BEC-TERO TV

အင်္ဂလန်တွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရန် Mask တပ်သူများကို အနိုင်ကျင့်မှုများရှိနေ

06 Feb 2020     1,481 Views


အင်္ဂလန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်သည့်အနေနဲ့ Mask ဝတ်ဆင်မှုကြောင့် အနိုင်ကျင့် ပြောဆိုဝေဖန်ခြင်းခံနေရတာနဲ့ ပက်သက်ပြီး အင်္ဂလန်နိုင်ငံမှာ နေထိုင်တဲ့ ထိုင်းအမျိုးသမီး တက္ကသိုလ်ကျောင်းသူစ်ဦးက သူမရဲ့ ကိုယ်တွေ့ အဖြစ်ပျက်ကို ဝေမျှခဲ့ပါတယ်။
 
Mask တပ်ဆင်ခြင်းကို အင်္ဂလန်နိုင်ငံရဲ့ လူမှုအဖွဲ့အစည်းက သိပ်သဘောမကျပါဘူး။ သူတို့က Mask တပ်ဆင်ထားတာဟာ လူနာဖြစ်တယ်လို့ ခံယူထားကြပါတယ်။ ဒါကြောင့် ချောင်းဆိုး၊ နှာချေ၊ နာဖျားနေရင်၊ သူတစ်ပါးကို ကူးစက်စေတဲ့ ရောဂါရှိရင် အိမ်ထဲမှာပဲနေပါ၊ လူများတဲ့နေရာတွေ မသွားလာရလို့ သတ်မှတ်ထားတာရှိပါတယ်။ အဲဒါကြောင့် အခုလို ကြိုတင်ကာကွယ်တဲ့အနေနဲ့ Mask တပ်ပြီး လမ်းမတွေပေါ်ထွက်တာနဲ့ ဝေဖန်ပြောဆို အနိုင်ကျင့်ခံရတာတွေ ဖြစ်လာပါတယ်။
 
 
Facebook အကောင့်ပိုင်ရှင် “Panrawee Rungskunroch”  ထိုင်းအမျိုးသမီးဟာ အင်္ဂလန်နိုင်ငံမှာ နေထိုင်လာတာ ကြာခဲ့ပြီဖြစ်ပြီး တက္ကသိုလ်ကျောင်းသူလည်း ဖြစ်ပါတယ်။ 
သူမကိုယ်တိုင် အင်္ဂလန်နိုင်ငံမှာ နေထိုင်စဉ် တစ်လျောက်လုံး အနိုင်ကျင့်ခံရတာမျိုး မရှိခဲ့ဖူးပေမယ့် သူမရဲ့ သူငယ်ချင်းတွေ အထူးသဖြင့် တရုတ်လူမျိုးတွေ အပေါ် ခွဲခြားဆက်ဆံ အနိုင်ကျင့်ခံရတာမျိုးရှိတယ်လို့ ဆိုပါတယ်။
တစ်ရက်မှာတော့ Mask တပ်ပြီး တက္ကသိုလ်ကျောင်းကို သွားတက်မိတဲ့အခါ အနိုင်ကျင့်ပြောဆိုခံရတဲ့ ခံစားမှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့အကြောင်း ပြောပြခဲ့ပါတယ်။
 
တစ်နေ့မှာတော့ ကျွန်မ Mask တပ်ပြီး ကျောင်း(တက္ကသိုလ်)သွားတာ၊ အနိုင်ကျင့်ခံရတယ်ဆိုတာ ဘယ်လိုခံစားရလဲဆိုတာကို အဲဒီချိန်မှာ ကျွန်မ ကောင်းကောင်း နာလည်သွားတော့တယ်။ ကျွန်မ ဒီနေရာမှာပဲ တစ်ခုအရင်ရှင်းပြပေးပါရစေ။ အင်္ဂလန်နိုင်ငံမှာ Mask တပ်တာက လူမမာ၊ အရမ်းနေထိုင်မကောင်းဖြစ်တဲ့လူ၊ သူတစ်ပါးကိုရောဂါကူးစက်စေနိုင်တဲ့လူ၊ နေမကောင်းဖြစ်လျှင် အိမ်တွင်းမှာပဲနေရ၊ လူများတဲ့နေရာတွေမှာ မသွားရ၊ နှာချေချောင်းဆိုးလျှင်လည်း လက်တံတောင်ဆစ်ခေါက်ပြီးမှ နှာချေ ချောင်းဆိုးရ၊ ဆိုပြီး သတ်မှတ်ထားတယ်။ အဲဒါကြောင့် Mask တပ်တာဟာ ဒီနိုင်ငံအတွက် အရမ်းထူးဆန်းနေတယ်။
 
ပြင်သစ်နိုင်ငံမှာ တရုတ်လူမျိုးတစ်ယောက်ဆီကနေ ကိုရိုနာဗိုင်းရပ်စ်ရောဂါစစ်ဆေးတွေ့ရှိကြောင်း သတင်းရရှိတဲ့နေ့ကစပြီး ကျွန်မ Mask စတပ်ခဲ့တာပါ။ အဲ့ချိန်မှာ အင်္ဂလန်မှာလည်း ရောဂါတွေ့ရှိကြောင်း သေချာမသိရသေးပေမယ့် အင်္ဂလန်ကို ရောဂါရောက်လာနေပြီဆိုတာကတော့ ကျိန်းသေတယ်။ တရုတ်နှစ်သစ်ကူးကာလအတွင်းမှာ ဟူဘေ က တရုတ်လူမျိုးတွေ (သူငယ်ချင်းရဲ့သူငယ်ချင်းမိသားစု) အင်္ဂလန်ကို အများကြီးလာလည်ပတ်ကြတယ်လို့ ကျွန်မရဲ့ တရုတ်သူငယ်ချင်းတစ်ယောက်က ပြောပြဖူးတယ်။ 
 
ကျွန်မ ကြုံခဲ့ရတဲ့ အနိုင်ကျင့်တဲ့ပုံစံ ကျွန်မကို မသတီတဲ့ အကြည့်နဲ့ ကြည့်တာ၊ ထထွက်သွားတာ၊ ထွက်ပြေးတာ၊ ဒါပေမယ့် အဲဒါတွေကို ကျွန်မ အရေးမလုပ်ပါဘူး။ အရှင်းဆုံးပြောရမယ်ဆိုရင် ရှက်ရမှာထက် ရောဂါဖြစ်မှာကို ပိုကြောက်ရတယ်လေ။ ဒါပေမယ့် အခု အင်္ဂလန်မှာ ရောဂါတွေ့ရပြီး နောက်ပိုင်းမှာ အခြေအနေက ပိုပြီးဆိုးရွားလာနေသလို ခံစားရတယ်။
ဥပမာ - မျက်နှာကြည့်ပြီး အော်ငေါက်တာမျိုး၊ စျေးဝယ်ထွက်လည်း ကိုယ့်ကို ရောဂါသည်တစ်ယောက်လိုမြင်ပြီး စျေးထဲပေးမလျှောက်ဘဲ မောင်းထုတ်တာမျိုး၊ တခါတလေမှာ လျှောက်လမ်းအတူ မပေးလျှောက်ဘဲ ကိုယ်ထိလက်ရောက် တွန်းထုတ်တာမျိုး၊ နောက်ဆုံး ကြုံတွေ့ရတာက ကိုယ်တွေ Mask တပ်ထားတာကို ကြည့်ပြီး You gonna f**king die!!! လို့အော်ပြောသွားပြီး၊ ချောင်းဆိုးအသံကြီးနဲ့ လှောင်ပြောင်ပြသွားတာမျိုးတွေပါ။ နောက်ပိုင်းမှာ အခြေအနေက ပိုပိုဆိုးလာပြီး အကြမ်းဖက်ခံရသလိုမျိုး ခံစားနေရတယ်။
 
နောက်ထပ် ကြုံတွေ့ရတဲ့ပြဿနာတစ်ခုက Mask နဲ့ Alcohol ပစ္စည်းတွေ လုံးဝပစ္စည်းပျက်နေတယ်။ ဒါကလည်း စိုးရိမ်တတ်တဲ့ အာရှ လူမျိုးတွေ အကုန်ဝယ်သွားကြလို့ပါပဲ။ Online မှာ မှာဝယ်လို့ရတဲ့ပစ္စည်းကလည်း စျေးအရမ်းကြီးတယ်၊ ပုံမှန်စျေးထက် ၁၀ ဆအထိတောင် တက်သွားတယ်။
ကျွန်မအမြင်မှာ ဒီနိုင်ငံမှာ ဆရာဝန်ပြဖို့ ၂ ပတ်လောက် ကြိုပြီး ရက်ချိန်းအရင်ယူရတယ်။ ရောဂါကိုတွေ့တာ တခြား နိုင်ငံတွေထက် နောက်ကျသွားနိုင်ပေမယ့် ဒီနိုင်ငံရဲ့ ကူးစက်ရောဂါကာကွယ်ရေးစနစ်ကတော့ ကောင်းမွန်သေးတယ် လို့ ကျွန်မယုံကြည်တယ်။ 
 
ဒါပေမယ့် ကျွန်မ စိုးရိမ်တာက အင်္ဂလန်လူမျိုးတွေရဲ့ ရောဂါကူးစက်ပျံ့ပွားမှုအပေါ်မှာထားတဲ့ အမြင်တွေပါ။ ဒီအချက်ကြောင့်ပဲ ရောဂါပျံ့ပွားနှုန်းကမှု တခြားနိုင်ငံတွေထက် ပိုပြီးမြန်ဆန်နိုင်တယ်လို့ ကျွန်မမြင်မိတယ်။ အမျိုးသားကျန်းမာရေးဝန်ကြီးဋ္ဌာနရော၊ တက္ကသိုလ်ရော၊ ပြည်သူလူထုကို ရောဂါနေ ဘယ်လိုကာကွယ်ရမလဲ၊ နေမကောင်းဖြစ်လျှင် လူများတဲ့နေရာမသွားရလို့ (isolated) အားလုံးက ကျန်းမာရေး အသိပညာတွေပေးနေပေမယ့် တစ်မြို့လုံးမှာ လူနာတွေနဲ့ ပြည့်နှက်နေပြီလို ကျွန်မမြင်တယ်။
 
ကျန်းမာရေးအတွက် ကျွန်မကတော့ ဘယ်ပဲသွားသွား Mask ဆက်တပ်သွားမယ်။ အခုကျွန်မလိုမျိုး အနိုင်ကျင့်ခံရတဲ့ အတွေ့အကြုံရှိတဲ့ သူတွေလည်း အတွေ့အကြုံလေးတွေ မျှဝေပေးကြပါဦးနော်၊ ကျွန်မကတော့ နောက်ထပ်လည်း ထပ်ကြုံတွေ့ရဦးမယ်လို့ ထင်တာပဲ။ လို့ ရေးသားခဲ့ပါတယ်။
 
ဒီအကြောင်း တင်ပြီးသွားပြီးနောက်ပိုင်းမှာ ဆိုရှယ်မီဒီယာသုံးစွဲသူတော်တော်များများ ဝင်ကြည့်ပြီး ပို့စ်ပိုင်ရှင်ကို အားပေးစကားတွေ အများအပြား ပေးသွားခဲ့ပါတယ်။ တချို့ကလည်း အကောင်းဘက်က မြင်ရမယ်ဆိုရင် အခုလို အခြေနေမျိုးမှာ လူတွေကိုယ့်အနား ကပ်မလာလေလေ ပိုကောင်းလေလေ လို့ ဆိုပါတယ်၊  မိမိကိုယ်မိမိ ကြိုတင်ကာကွယ်ထားတာ အကောင်းဆုံးပါလို့လည်း ပြောသွားပါတယ်။

06 Feb 2020     1,481 Views




RELATED

Most Popular of Special or Others

Most Popular of NEWS