တရုတ်တွင် ကြက်ငှက်တုတ်ကွေး ပြန့်ပွားမှုနေကြောင့် ကြက်ကောင်ရေများစွာ သုတ်သင်ပစ်
03 Feb 2020 1,455 Views
တရုတ်နိုင်ငံ ဟူနန်ပြည်နယ်တွင် ကြက်ငှက်တုတ်ကွေး H5N1 ပြန့်ပွားမှုကြောင့် မွေးမြူရေးခြံများမှ ထောင်နဲ့ချီတဲ့ ကြက်တွေကို သုတ်သင်ခဲ့ရကြောင်း တရုတ်အစိုးရ သတင်းထုတ်ပြန်ခဲ့သည်။
ဖေဖော်ဝါရီ ၁ ရက်နေ့က ဟူနန်ပြည်နယ် ရှိုယန်းစီရင်စုရှိ ကြက်မွေးမြူရေးခြံများမှ ကြက်ကောင်ရေ ၁၈,၀၀၀ သုတ်သင်ခဲ့ကြောင်း စိုက်ပျိုးရေးနဲ့မွေူမြုရေးဝန်ကြီးဌါနက ပြောဆိုလိုက်သည်။
ဒါပေမယ့် နောက်ထပ် ကြက်ကောင်ရေ ၄,၅၀၀ ခန့်ဟာ ကူးစက်ခံရမှုကြောင့် သေဆုံးခဲ့ပြီး တုတ်ကွေးစတင်ဖြစ်ပွားရာ မွေးမြူရေးခြံမှာ ထက်ဝက်ကျော်ခန့် သေဆုံးခဲ့ကြောင်း သိရသည်။ H5N1 အမျိုးအစားဟာ ငှက်တုတ်ကွေးအပြင်စားဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားပြီး ယခုအချိန်ထိတော့ လူကိုကူးစက်ခြင်းမရှိသေးကြောင်း သိရသည်။
“ရှိုယန်း”စီရင်စုဟာ ဝူဟန်မြို့ရဲ့တောင်ဘက် မိုင် ၃၀၀ အကွာမှာ တည်ရှိပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO ရဲ့ မှတ်တမ်းအရ ၂၀၀၃ ခုနှစ်က H5N1 တုတ်ကွေးကြောင့် လူပေါင်းရာချီ သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။
အဆိုပါ တုတ်ကွေးကို ယခုသီတင်းပတ်အတွင်းမှာပဲ အိန္ဒိယနိုင်ငံမှာ တွေ့ခဲ့ရပါတယ်။ ဘာကွန်ထပ်ပါ ပြည်နယ်မှာရှိတဲ့ မွေးမြူရေးခြံမှာ ကြက်ငှက်ပေါင်း ၂၁,၀၆၀ မွေးမြူထားတဲ့အထဲက အကောင်ရေ ၅,၆၃၄ တုတ်ကွေးကူးစက် သေဆုံးခဲ့ပါတယ်။ ကျန်ခဲ့တဲ့ ကြက်ငှက်တွေကိုလည်း သုတ်သင်ပစ်ခဲ့ရကြောင်း အာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့သည်။