေကနေ သုံးပြီးသား နှာခေါင်းစည်းတွေဖြစ်ပြီး ဒါတွေကို ပြန်လည် အိတ်သွပ်နေတယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။ ဒီနှာခေါင်းစည်းတွေကို ဝယ်သွားတဲ့သူက ဘယ်လိုဆက်လက်ပြီး လုပ်ဆောင်သွားမလဲဆိုတာ မသိရပါတဲ့အတွက် နှာခေါင်းစည်းတွေအပေါ်မှာ စိုးရိမ်သံသယတွေ မြင့်တက်နေပါတယ်။
>> အိမ်သာသုံးစက္ကူများနဲ့ နှာခေါင်းစည်းအတုများထုတ်လုပ်