BEC-TERO TV

မြန်မာလူငယ်တစ်ဦး ထိုင်းထီပထမဆု ဘတ်(၆)သန်း ကံထူး

06 Feb 2020     3,096 Views


မြန်မာနိုင်ငံမှ MOU စနစ်ဖြင့် ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်နေသော မြန်မာလူငယ် လုပ်သားတစ်ဦး ဖေဖော်ဝါရီ ၁ ရက်နေ့က ထွက်ခဲ့သော ထိုင်းထီပထမဆု ဘတ်(6)သန်းဆု မြန်မာကျပ်သိန်း ၃ ထောင် ဝန်းကျင် ကံထူးသွားရာ AAC အဖွဲ့၏ ကူညီမှုဖြင့် ဆုငွေထုတ်ယူနိုင်ခဲ့ကြောင်း သိရသည်။
 
 
ထိုင်းဘတ် သိန်း ၆၀ ကံထူးရှင်မှာ ပဲခူးတိုင်း ဖြူးမြို့နယ်မှ လူငယ်တစ်ဦးဖြစ်ပြီးယွန်းနဒီဦးအေဂျင်စီမှတစ်ဆင့် ထိုင်းနိင်ငံတွင် တရားဝင် အလုပ်လုပ်ကိုင်နေသူဖြစ်သည်။ 
အစပထမမှာ သူ့ရဲ့ထီလက်မှတ်ပျောက်နေခဲ့တာကြောင့် ထီပေါက်နေမှန်း မသိခဲ့ပါဘူး။ နောက်ထပ် နှစ်ရက်အကြာ အလုပ်ပိတ်ရက်မှာ အဝတ်လျှော်ဖို့ လုပ်စဉ် ထီလက်မှတ်ကို ပြန်တွေ့ခဲ့ပြီး AAC အဖွဲ့မှ အွန်လိုင်းပေါ် တင်ပေးထားသော ထီပေါက်စဉ်နဲ့ တိုက်ခဲ့ရာမှ ပထမဆုကြီးပေါက်နေကြောင်း သိခဲ့ရခြင်းဖြစ်သည်။
 
 
ထို့နောက် AAC အဖွဲ့မှ ဒါရိုက်တာဦးခိုင် ထံသို့ ဆက်သွယ်ပြီး ဆုငွေထုတ်နိုင်ရန် အကူညီတောင်းခံလာသဖြင့် အဖွဲ့မှ လိုက်ပါဆောင်ရွက်ပြီး ဆုငွေထုတ်ယူနိုင်ခဲ့ကြောင်း သိရသည်။ 
ထို့နောက် မြန်မာငွေနဲ့လဲလှယ်ကာ မိသားစုထံသို့ ငွေပို့လွှဲခဲ့ပြီး ဖေဖော်ဝါရီ ၅ ရက်နေ့က ဘန်ကောက်လေဆိပ်မှ မြန်မာနိုင်ငံသို့ ပြန်သွားခဲ့ကြောင်းသိရသည်။
 
 
မြန်မာနိုင်ငံသို့ မပြန်မီ AAC အဖွဲ့(မဟာချိုင်အခြေစိုက်) နှင့် AAC ဂေဟာတွင် ခိုလှုံနေသော အလုပ်သမားစားသောက်ရေးအတွက် ထိုင်းဘတ်ငွေ ၆၀,၀၀၀ တိတိအား ပြန်လည်လှူဒါန်းပေးခဲ့ကြောင်း AAC အဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
 
 
ထီဆုကြီးပေါက်ပြီး ဆုငွေထုတ်ယူရန် အခက်အခဲရှိသူများအနေနဲ့ ထိုင်းနိုင်ငံ မြန်မာသံရုံး ရုံးဖုန်းများ၊ အလုပ်သမားသံအရာရှိ ရုံးဖုန်းများ၊ AAC မဟာမိတ်အဖွဲ့(ထိုင်းမြန်မာ)ရုံးဖုန်းများအပြင် မိမိတို့စိတ်ချယုံကြည်ရတဲ့ ပရဟိတ အသင်းအဖွဲ့များရဲ့ ဖုန်းများကို ဆက်သွယ် အကူအညီတောင်းနိုင်ကြောင်း နှိုးဆော်ထားပါသည်။
 
သတင်း/ဓါတ်ပုံ - AAC

06 Feb 2020     3,096 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS