BEC-TERO TV

နာမည်ကြီးချင်လို့ ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသလို ဟန်ဆောင်သူ ဖမ်းဆီးခံရ

06 Feb 2020     1,752 Views


ဖိလစ်ပိုင်နိုင်ငံက နောက်ပြောင်ကျီစယ်တဲ့ ဗီဒီယိုတွေကို တင်ဆက်သူ အွန်လိုင်းဘလော့ခ်ကာ တစ်ဦးဟာ နာမည်ကြီးလိုမှုအတွက် ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသယောင် ဟန်ဆောင်မှုကို လက်ဂတ်စ်ပီမြို့ရဲ့ လူစည်ကားရာ ရှော့ပင်းမောလ်တစ်ခုရဲ့ ရှေ့မှာ ပြုလုပ်ခဲ့ပါတယ်။ သူ့ရဲ့အပြောင်အပျက် ဟန်ဆောင်မှုကြောင့် လူတွေထိတ်လန့်ခဲ့ရတဲ့အတွက် နောက်ဆုံးမှာ ဖမ်းဆီးခံခဲ့ရပါတယ်။

ရုပ်သံမှာ တီရှပ်အဖြူရောင် ဝတ်ဆင်ထားပြီး နှာခေါင်းစည်း အနက်ရောင် တပ်ဆင်ထားတဲ့ အသက် ၄၃ နှစ်အရွယ် De Vera က ရာရှန်နို ရှော့ပင်းမောလ် အဝင်ဝနားမှာ မှီပြီးရပ်နေရာမှ ရုတ်တရက် မြေကြီးပေါ် မှောက်လျက်လှဲချကာ ခန္ဓာကိုယ်ကို တွန့်လိမ် တွန့်လိမ်လုပ်ပြီး ဗိုင်းရပ်စ်ကူးစက်ခံထားရသူသဖွယ် သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ အနီးနားကလူတွေ ထိတ်လန့်ခဲ့ပြီး ခဏကာတော့မှ မတ်တပ်ပြန်ထကာ သူဘာမှ မဖြစ်ကြောင်း၊ နောက်ပြောင်ကျီစယ်ခြင်းသာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

သိပ်မကြာခင်မှာ De Vera က သူ့ရဲ့လုပ်ရပ်မှားယွင်းပါကြောင်း၊ လူတွေကို ထိတ်လန့်စေခဲ့တဲ့အတွက် တောင်းပန်ပါကြောင်း အွန်လိုင်းကနေ ရုပ်သံလွှင့်ပြီး ပြန်လည်တောင်းပန်ခဲ့ပါတယ်။

ဖြစ်စဉ်အတွက် ရဲတွေက သူ့ကို ထိန်းသိမ်းထားပြီး ရှော့ပင်းမောလ် တာဝန်ရှိသူတွေက တရားစွဲဆိုဖို့ ပြင်ဆင်ခဲ့ပါတယ်။ ဒါပေမယ့် De Vera ဟာ အွန်လိုင်းကနေ ပြန်လည်တောင်းပန်ခဲ့တဲ့အတွက် တရားစွဲမယ့် အစီအစဉ်ကို ပြန်လည်ရုတ်သိမ်းသွားကြောင်း ရဲဌါနက ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိမှာတော့ မြို့တော်ကောင်စီဝင် Vince Baltazar က အခုလိုပုံစံမျိုး လူတွေကြားထဲမှာ နောက်ပြောင်ကျီစယ်တာဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ ဥပဒေနဲ့ အပြစ်ပေးလို့ရတယ်လို့ လေးနက်စွာ သတိပေးလိုက်ပါတယ်။


06 Feb 2020     1,752 Views




RELATED

Most Popular of Special or Others

Most Popular of NEWS