Music video ရိုက်ရင်း ဆံပင်အရှည်ကို ကတုံးရိတ်ခဲ့တဲ့ May
04 Feb 2020 1,725 Views
မော်ဒယ်သရုပ်ဆောင်တစ်ဖြစ်လဲ အဆိုတော်အဖြစ်ပါ ပရိသတ်ရဲ့အားပေးနှစ်ခြိုက်မှုကိုရရှိထားတဲ့ မေကတော့ ပရိသတ်တွေစိတ်ဝင်စားမယ့် ပုံရိပ်လေးတွေကိုချပြလာပါတယ်။ အဲ့တာကတော့ သူမရဲ့အသစ်ထွက်ရှိထားတဲ့ “Good Bye” သီချင်းလေးရိုက်ကူးခဲ့စဉ် ရိုက်ကွင်းနောက်ကွယ်က ပုံရိပ်တွေကိုချပြလိုက်တာဖြစ်ပါတယ်။
>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<
Good Bye သီချင်းရဲ့ Music video ကိုတော့ ၂၀၁၉ ခုနှစ် မေလတုန်းက ရိုက်ကူးခဲ့တာဖြစ်ပြီး သူမအနေနဲ့ Depression တွေခံစားနေရချိန်မှာ ရိုက်ကူးခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်တယ်လို့ သိရပါတယ်။ Depression တွေဝင်နေချိန် ဖြစ်ပေါ်လာတဲ့ခံစားမှုအရ ပုံဖော်ရိုက်ကူးခဲ့တဲ့သီချင်းတစ်ပုဒ်ဖြစ်ပြီး သူမရဲ့ဆံပင်အရှည်တွေကို တကယ်ကတုံးရိတ်ခဲ့ခြင်းဖြစ်ပါတယ်။။ Music video ရိုက်ကူးပြီးနောက်ရက်မှာတော့ မယ်သီလရှင်ဝတ်ပြီး အေးချမ်းမှုကိုရှာခဲ့တယ်လို့လည်း သိရပါတယ်။ ထိုအကြောင်းကိုတော့ မေကယခုလိုလေး ပြောထားပါတယ်။
“GOODBYE”
2019 ရဲ့ လတစ်ချို့ကို "Depression” ဆိုတဲ့အရာနဲ့ ကျွန်မ ဖြတ်သန်းဖြစ်ခဲ့ပါတယ်. ဒီ video လေးက အဲ့ချိန်မှာဖြစ်ပေါ်ခဲ့တဲ့ ခံစားမှုအရဖြစ်လာတဲ့ video လေးပေါ့နော်. 2019, May လမှာရိုက်ဖြစ်ခဲ့တာပါ. ဒီသီချင်းထဲကနေ ကျွန်မ နှုတ်ဆက်ချင်တဲ့အရာတွေကတော့ တစ်ချို့အတိတ်တွေ ဖြတ်သန်းခဲ့ဖူးတဲ့ struggle တွေ ပြန်မရောက်ချင်တော့တဲ့အချိန်တွေပါ.. ဒီ video ရိုက်တဲ့အချိန်မှာ ကျမအတွက် အရမ်း emotional ဖြစ်ခဲ့ပါတယ် ခြုံပြောရရင်တော့ “ဝမ်းနည်းခြင်း”ပေါ့ ဒါပေမယ့် ဒီ video ဒီသီချင်းအတွက်လည်း ကျွန်မ အရမ်းကျေနပ်ပါတယ်” လို့ သူမရဲ့အသစ်ထွက်ရှိထားတဲ့ ’Good Bye’ သီချင်းနဲ့ပတ်သက်ပြီး ပြောထားတာပါ။
မေရဲ့ Good Bye သီချင်းလေးကိုရော နားထောင်ကြပြီးပြီလား… Depression တွေဝင်နေချိန် ပုံဖော်ရိုက်ကူးခဲ့တဲ့ သူမရဲ့ Good Bye သီချင်း music video လေးကိုပါဖော်ပြပေးလိုက်ပါတယ်နော်…
(ပိုပိုလေး)