အဓ္ဓမပြုကျင့်မှု လျော့ကျရန် ညစ်ညမ်းဗီဒီယိုနဲ့ လိင်ဖျော်ဖြေရေးအရုပ်များ တရားဝင်ခွင့်ပြုသင့်ကြောင်း ထိုင်းပါတီမှ အဆိုတင်သွင်းမည်
04 Feb 2020 1,705 Views

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ထိုင်းနိုင်ငံရေးပါတီကိုယ်စားလှယ်အဖွဲ့ဝင် လူငယ်တစ်ဦး ဖြစ်တဲ့ “မစ္စတာ တရီးရတ် စိရိကျန်ထရိုဖတ်” က ထိုင်းနိုင်ငံ လူမှုပတ်ဝန်းကျင်မှာ ဖြစ်ပေါ်နေသည့် ပြဿနာများစွာထဲမှာ အဓမ္မကျင့်မှုသည်လည်း တနေ့တခြားစိုးရိမ်ရတဲ့ ပြဿနာတစ်ရပ်ဖြစ်ကြောင်း ပြောဆိုပါလိုက်တယ်။
အဆိုပါ ပြဿနာကိုဖြေရှင်းရန်အတွက် ရွေးချယ်ရာ နည်းလမ်းသစ်တစ်ခုအဖြစ် ညစ်ညမ်းဗီဒီယို နှင့်လိင်ဖျော်ဖြေရေး အရုပ်များကို ကြည့်ရှုခြင်း၊ သုံးစွဲခြင်း တို့ကို တရားဝင်ခွင့်ပြုပေးရန် သူတို့ပါတီကနေ တင်ပြသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
မစ္စတာ တရီးရတ် ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းမှာ ပါတီရဲ့နိုင်ငံရေးလှုပ်ရှားမှုသတင်း အချက်အလက်များကို ပြန်ကြားပေးသူ ပါတီကိုယ်စားလှယ် Announcer အဖြစ် ခန့်အပ်ခြင်းခံရပြီး အဓမ္မပြုကျင့်မှုပြဿနာနဲ့ လိင်ပိုင်းဆိုင်ရာ ချိုးဖောက်မှုပြဿနာတွေကို လေ့လာအဖြေရှာမယ့် အပိုင်းကဏ္ဍမှာ တာဝန်ယူ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ဒါဟာ သူ့အတွက် စိန်ခေါ်မှုအပြည့်နဲ့ အရမ်းစိတ်လှုပ်ရှားစရာကောင်းတဲ့ တာဝန်တစ်ခုလို့လည်း ဆိုပါတယ်။ အခုလိုမျိုး ဒီပြဿနာတွေအတွက် သူ့ကိုပြေးမြင်ပြီး အဖွဲ့ဝင်များနဲ့ ပူးပေါင်းဖြေရှင်းဖို့ အခွင့်အရေးပေးတဲ့ ပါတီကိုလည်း အထူးကျေးဇူးတင်တယ်လို့ ဆိုပါတယ်။ ပေးအပ်တဲ့ တာဝန်နဲ့ အလုပ်ကို ကျေပွန်အောင် ထမ်းဆောင်သွားမယ်လို့လည်း ကတိပေးသွားခဲ့ပါတယ်။
.jpg)
“ကျွန်တော် အချက်အလက်တွေအများကြီးလေ့လာခဲ့တယ်၊ လိင်ပိုင်းဆိုင်ရာချိုးဖောက်မှုပြဿနာ ဟာ တစ်နေ့မှာ အမျိုးသမီး ၇ ဦးထက်မနည်း ပြုကျင့်ခြင်းခံနေရတာရှိပြီး၊ ဆေးကုသမှု ခံယူနေကြတဲ့ အမျိုးသမီးတွေ လည်းမနည်းပါဘူး၊ တစ်နှစ် တစ်နှစ်မှာ အမှုတိုင်ကြားတာ အယောက် သုံးသောင်းကျော်တောင် ရှိတာကို တွေ့ရပါတယ်။ အထူးသဖြင့် အသက် ၁၅ ကနေ ၁၉ နှစ် အရွယ်မိန်းမပျိုလေးတွေ များပါတယ်၊ ဒါဟာ တကယ့်စိုးရိမ်စရာကောင်းတဲ့ ပမာဏပါ။
အဓမ္မပြုကျင့်မှုဆိုင်ရာ ဥပဒေကို လေ့လာကြည့်တဲ့အခါမှာ ပြစ်ဒဏ်ချမှတ်မှု အမျိုးမျိုးရှိတယ်ဆိုတာကို တွေ့ရပါတယ်။
အမြင့်ဆုံးပြစ်ဒဏ်တွေက အသက် ၁၅ နှစ်အောက် ကလေးသူငယ်နှင့် အသက် ၁၅ ကနေ ၁၈ နှစ်ကြား ကလေးတွေအပေါ် ကျူးလွန်မှုတွေမှာ ချမှတ်ထားတာ ဖြစ်ပါတယ်။
အကယ်၍ အဓ္ဓမပြုကျင့်မှုမှာ အကြမ်းဖက်မှုပါ ပါနေခဲ့လျှင် ပြစ်ဒဏ်က တစ်ဆင့်ထပ်တိုးသွားမယ်။ မပါလျှင်တော့ ထောင်ဒဏ်ဘယ်နှစ် နှစ်ဆိုပြီး ထောင်ထဲ ခဏဝင်နေလိုက်၊ နှစ်ကလည်းသိပ်မကြာတော့ အချိန်တန်ရင် အပြင်လောကမှာ ပြန်ပြီးခြေဆန့်ကြပြန်ရော။
ပိုပြီးထိတ်လန့်စရာကောင်းတာ ဘာလဲ သိလား..?
မှတ်တမ်း အချက်လက်တွေအရ အဓမ္မမှု ကျူးလွန် ဖူးတဲ့ လူတွေဟာ နောက်တစ်ခေါက်ထပ်ပြီး ကျူးလွန်လေ့ရှိတာကို တွေ့ရတယ်။ ဒါကို ကြည့် ခြင်းအားဖြင့် အမှားကျူးလွန်သူကို ပြစ်ဒဏ်ပေးခြင်းက တကယ်ထိရောက်ရဲ့လား၊ ဒါမှမဟုတ် ပြဿနာကို နည်းလမ်း မှန်ကန်စွာနဲ့ ဖြေရှင်းနေတာ ဟုတ်ရဲ့လားဆိုတာ စဉ်းစားစရာရှိပါတယ်။
သဘာဝအရ သွေးသားနဲ့တည်ဆောက်ထားတဲ့ လူသားအားလုံးမှာ လိင်ပိုင်းဆိုင်ရာ လိုအင် ဆန္ဒတောင့်တမှုနဲ့ မကင်းကြပါဘူး။ ကိုယ့်စိတ်ကျေနပ်မှုအတွက် ထွက်ပေါက်အမျိုးမျိုးရှိကြပါတယ်။ ဒါကြောင့် ညစ်ညမ်းဗီဒီယိုများနဲ့ လိင်ဖျော်ဖြေရေးအရုပ်တွေကို တရားဝင်ဖြစ်သွားအောင် တင်ပြမယ်လို့ စဉ်းစားမိတာဖြစ်ပါတယ်။ ဒီနည်းလမ်းကက အဓမ္မပြုကျင့်မှုတွေ လျှော့နည်းဖို့အတွက် အထောက်အကူပြုတဲ့ နည်းလမ်းတစ်ခုလို့လည်း ယုံကြည်တယ်။
ဘာလို့လဲဆိုတော့ သူတစ်ပါးကို သွားပြီးပြစ်မှားမယ့်အစား အဲဒီအရာတွေပေါ်မှာ ဆန္ဒကို လွပ်လွပ်လပ်လပ် ဖွင့်ထုတ်လိုက်ဖို့ နေရာလည်းဖြစ်ပါတယ်၊ တစ်နည်းအားဖြင့် အရှင်းဆုံးပြောရရင် အဲဒီအရာတွေက လိင်ပိုင်းဆိုင်ရာထွက်ပေါက် တစ်ခုဖြစ်လို့ပါပဲ။
ထိုင်းနိုင်ငံမှာ အခုလိုမျိုး အိုင်ဒီယာကို တင်ပြတာ ကျွန်တော်ပထမဦးဆုံး မဟုတ်ပါဘူး။ ထိုင်းနိုင်ငံဟာလည်း တခြားနိုင်ငံတွေလိုပဲ လိင်ပိုင်းဆိုင်ရာ စိတ်ဝင်စားမှုများတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တယ်လို့ တချို့သုတေ သနလေ့လာချက်တွေ၊ တချို့စစ်တမ်းတွေမှာ ဖော်ပြထားတာတွေ့ရပါတယ်။
ထိုင်းနိုင်ငံမှာ ရှေးရိုးစွဲနဲ့ ခေတ်ဆန်တဲ့ယဉ်ကျေးမှုစနစ် နှစ်မျိုးရှိနေတဲ့အတွက် နောက်ဆုံးမှာ အပြေလည်ဆုံးဖြစ်အောင်တော့ အဖြေရှာကြရမယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်တမ်းအရဆို ထောင်ဒဏ်ချမှတ်ရုံလေးနဲ့ အဓမ္မကျင့်မှုပြဿနာက လျော့နည်းမသွားဘူးဆိုတာ သိသာနေလို့ပါ။
ဂျပန်နိုင်ငံမှာဆိုရင် လိင်ပိုင်းဆိုင်ရာဖျော်ဖြေမှုတွေကို တရားဝင်ခွင့်ပြုထားပါတယ်။ ထိုင်းလူမျိုးတွေမှာလည်း ဂျပန်တွေလိုမျိုး အဲဒီအရာတွေကို လိုက်စားနေတဲ့လူ မနည်းပါဘူး။ ယဉ်ကျေးမှုအရ၊ ဥပဒေအရ စည်းကမ်းကြီးမားပြီး ရှေးရိုးစွဲလွန်တဲ့ ဂျပန်လို နိုင်ငံမျိုးတောင် လိင်ပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုအပိုင်းမှာ အရမ်းလွတ်လပ်မှုရှိတာ ဘာကြောင့်များလဲဆိုတာ စိတ်ဝင်စားစရာပါ” လို့ သူ့ရဲ့ လူမှုကွန်ယက် ဖေ့စ်ဘွခ်ပေါ်ကနေ ရေးသားဖော်ပြခဲ့ပါတယ်။
သူတင်ပြသွားခဲ့တဲ့ အကြောင်းအရာတွေနဲ့ သဘောထားတွေကတော့ လူမှုပတ်ဝန်းကျင်မှာ အငြင်းပွားမှုတွေ၊ သဘောထားကွဲလွဲမှုတွေ အမျိုးမျိုးရှိနေနိုင်ပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆက်တွဲ ဖြစ်လာမယ့် အကျိုးသက်ရောက်မှုတွေကို ဘက်စုံကနေ သေသေချာချာ လေ့လာရပါဦးမယ်။ နောက်ဆုံးမှာတော့ တရားဝင်ခွင့်ပြုချက် ရလား၊ မရလား ဆိုတာကို စောင့်ကြည့်သွားရဦးမှာဖြစ်ပါတယ်။