BEC-TERO TV

ဘန်ကောက်တွင် စိတ္တဇလူသတ်သမားကို လူအရိုးပေါင်းများစွာနဲ့ ဖမ်းဆီးရမိ

21 Jan 2020     1,928 Views


ထိုင်းနိုင်ငံက လူသတ်သမားတစ်ယောက်ရဲ့ သားဖြစ်သူဟာ သူ့ရဲ့နေအိမ်ခြံဝိုင်းထဲက ရေကန်ထဲမှာ လူတွေသတ်ပြီး မြုတ်ထားတာကို ရဲအဖွဲ့က စုံစမ်းဖော်ထုတ်နိုင်ခဲ့ပါတယ်။ သတ်ခံရသူတွေဟာ အမျိုးသမီးတွေဖြစ်ပြီး လူရိုးစုပေါင်း ၂၉၈ ခုကို ရဲအဖွဲ့က ဆယ်ယူတွေ့ရှိခဲ့တာဖြစ်ပါတယ်။

လွန်ခဲ့သည့် ၆ လခန့်က ပျောက်ဆုံးသွားခဲ့သော အသက် ၂၂ နှစ်အရွယ် “ဝါရီသွန်း ချိုင်ယာချတ်” ဆိုသူ မိန်းကလေးရဲ့ အလောင်းကို သူမ၏ ရည်းစားဖြစ်တဲ့ အသက် ၄၀ နှစ်အရွယ် “အပီချိုင် အုန်းဝီဆစ်” ရဲ့ နေအိမ်ခြံထဲက ရေကန်ထဲမှာ ဇန်နဝါရီလ ၉ ရက်နေ့က ပြန်လည်ဆယ်ယူ တွေ့ရှိခဲ့ပြီးနောက် စိတ္တဇလူသတ်သမားကို ဖမ်းဆီးထိန်းသိမ်းလိုက်တာ ဖြစ်ပါတယ်။ “ဝါရီသွန်း ချိုင်ယာချတ်” ရဲ့ နောက်ကျောပြင်မှာ ထိုးထားတဲ့ ထက်တူးကြောင့် သူမရဲ့အလောင်းဖြစ်တယ်ဆိုတာကို ပိုပြီးအတည်ပြုနိုင်ခဲ့ပါတယ်။

အလောင်းကို သံကြိုးများနဲ့ ချည်နှောင်ကာ လေးလံတဲ့အရာဝတ္တုတွေ ချိပ်ဆွဲပြီး ရေကန်ရဲ့ အောက်ဆုံးမှာ နှစ်မြုတ်ခံထားရတာဖြစ်တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။

“အုန်းဝီဆစ်” ဟာ သူ့ရဲ့ရည်းစား “ချိုင်ယာချတ်” က သူ့ကိုထားခဲ့မည်စိုးသဖြင့် သံသေတ္တာထဲမှာ ထည့်ပိတ်ထားခဲ့ပါတယ်။ “အုန်းဝီဆစ်” က “ချိုင်ယာချတ်” ကို ၂၀၁၉ ခုနှစ် သြဂုတ်လက သူ့ရဲ့နေအိမ်မှာ သတ်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ သူ့ရဲ့ထွက်ဆိုချက်အရ သူဟာ ပိတ်လှောင်ထားတဲ့ သံသေတ္တာကို ဖွင့်လိုက်တဲ့အခါ သူမက သေဆုံးနေပြီလို့ ထွက်ဆိုထားပါတယ်။ မီဒီယာတွေကတော့ သူ့ကို သံသေတ္တာစိတ္တဇလူသတ်သမားလို့ ကင်ပွန်းတပ်ထားကြပါတယ်။

ရဲအရာရှိတွေက ရေကန်ထဲမှာ အခြားသတ်ဖြတ်ခံထားရသူတွေရှိနေနိုင်သေးကြောင်း သံသယဝင်ခဲ့ပြီးနောက် ရေကန်ကို ရေစုပ်ထုတ်ပြီး ရှာဖွေခဲ့ရာ လူအရိုးစုပေါင်း ၂၉၈ ခုကို ဇန်နဝါရီ ၁၇ ရက်နေ့က ထပ်မံတွေ့ခဲ့ရပါတယ်။

နေအိမ်ရဲ့ အနီးနားမှာ နေထိုင်တဲ့ မိသားစု တစ်စုက သူတို့ရဲ့ ပျောက်ဆုံးသွားတဲ့ ၁၂ နှစ်သမီးလေးရဲ့ အလောင်းဟာလည်း ဒီရေကန်ထဲမှာပဲရှိမယ်လို့ ယုံကြည်နေကြပါတယ်။

သတ်ခံထားရသူတွေဟာ တရားခံရဲ့ ရည်းစား၊ သူငယ်ချင်း မိန်းကလေးတွေနဲ့ ပြည့်တန်ဆာတွေဖြစ်ကြောင်း ရဲမှူးက သတင်းထုတ်ပြန်ခဲ့ပါတယ်။ “အုန်းဝီဆစ်” လူသတ်မှုကျူးလွန်တာကို ရည်းစားဖြစ်သူ သိသွားပြီးတဲ့နောက်မှာ ရည်းစာကိုပါ သတ်ပစ်ခဲ့တာဖြစ်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။

လူသတ်တရားခံအနေနဲ့ စွပ်စွဲခံထားရသူ “အပီချိုင် အုန်းဝီဆစ်” ဟာ ချမ်းသာကြွယ်ဝတဲ့ မိသားစုက ဖြစ်ပြီး သူရဲ့ ဖခင်ဟာ ဈေးကြီးတစ်ဈေး ပိုင်ဆိုင်ပါတယ်၊ ဒါပေမယ့် ၁၈၉၃ ခုနှစ်မှာ အသက် ၁၅ နှစ်အရွယ် မိန်းကလေးကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တဲ့အတွက် သူ့ဖခင် ထောင်ကျသွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ကိုယ့်ကိုယ်ကို သေနတ်နဲ့ ပစ်သတ်ပြီး အဆုံးစီရင်သွားခဲ့ပါတယ်။ မိခင်ဖြစ်သူက အဆိုပါလူသတ်မှုမှာ နောက်ကွယ်က ကြိုးကိုင်ချယ်လှယ်ခဲ့တယ်လို့ စွပ်စွဲခံထားရပြီးနောက် သမီးငယ်လေး (“အုန်းဝီဆစ်”ရဲ့ ညီမ) ကို ခေါ်ကာ နိုင်ငံခြားကို ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။


21 Jan 2020     1,928 Views




RELATED

Most Popular of International News

Most Popular of NEWS