ထိုင်းနိုင်ငံတွင် စိတ်မူမမှန်သော သေနတ်သမားတစ်ဦးကို ရဲအဖွဲ့ကဖမ်းဆီး
14 Feb 2020 1,597 Views

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ သောကြာနေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံ ဖသွမ်ဝမ်စီရင်စုရှိ လမ်းဆုံလမ်းခွတွင် တည်ရှိသော အားကစားပစ္စည်းမျး ရောင်းချရာ ဆိုင်တစ်ဆိုင်အတွင်း၌ သေနတ်ပစ်ဖောက်သံများကို ကင်းလှည့်ရဲ့အဖွဲ့က ကြားသိခဲ့ပြီးနောက် အဆိုပါနေရာအနီးတွင် လုံခြုံရေးအတွက် လမ်းများပိတ်ဆို့ထားခဲ့ပါတယ်။
သေနတ်သမားဟာ နံနက်စောစော ၄ နာရီခန့်ကနေ မိုးလင်းလာချိန်ထိ သေနတ် အချက် ၂၀ ပစ်ဖောက်ခဲ့ပြီး ရဲတွေက သေနတ်သမားရဲ့ အခြေအနေကို စောင့်ဆိုင်းကြည့်ရှုနေခဲ့ပါတယ်။ ထို့နောက် ဝင်ရောက် ဖမ်းဆီးခဲ့ရာ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။
သေနတ်ပစ်ဖောက်မှုကြောင့် သေဆုံးသူ ဒဏ်ရာရသူ တစ်ဦးမှ မရှိကြောင်း ရဲစခန်းက ကနဦးသတင်းအေနနဲ့ ထုတ်ပြန်ခဲ့ပါတယ်။
စစ်ဆေးချက်အရ သေနတ်ပစ်ဖောက်သူ အမျိုးသားဟာ မီသားစုပြဿနာတွေကြောင့် စိတ်ဓါတ်ကျနေပြီး စိတ်ပိုင်ဆိုင်ရာ မူမမှန်ကြောင်း သိရှိရပြီး အမှုကို ဆက်လက် စုံစမ်းစစ်ဆေးလျှက်ရှိသည်။