BEC-TERO TV

ချစ်သူမျက်နှာ တစ်ရွာထင်ပြီး လိုက်သွားမိသူ အမျိုးသမီး ရက်စက်စွာ အသတ်ခံရ

07 Feb 2020     1,888 Views


ကနေဒါနိုင်ငံမှ အသက် ၅၂ နှစ်အရွယ် ကလေးနှစ်ယောက်မိခင် Nathalie Fraser ရဲ့ အလောင်းကို ကျူးဘားနိုင်ငံ မာတန်ဇက်စ်မြို့တွင် စွန့်ပစ်ထားသော ခရီးဆောင်သေတ္တာတစ်လုံးထဲတွင် တွေ့ရှိခဲ့သည်။

Nathalie ဟာ သူမထက် အသက် ၁၃ နှစ်ကျော် ငယ်ရွယ်သည့် ကျူးဘားနိုင်ငံက ဂီတပညာရှင် Leonel Leon Nuviola နဲ့ ချစ်ကြိုက်ခဲ့ပြီးနောက် မိုင်ပေါင်း ၂၈၀၀ ဝေးသည့် ကျူးဘားနိုင်ငံမှာ အခြေချဖို့ လိုက်လာခဲ့ခြင်းဖြစ်ပါတယ်။ သူမဟာ ပိုင်ဆိုင်မှုအားလုံးကို ရောင်းချခဲ့ပြီး ချစ်သူမျက်နှာ တစ်ရွာထင်ပြီးဝေးလံလှတဲ့ ကျွန်းနိုင်ငံလေးကို လိုက်လာခဲ့တာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလထဲမှာ ပြောင်းရွေ့ခဲ့ပြီး ၂၀၂၀ ဇန်နဝါရီလ ၁၈ ရက်နေ့မှာ ပျောက်ဆုံးသွားခဲ့ပါတယ်။

သူမရဲ့အလောင်းကို ခရီးဆောင်သေတ္တာတစ်လုံးထဲမှာ ပြန်လည်တွေ့ရှိခဲ့ပြီးနောက် သူမရဲ့ ချစ်သူ Nuviola ကို သံသယတရားခံအဖြစ် ရဲက ဖမ်းဆီးထားပါတယ်။

သူမရဲ့ မိသားစုဝင်တွေက ဒီလူသတ်မှုဟာ ရက်စက်လွန်းပြီး မသေခင်မှာ မချိမဆံခံသွားရမှာ သေချာတယ်လို့ ဆိုပါတယ်။ Nathalie ရဲ့ သမီးတစ်ဦးဖြစ်တဲ့ Melanie က သူ့အမေဟာ Nuviola ကို တော်တော်ချစ်ခဲ့တယ်လို့ ကနေဒါအသံလွှင့်ဌါနကို ပြောကြားခဲ့ပါတယ်။ သူ့အမေဟာ အိမ်ကိုတောင်ရောင်းချပြီး ဘာကိုမှ မက်မောခြင်းမရှိပဲ သူမရဲ့ဆန္ဒဖြစ်တဲ့ Nuviola နဲ့ လက်ထပ်ဖို့ ကျူးဘားကို လိုက်သွားခဲ့တယ်လို့ ဆိုပါတယ်။

နောက်ထပ် သမီးတစ်ဦးဖြစ်တဲ့ Fraser ကတော့ သူ့ရဲ့ အမေဟာ ကျူးဘားကို အပြီးတိုင် မပြောင်းသွားခင်က Nuviola နဲ့ တစ်နှစ်ခွဲလောက် အတူနေခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူမ ကျူးဘားကို လိုက်သွားပြီး သူ့အမေကို တွေ့ချိန်တုန်းက Nuviola ဟာ Nathalie ကို သူတစ်ဦးတည်းးမောင်ပိုင်စီးထားချင်ပြီး အစစအရာရာ လိုက်ပြီးချုပ်ချယ်နေတာကို တွေ့ခဲ့ရတယ်လို့ဆိုပါတယ်။ ဒီကိစ္စနဲ့ ပက်သက်ပြီး Nuviola က နင့်ကိုတွေ့တဲ့အချိန်မှာ စိုးရိမ်ထိတ်လန့်ပြီး အဲဒီလိုဆက်ဆံတာလို့ သူ့အမေက ကာကွယ်ပြီး ဖြေရှင်းခဲ့ဖူးကြောင်း သတင်းဌါနကို ပြောကြားခဲ့ပါတယ်။

ရဲတွေကတော့ Nuviola ကို အဓိက သံသယတရားခံအဖြစ် တရားစွဲဆိုသွားမှာဖြစ်ပါတယ်၊ အခုဆိုရင် ဒီအမှုကို နိုင်ငံတကာရဲအဖွဲ့ အင်တာပိုကလည်း ပါဝင်ပက်သက်နေပြီး လူသတ်မှုနဲ့ ပက်သက်ပြီး ကျူးဘားရဲတပ်ဖွဲထံမှ သတင်းအချက်လက်တွေ တောင်းခံနေပါတယ်။


07 Feb 2020     1,888 Views




RELATED

Most Popular of International News

Most Popular of NEWS