BEC-TERO TV

မိုးအောင်ရင်နဲ့ရခဲ့ဖူးတဲ့ ကိုယ်ဝန်အကြောင်း ထုတ်ပြောလိုက်တဲ့ မခင်မြတ်နိုး

31 Jan 2020     1,743 Views


ပရိသတ်ကြီးရေ လတ်တလောလူမှုကွန်ယက်ပေါ်မှာ ဖြစ်ပျက်နေတဲ့ သတင်းအကြောင်းအရာများထဲမှ အနုပညာအသိုင်းအဝိုင်းနဲ့ပတ်သက်တဲ့ သတင်းရပ်ဝန်းမှာတော့ ကာမလိမ်လည်မှုနဲ့ ထပ်မံတရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင်မိုးအောင်ရင်ရဲ့အမှုဟာလဲ လူပြောများစရာ စိတ်ဝင်စားမှုမြင့်တက်နေတဲ့ သတင်းအမှုတွဲတစ်ခုဖြစ်ပါတယ်။ အားလုံးသိထားကြတဲ့အတိုင်း သရုပ်ဆောင်မိုးအောင်ရင်ဟာ မူးယစ်ဆေးမှုနဲ့ထောင်ဒဏ် (၁၇) နှစ်ထိ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပေမယ့် ကံကောင်းထောက်မစွာနဲ့ ပြန်လည်လွတ်မြောက်လာတာမှမကြာသေး ရည်းစားဟောင်းဖြစ်သူရဲ့ ထပ်မံတရားစွဲဆိုခြင်းကိုခံခဲ့ရတာဖြစ်ပါတယ်။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

ချစ်သူရည်းစားတွေအဖြစ် (၄) နှစ်တာလောက်လက်တွဲခဲ့ပေမယ့် မိုးအောင်ရင်မှ ချစ်သူနဲ့လမ်းခွဲလိုက်ပြီဖြစ်ကြောင်း ကြေညာချက်အပြီးမှာ တရားလိုဖြစ်သူ မခင်မြတ်နိုးက စတင်တရားစွဲဆိုခဲ့တာလည်းဖြစ်ပါတယ်။ မိုးအောင်ရင် အချုပ်ကျနေစဉ်ကာလအတွင်းမှာလဲ ကိုယ်တိုင်ထမင်း၊ ဟင်းချိုင့်များ ချက်ပြုတ်ပေးပို့ကာ ချစ်သူအပေါ်သစ္စာရှိရှိနဲ့စောင့်ဆိုင်းခဲ့တဲ့ အမျိုးသမီးဖြစ်တာကြောင့် မိုးအောင်ရင်ကိုယ်တိုင်က ချစ်သူအပေါ်ကျေးဇူးတင်မိကြောင်း ဖွင့်ဟပြောဆိုဖူးသလို ပရိသတ်တွေကလဲ မခင်မြတ်နိုးကို ချီးကျူးစကားဆိုခဲ့ကြပါသေးတယ်။

ယခုချိန်မှာတော့ အမှန်တရားရရှိဖို့အတွက် ချစ်သူဟောင်းကိုတရားစွဲခဲ့တာပါဆိုတဲ့ မခင်မြတ်နိုးက ယနေ့ပြုလုပ်တဲ့ရုံးချိန်းမှာအပြီးမှာ မိုးအောင်ရင်နဲ့ကြားကဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတစ်ခုကို ထုတ်ဖော်ပြောပြလာပါတယ်။ အဲ့တာကတော့ သူမဟာ မိုးအောင်ရင်နဲ့ကိုယ်ဝန်ရခဲ့ဖူးပြီး ထိုကိုယ်ဝန်ကိုဖျက်ချခဲ့ဖူးကြောင်း မီဒီယာတွေကနေ ထွက်ဆိုလိုက်တာဖြစ်ပါတယ်။

အမှန်တရားအတွက် မခင်မြတ်နိုးပြောပြခဲ့တာကာ “ဒီနေ့က ညီမကိုစစစ်တယ်။ သက်သေတစ်ချို့တော့ တင်ထားတယ်။ အသံဖို့င်တို့ ဓာတ်ပုံတို့ကအစ သက်သေတင်ထားတယ်။ သူတို့မိဘတွေနဲ့အတူတူနေတယ်။ သူတို့မိဘတွေက သဘောတူလို့ သူတို့အိမ်မှာတူတူသွားနေတယ်။ ဘယ်အချိန်ကတွဲတယ်၊ ဘယ်အချိန်က နှင်ချခဲ့တယ်ဆိုတာ အဲ့တာတွေအားလုံးကို သက်သေအဖြစ်ထွက်ဆိုတဲ့တာပါ”

“ဖြစ်တာကတော့ အရင်ထဲက သူမူးယစ်အမှုနဲ့ ထောင်မကျခင်ကတည်းကဖြစ်ခဲ့တာ။ အဲ့တာတွေက ထုတ်ပြောချင်ရင်တောင် ထုတ်ပြောလို့မရခဲ့ဘူး။ သူ့ဘက်ကိုကြည့်ခဲ့တယ်၊ သူကမင်းသားတစ်ယောက်ဆိုတော့ သူဂုဏ်သိက္ခာထိခိုက်မှာစိုးလို့ ထုတ်မပြောခဲ့တာတွေ အများကြီးရှိတယ်။ သူဒီလိုမျိုးလုပ်လား မလုပ်လားဆိုတာကတော့ သူနဲ့အရင်တွဲခဲ့ဖူးတဲ့ ကောင်မလေးတွေဆိုလည်း သိမှာပါ။ ညီမအမှန်အတိုင်းပြောနေတယ်ဆိုတာ"

”မိုးအောင်ရင်နဲ့ ကိုယ်ဝန်ရခဲ့ဖူးတဲ့အကြောင်းကိုတော့ “သူ့အဖေ၊ အမေကိုယ်တိုင်က သဘောတူပြီး သူတို့အိမ်ခေါ်သွားတာဆိုတော့ လင်မယားအရာမြောက်ခဲ့တာပေါ့။ ကိုယ်ကတော့ယုံခဲ့တာပေါ့ အဲဒီလိုကတိဖျက်မယ့်လူမဟုတ်ဘူးဆိုတာ တထစ်ချယုံခဲ့တာပေါ့။ အဲ့ဒီတုန်းက အက်ထရာစောင်းရိုက်ကြည့်တော့ ကလေးကနှလုံးမခုန်တော့ဘူး။ နှလုံးမခုန်တော့ဘူးဆိုလို့ ဆာကူရာဆေးရုံမှာ သေသေချာချာလုပ်ခဲ့တာပါ။ ဒီအတိုင်း တစ်ခြားဟိုလိုမျိုး ဖျက်ချခဲ့တာမျိုးတော့မဟုတ်ပါဘူး” ဆိုကာ ကလေးနှလုံးမခုန်တော့တာကြောင့် ကိုယ်ဝန်ကိုရှင်းလင်းခဲ့တာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။

ယခုလိုအကြောင်းအရာတွေကို ထုတ်ပြောရခြင်းနဲ့ပတ်သက်ပြီးလည်း  “စိတ်တော့မကောင်းဘူး။ ဒါတွေက ပြောချင်လို့ပြောရတာတော့မဟုတ်ဘူး။ သူ့ဘက်ကိုယ့်ဘက်တော့ ကြည့်ရတာပေါ့။ ကိုယ့်ဘက်နဲ့ပတ်သက်လာပြီဆိုရင်တော့လဲ ကိုယ့်ဘက်ကအစွမ်းကုန် ပြောသင့်ပြောထိုက်တာတော့ ပြောရတော့မှာပေါ့။ သူတို့ဘက်ကစပြီးပြောလိုက်ကတည်းက ကိုယ့်မှာက ရှက်စရာအရှက်လဲ မရှိတော့ဘူးလေ။ သူတို့ခွဲပြီးသွားတော့ အရှက်ကလဲကမ်းကုန်အောင် ကုန်နေပြီဆိုတော့ မထူးတော့ဘူးလေ ကိုယ်လဲပြောစရာရှိတာ ပြောရတော့မှာပဲ။ မရှိ ရှိမယ့်သတ္တိကိုမွေးပြီးတော့ ပြောရတာပေါ့” ဆိုပြီး ပြောပြသွားခဲ့ပါတယ်။

ဒါ့အပြင် သူမလိုချင်တဲ့တရားမျှတမှုပုံစံကိုလည်းပြောပြသွားခဲ့ပါတယ်။ “သူတို့ပြောထားသလိုမျိုးပဲ (၃) နှစ်ထောင်ဒဏ်ဆိုလဲ ထောင်ဒဏ်ပေါ့နော် အဲ့လိုအမှန်အတိုင်းမျိုးပဲဖြစ်စေချင်တယ်”လို့ ဆိုပါတယ်။ နောက်ထပ်ရုံးချိန်းကိုတော့ ဖေဖော်ဝါရီလ (၁၄) ရက်နေ့မှာ ထပ်မံချိန်းဆိုထားတယ်လို့လဲ သိရပါတယ်။

(ပိုပိုလေး)

Source_8 Days, Photos_Pan Pwint


31 Jan 2020     1,743 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS