BEC-TERO TV

ဝူဟန်ဗိုင်းရပ်စ်ကူးစက်ခံထားရာနေရာက အမျိုးသမီး အခြားအိမ်တံခါးများကို တံတွေးနဲ့လိုက်ထွေး

10 Feb 2020     2,662 Views


တရုတ်နိုင်ငံမှာ ဝူဟန်ဗိုင်းရပ်စ် ပြန့်ပွားမှု မြန်ဆန်နေတာကြောင့် သက်ဆိုင်ရာ အာဏာပိုင်တွေက ကာကွယ်တားဆီးရေးနဲ့ ဗိုင်းရပ်စ်ပြန့်ပွားနိုင်မှု အခြေအနေတွေကို တိုင်းတာစုံစမ်း လေ့လာနေကြပါတယ်။

ဒီလိုအခြေအနေမှာ ဝူဟန်ဗိုင်းရပ်စ်ကူးစက်ခံထားရသူဟု ယူဆခံထားရသည့် အမျိုးသမီးတစ်ဦး၏ ထင်မှတ်မထားသော လူမဆန်သည့် လုပ်ရပ်ကို စီစီတီဗီကင်မရာမှ စစ်ဆေးတွေ့ရှိပြီးနောက် ရဲတွေက စုံစမ်းစစဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

တရုတ်သတင်းစာ Sin Chaw Daily တွင် ဖော်ပြထားသော သတင်းအရ ဝူဟန်ဗိုင်းရပ် ကူးစက်ခံထားရသော နေရာအဖြစ် သတ်မှတ်ခံထားရသည့် နေရာတစ်ခုက လူနေအိမ်ခန်းမှာ အမျိုးသမီးတစ်ဦးဟာ ညအချိန်မှာ သူမ၏ နေအိမ်မှ တိတ်တဆိတ် ထွက်လာပြီး အိမ်းနီးနားချင်းများ၏ အိမ်တံခါးများရှေ့သို့သွားကာ တံခါးလက်ကိုင်ဖုများကို တံတွေးဖြင့် ရည်ရွယ်ချက်ရှိရှိ လိုက်ထွေးခဲ့တာကို စီစီတီဗီမှာ မြင့်တွေ့ခဲ့ရတဲ့အတွက် သက်ဆိုင်ရာကို အကြောင်းကြားတိုင်တန်းခဲ့ပါတယ်။

ရဲတွေဟာ ကာကွယ်ရေးပစ္စည်းအပြည့်အစုံဖြင့် အဆိုပါ ဧရိယာကို ရောက်ရှိလာပြီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာ ဝူဟန်ဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၃၀ ကျော် ရှိနေပြီး နောက်ထပ် ၉၀ လောက်မှာ နာဖျားတဲ့ လက္ခဏာတွေ တွေ့ရှိရပါတယ်။ အချို့ကူးစက်ခံထားရသူများဟာ သူတို့ရဲ့ နေအိမ်အခန်းထဲမှာပင် သီးသန့်ထားရှိကြောင်း တွေ့ရသည်။

ဖော်ပြပါ စီစီတီဗီရုပ်သံကို အပြန်ပြန်အလှန်လှန် စစ်ဆေးကြည့်ရှုခဲ့ပြီးနောက် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက ဒီအဖြစ်ပျက်ဟာ အမှန်တကယ်ဖြစ်ပျက်ခဲ့ကြောင်း အတည်ပြုပြောကြားခဲ့သည်။ ဒါပေမယ့် အမျိုးသမီးဟာ ဝူဟန်ဗိုင်းရပ်ကူးစက်ခံထားရသူ ဟုတ်၊ မဟုတ်ဆိုတာကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပဲ စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။


10 Feb 2020     2,662 Views




RELATED

Most Popular of Special or Others

Most Popular of NEWS