လူနာများထံမှ ဗိုင်းရပ်စ်ကူးစက်ခံရပြီး ပထမဆုံး ကျန်းမာရေးဝန်ထမ်းတစ်ဦး သေဆုံး
31 Jan 2020 1,473 Views
ဗိုင်းရပ်စ်ကူးစက်ခံ လူနာရာပေါင်းများစွာကို ကုသပေးနေရင်းနဲ့ ကိုယ်တိုင် ဗိုင်းရပ်စ်ကူးစက်ခံရပြီး အသက် ၆၂ နှစ်အရွယ် ကျန်းမာရေးဝန်ထမ်းတစ်ဦး သေဆုံးသွားခဲ့ပါတယ်။ လူနာတွေ ပြည့်ကျပ်ညပ်နေတဲ့ ဆေးရုံပေါ်မှာ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ အချိန်ပြည့်ဆေးရုံမှာ ရှိနေပြီး နေရာလွတ်မရှိတော့တဲ့အတွက် ခုံတွေ၊ ဆေးရုံကြမ်းပြင်တွေပေါ်မှာ ဖြစ်သလို လှဲလှောင်း အိပ်စက်အနားယူနေကြရပါတယ်။
ဒီအခြေအနေတွေကို ကြည့်ခြင်းအားဖြင့် ဗိုင်းရက်စ်ကူးစက်မှုဟာ ကြောက်စရာကောင်းလောက်အောင် ပျံ့နှံ့မှုမြန်နေတာကို တွေ့ရပါတယ်။
Liang Wudong အသက် ၆၂ နှစ်ဟာ ပင်စင်ယူထားတဲ့ ကျန်းမာရေးဝန်ထမ်းဖြစ်ပါတယ်။ သူဟာ ဟူဘေစင်ဟွာဆေးရုံကြီးက နား၊ နှာခေါင်း၊ လည်ချောင်းဌါနမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကျန်မာရေးဝန်ထမ်းဟောင်းဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိဖြစ်ပေါ်နေတဲ့ ဆေးရုံတွေမှာ ကျန်းမာရေးဝန်ထမ်း မလုံလောက်မှုကို သူ့ရဲ့ပင်ကိုယ်လူမှုရေးစိတ်ဓါတ်နဲ့ ဝင်ရောက်ကူညီဖို့ ဆေးရုံမှာ ပြန်လည်အမှုထမ်းခဲ့သူဖြစ်ပါတယ်။
ဇန်နဝါရီလ ၁၆ ရက်နေ့မှာ သူဝင်ရောက်လုပ်ကိုင်နေတဲ့ ဟူဘေပြည်နယ်ဆေးရုံမှာ လူနာတွေဆီကနေ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပါတယ်။ Wudong က သူ့ရဲ့ရင်ဘတ်တစ်ခုလုံး တင်းကျပ်သလိုခံစားရတယ်လို့ အကြောင်းကြားခဲ့ပြီးနောက် စစ်ဆေးကြည့်ခဲ့ရာ ရင်ဘတ်ထဲမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရတာကို တွေ့ရှိပြီးနောက် ထပ်မံမကူးစက်စေရန် စောင့်ရှောက်ကာကွယ်ထားရာမှ သေဆုံးသွားခဲ့ပါတယ်။
Wudong ဟာ ယခင်ကလည်း ရင်ဘတ်ပိုင်းနဲ့ နှလုံးရောဂါအခါရှိကြောင်း သိရပြီး အခုလို ဗိုင်းရပ်စ်ကူးစက်ခံလိုက်ရတဲ့အခါမှာတော့ ကြံကြံမခံနိုင်ပဲ အသက်ဆုံးခဲ့ရတာဖြစ်ပါတယ်။ သူသေဆုံးခဲ့တဲ့သတင်း ပျံ့နှံ့ခဲ့ပြီးနောက်မှာတော့ လူအများအတွက် သူရဲကောင်းစိတ်ဓါတ်နဲ့ အန္တရာယ်ကြီးမားတဲ့ လုပ်ငန်းခွင်ကို ပြန်လာခဲ့တဲ့အပေါ် ချီးကျူးလေးစားပြီး စိတ်မကောင်းဖြစ်နေကြကြောင်း သိရသည်။