BEC-TERO TV

လင်းနို့ထောင်ချီရှိနေတဲ့ အိမ်ဟောင်းကြီးက ရပ်ကွပ်သားများကို ခြောက်လှန့်နေ (ရုပ်သံ)

31 Jan 2020     1,523 Views


တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေပြီး ကုသနိုင်မယ့်ဆေး တွက်တွက်ကျယ်ကျယ် မရှိသေးသည့် ကိုရိုနာဗိုင်းရပ်စ်(ဝူဟန်ဗိုင်းရပ်စ်)ဟာ လင်းနို့တွေဆီကနေ ပေါက်ပွားတာလို့ ပညာရှင်တွေ အတည်ပြုပြောကြားလိုက်ပြီးနောက်မှာ လင်းနို့ထောင်နဲ့ချီ စုရုံးနေတဲ့ အိမ်ဟောင်းကြီးတစ်လုံးကြောင့် ရပ်ကွက်သူရပ်ကွက်သာတွေ ထိန့်လန့်နေကြပါတယ်။

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ဘန်မောင်ရပ်ကွက်က အိမ်အမှတ် ၆၅၇/၆ နေအိမ်အဟောင်းကြီးတစ်လုံးမှာ ထောင်နဲ့ချီတဲ့လင်းနို့တွေ ရှိနေတာကြောင့် အာဏာပိုင်တွေ အကူအညီပေးနိုင်ရန် အိမ်ပိုင်ရှင်နဲ့ ရပ်ကွက်လူထုက မီဒီယာတွေကို ဖိတ်ကြားပြီး အသိပေးခဲ့ပါတယ်။

ခြံဝင်းကျယ်ကြီးနဲ့ ရှေးဟောင်းပုံစံ သစ်သားအိမ်ကြီးဟာ ပိုင်ရှင်တွေ ရှိကြပေမယ့် လူနေထိုင်ခြင်းမရှိပဲ ပစ္စည်းတွေ သိုလှောင်တဲ့ နေရာအဖြစ်ရှိနေတာ ကြာပါပြီ။ အိမ်ပိုင်ရှင်ဖြစ်တဲ့ အသက် ၈၀ အရွယ် အမျိုးသမီးကြီးက သူတို့မိသားစု အိမ်နေရာအသစ်ကို ပြောင့်ရွေ့နေထိုင်ခဲ့ကြတာ ကြာပြီဖြစ်ပြီး ဒီအိမ်ကြီးကိုတော့ ပိတ်ထားခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်လောက်က စတင်ကာ လင်းနို့တွေ ရောက်လာပြီး အသိုက်ဖွဲ့ကာ စတင်နေထိုင်ခဲ့ကြပါတယ်။ လင်းနို့တွေကို မောင်းထုတ်ပေမယ့် ထွက်မသွားပဲ ပြန်ရောက်လာတာကြောင့် လက်လျော့ခဲ့ကြပါတယ်။

လင်းနို့တွေမလာအောင် သံဇကာကွက်ချတာ၊ ရောင်ပြန်စီဒီပြားတွေ ချိပ်ဆွဲတာတွေ လုပ်ခဲ့သလို သက်ဆိုင်ရာ အာဏာပိုင်တွေကို အကြောင်းကြားခဲ့ပေမယ့် လာရောက်ကြည့်ရှုပြီး ဒီအတိုင်းပဲ ပြန်သွားခဲ့ကြတယ်လို့ အသက် ၄၉ နှစ်အရွယ် အိမ်ပိုင်ရှင် မိသားစုဝင် အမျိုးသမီးက ပြောပြပါတယ်။

လင်းနို့တွေဟာ ညနေစောင်းတာနဲ့ အစာရှာဖို့ အိမ်ကြီးထဲကနေ အုပ်လိုက်ပျံသွားကြပြီး နောက်တစ်နေ့ နံနက်မှ ပြန်ဝင်လာကြပါတယ်။ အိမ်ထဲမှာ လင်းနို့ချေးတွေနဲ့ အညစ်အကြေးတွေရှိနေပြီး ကိုရိုနာဗိုင်းရပ်စ်ရဲ့ သတင်းကြောင့် ရပ်ကွက်ထဲကလူတွေ အလွန်အမင်းစိုးရိမ်နေကြပါတယ်။

အခုဆိုရင် လင်းနို့အကောင်ရေများပြားလာပြီး အနံ့အသက်တွေကလည်း ပတ်ဝန်းကျင်ကိုပါ အနှောက်အယှက် ပေးနေပါတယ်။ အဆိုးဆုံးကတော့ ကိုရိုနာဗိုင်းရပ်စ် ပျံ့လာမှာကို စိုးရိမ်နေတဲ့အတွက် အိမ်ရှင်တွေက မီဒီယာတွေကို ဖိတ်ပြီး တာဝန်ရှိသူတွေဆီကနေ အကူအညီတောင်းခံလိုက်တာဖြစ်ပါကြောင်း သိရသည်။


31 Jan 2020     1,523 Views




RELATED

Most Popular of Special or Others

Most Popular of NEWS