BEC-TERO TV

ကံတူအကျိုးပေးသားအဖနဲ့ မြောက်ဒဂုံက သွေးပျက်ဖွယ် ယာဉ်တိုက်မှု (ရုပ်သံ)

21 Jan 2020     1,674 Views


ဇန်နဝါရီလ ၂၀ ရက် တနင်္လာနေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ် ဖြိုးစံပယ် ကားမှတ်တိုင်အနီး ယာဉ်နှစ်စီး မျက်နှာခြင်းဆိုင် အရှိန်ပြင်းစွာ ဝင်တိုက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းသူတစ်ဦး အသက်အန္တရာယ် စိုးရိမ်ရတဲ့ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုတွင် ပါဝင်ခဲ့သူ ProBox အငှားယာဉ်မောင်းမှာ သားဖြစ်သူက Grand Hantha ဆေးရုံအနီးတွင် ယာဉ်တိုက်မှုဖြစ်သဖြင့် အကူအညီပေးရန် လိုက်သွားစဉ် ဖခင်ဖြစ်သူပါ ယာဉ်တိုက်မှုနဲ့ ထပ်မံကြုံတွေ့ခဲ့ရခြင်းဖြစ်ပြီး ဒဏ်ရာပြင်းထန်ကာ အခြေအနေမကောင်းကြောင်း သိရသည်။

စီစီတီဗီရုပ်သံအရ မျက်နှာချင်းဆိုင် တိုက်မိသော မော်တော်ယာဉ် နှစ်စီးစလုံးမှာ ProBox အငှားယာဉ်များ ဖြစ်ဟန်တူပြီး တစ်စီးက ပုံမှန်မောင်းနှင်လာစဉ် တစ်ဖက်ယာဉ်ကြောမှ ProBox က ကားများကို အရှိန်နဲ့ ကျော်တက်ရင်း ပြောင်းပြန်ယာဉ်ကြောထဲသို့ရောက်ကာ မျက်နှာချင်းဆိုင်ကလာနေသော တက္ကစီ ProBox ယာဉ်နဲ့ တိုက်မီးပြီး မြောက်တက်ကာ လွင့်ထွက်ပြီး အခြားကားများကိုပါ ဆက်တိုက် ဝင်တိုက်မိခဲ့တာကို တွေ့ရပါတယ်။

မျက်မြင်သက်သေအချို့၏ အဆိုအရ ဝင်တိုက်မိသော ကားက မျက်နှာချင်းဆိုင် ယာဉ်ကြောပေါ်တက်ကာ ဆိုင်ကယ်တစ်စီးကို ကျော်တက်ပြီး နောက်ထက် ကားတစ်စီးကို ထပ်မံကျော်တက်ခဲ့ကြောင်း၊ တိုက်ခံရသူ ProBox အငှားယာဉ်(လမ်းမှန်မောင်းလာသူ) က မျက်နှာချင်းဆိုင်အတွေ့တွင် ရှောင်ရန်ကြိုးစားသော်လည်း တသစဖက်ကား၏ အရှိန်များလွန်းသဖြင့် မလွတ်တော့ပဲ ခေါင်းတစ်ခြမ်းဝင်တိုက်ခံရပြီး လမ်းဘေးထိုးကျသွားခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ တရားဝင်သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေမယ့် ကြောက်စရာကောင်းလွန်းတဲ့ အဆိုပါယာဉ်တိုက်မှု သတင်းက အွန်လိုင်းပေါ်မှာ ရုပ်သံနဲ့တစ်ကွ ပျံ့နှံ့လျှက်ရှိနေပါတယ်။

 


21 Jan 2020     1,674 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS