BEC-TERO TV

ဗိုင်းရပ်စ်သံသယရှိ ကိုယ်ဝန်သည်ကို ဆရာဝန်တွေ အသက်နဲ့ရင်းပြီး ကလေးမီးဖွားပေး

29 Jan 2020     1,562 Views


ဗိုင်းရပ်စ်ကူးစက်ခံထားရသည်ဟု သံသယရှိထားသော ဝူဟန်မြို့ ဆေးရုံမှ ကိုယ်ဝန်သည် လူနာ အမျိုးသမီးတစ်ဦးကို ဇန်နဝါရီလ ၂၆ ရက်နေ့က ဆရာဝန်တွေ အသက်နဲ့ရင်းပြီး အောင်မြင်စွာ ကလေး မီးဖွားပေးနိုင်ခဲ့ပါတယ်။

‘ရှိုယန်’ အမည်ရှိတဲ့ အသက် ၂၈ နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီးဟာ ယခုလအစောပိုင်းကတည်းက ဝူဟန်ဗိုင်းရပ်စ် သံသယရှိ လူနာအဖြစ်နဲ့ ဆေးရုံတက်နေခဲ့ရပါတယ်။ ကိုယ်ဝန် ၃၇ ပတ်သားရောက်လာတဲ့အချိန်မှာ သူမရဲ့ ကျန်းမာရေးအခြေအနေက ကိုယ်ဝန်ကြောင့် ပိုဆိုးလာပါတယ်။ ကိုယ်ဝန်ဆောင်နေတဲ့အတွက် သူမကို တစ်ကယ်ထိရောက်တဲ့ ကုသမှုတွေ လုပ်ပေးလို့ မရတာကြောင့် အခြေအနေက ဆိုးရွားလာခဲ့တာပါ။

ကိုယ်ပူရှိန်တွေ အမြင့်ဆုံးရောက်ပြီး တစ်ချိန်လုံး ချောင်းတွေဆိုးကာ ဖျာနာမှုဒဏ်ကို အလူးအလဲခံနေရတဲ့ အမျိုးသမီးကို ခွဲစိတ်ဆရာဝန်တွေက သူတို့အသက်နဲ့ ရင်းပြီး ကလေးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပါတယ်။

သူမကို ခွဲမွေးပေးတဲ့ ဆရာဝန် ‘ကျိုးယင်’ က မွေးပေးတဲ့ အချိန်မှာ အကာအကွယ်ဝတ်စုံတွေ၊ လက်အိတ်တွေ အကုန်လုံးကို နှစ်ထပ်ဝတ်ဆင်ထားရတဲ့အတွက် လုပ်ရကိုင်ရ အလွန်ခက်ခဲကြောင်း၊ တစ်နာရီကြာမျှ ခက်ခက်ခဲခဲ မွေးဖွားပေးခဲ့ရကြောင်း ပြောပြခဲ့ပါတယ်။

မိခင်ဖြစ်သူဟာ ဝူဟန်ဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ အတည်မပြုနိုင်သေးပေမယ့် ကလေးကို မွေးပြီးပြီးခြင်း မိခင်နဲ့ခွဲကာ ရောဂါကူးစက်မှုကို ကာကွယ်တဲ့အနေနဲ့ အိမ်ကိုပြန်ပို့လိုက်ပါတယ်။ ကလေးက ရောဂါကင်းစင်ပြီး ကျန်မာပါစေလို့ မိခင်ဖြစ်သူနဲ့ ဆရာဝန်တွေက မျှော်လင့်ဆုတောင်းနေကြကြောင်း သိရသည်။


29 Jan 2020     1,562 Views




RELATED

Most Popular of International News

Most Popular of NEWS