BEC-TERO TV

၁၂ နှစ်သမီးကို အဓ္ဓမပြုကျင့်ဖို့ ကြံစည်ခဲ့သူကို Live လွှင့်ပြီး ထိုးကြိတ်

07 Feb 2020     1,593 Views


ထိုင်းနိုင်ငံ ဟတ်ချိုင်းမြို့တွင် အသက် ၁၂ နှစ်အရွယ် ကျောင်းသူလေးကို အဓ္ဓမပြုကျင့်ဖို့ ကြိုးစားခဲ့သူကို ကလေးမလေး၏ ဆွေမျိုးများက လိုက်လံရှာဖွေဖမ်းဆီးပြီး ရဲလက်သို့ မအပ်ခင်မှာ လူမှုကွန်ယက်ပေါ်ကနေ ရုပ်သံတိုက်ရိုက် Live လွှင့်ပြီး ထိုးကြိတ်ကာ စစ်ဆေး မေးမြန်းခဲ့ကြပါတယ်။

‘ချာလမ်ပို’ အသက် ၃၇ နှစ်အား ဆောင်ခလာ ပြည်နယ်တရားရုံးမှ အသက် ၁၅ နှစ်အောက် ကလေးသူငယ်များအား ခြိမ်းခြောက် အကြမ်းဖက်မှု၊ အဓ္ဓမပြုကျင့်ရန် ကြံစည်အားထုတ်မှုဖြင့် ဖမ်းဝရမ်းထုတ်ထားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့က ကလေးမလေး၏ မိခင်က သမီးဖြစ်သူ လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားခံခဲ့ရမှုအတွက် ရဲစခန်းမှာ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

မိန်းကလေးရဲ့ ဆွေမျိုးတော်စပ်သူများက ‘ချာလမ်ပို’ ကို လိုက်လံရှာဖွေရာ ဟတ်ချိုင်းကားဂိတ်မှာ ကားစောင့်နေစဉ် ဖမ်းမိသွားခဲ့ပါတယ်။ ရုပ်သံလွှင့်ခဲ့သူက ကားနဲ့ရောက်လာပြီး အမျိုးသားတစ်ဦးရဲ့ လက်မှာ လည်ပင်းကို ချုပ်ပြီး ဖမ်းမိခံထားတဲ့ ‘ချာလမ်ပို’ ကို မေးခွန်းထုတ်လိုက် ထိုးလိုက်နဲ့ ရဲတွေ ရောက်မလာခင်ထိ စိတ်တိုင်းကျ ဆုံးမခဲ့ပါတယ်။

‘ချာလမ်ပို’ က မိန်းကလေးအား မတော်မတရားပြုကျင့်ခဲ့သည်မှာ ဟုတ်မှန်သော်လည်း မုဒိန်းမကျင့်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ အခင်ဖြစ်သည့်နေ့က သူဆိုင်ကယ်စီးလာစဉ် လမ်းမှာ တစ်ယောက်ထဲလျှောက်လာနေသော ကျောင်းသူလေးကိုတွေ့ခဲ့ရသည်။ ထိုနေ့က မိန်းကလေးမှာလည်း ရာသီသွေးစပေါ်နေသည့် နေ့ဖြစ်နေသည်။ ‘ချာလမ်ပို’ က မိန်းကလေးကို ကျောင်းလိုက်ပို့ပေးမည်ဟုဆိုကာ ဆိုင်ကယ်ဖြင့် တင်ခေါ်ခဲ့ပြီး ကျောင်းသို့မပို့ပဲ ဟတ်ချိုင်မြို့ လေဆိပ်အနီးရှိ တောထဲသို့ ခေါ်သွားခဲ့ပြီး လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုခဲ့သည်။ ထို့နောက် အဓ္ဓမပြုကျင့်ရန် အတွင်းခံကို ကတ်ကြေးနဲ့ ညှပ်ခဲ့ပြီးမှ မိန်းကလေးမှာ ဓမ္မတာလာနေတာကြောင့် မုဒိန်းမကျင့်တော့ပဲ ဆိုင်ကယ်ဖြင့် ကျောင်းသို့ လိုက်ပို့ပေးခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။


07 Feb 2020     1,593 Views




RELATED

Most Popular of Special or Others

Most Popular of NEWS