အလန်းစားရိုက်ချက်တွေကို Mobile Phone ဖြင့်ဖန်တီးထားတဲ့ ရုပ်ရှင်ဇာတ်လမ်းတို
15 Jan 2020 1,673 Views

လတ်တလောမှာ နာမည်ကြီးနေတဲ့ “Unbreakable bond” ရုပ်ရှင်ဇာတ်လမ်းတိုဟာ လူငယ်တွေအကြားမှာ အကြိုက်တွေ့ အားပေးမှုတွေ ရရှိနေပါတယ်။ အဆိုပါ ရုပ်ရှင်ဇာတ်လမ်းကို လူငယ်ဒါရိုက်တာ အာကာက HUWEI Mate 30 Pro ဖြင့် ဖန်တီးပုံဖော်ထားတာဖြစ်ပြီး အလန်းစားရိုက်ချက်တွေကြောင့် အားပေး ချီးကျူးမှုတွေလည်း ရရှိနေပါတယ်။
အဆိုပါ “Unbreakable bond” ရုပ်ရှင်ဇာတ်လမ်းတိုရဲ့ Battle Scene အပိုင်းပြတ်လေးကို Arkar Production ပေ့ချ်ကနေ တင်ပေးထားပါတယ်။ ထိုဇာတ်လမ်းတွင် ချစ်ရသူနဲ့ လက်ထပ်ပြီး မကြာမီ တာဝန်ကြောင့် စစ်ပွဲတစ်ခုအတွင်းမှာ စစ်တိုက်နေရတဲ့ စစ်သားတစ်ယောက် ရဲ့ ခံစားချက် အဖြစ်အပျက်တွေကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး ကိုယ်တိုင် စစ်ပွဲအတွင်းကို ရောက်ရှိနေသလို ခံစားရစေပါတယ်။
“Unbreakable bond” ရုပ်ရှင်ဇာတ်လမ်းတိုကို သရုပ်ဆောင် ရဲနောင် ၊ မြတ်သိရိလွင် (Bella) တို့က အ အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ အဆိုပါ Short film အစအဆုံးကိုတော့ ဇန်နဝါရီလ (၁၉) ရက်နေ့၊ ကန်သာယာ JCGV Cinema မှာ ပြသသွားမှာဖြစ်ပြီး Short film ကို ဘယ်လိုရိုက်ကူးခဲ့တဲ့ ဆိုတဲ့ အတွေ့အကြုံကို ဒါရိုက်တာ အာကာက Workshop ပြုလုပ်ကာ လူငယ်တွေကို မျှဝေသွားမှာ ဖြစ်ပါတယ်။
လူငယ်ဒါရိုက်တာ အာကာဟာ အရင်က ပရိတ်သတ်တွေ အားပေးလက်ခံမှု ရရှိခဲ့တဲ့ “ဒုဋ္ဌဝတီကိုလွန်၍” ရုပ်ရှင်ဇတ်ကားနှင့် “ကမ္ဘာနှစ်ထပ် ” ရုပ်ရှင်ဇာတ်ကားတွေနဲ့ နာမည်ရရှိထားတဲ့ ဒါရိုက်တာ တစ်ယောက်ဖြစ်ပါတယ်။
အခု “Unbreakable bond” ရုပ်ရှင်ဇာတ်လမ်းတိုလေးဟာ ရုပ်ရှင်ဇာတ်လမ်းတိုများ ရိုက်ကူးဖန်တီးချင်တဲ့ လူငယ်များအတွက် Mobile Phone ဖြင့်ဖန်တီးနိုင်တယ်ဆိုတဲ့ အတွေ့အကြုံ ဒါရိုက်တာ အာကာက ကချပြသွားခဲ့ပြီး ဖန်တီးချင်တဲ့ လူငယ်တွေအတွက် ခွန်အားတစ်ခု ဖြစ်စေမှာပါ။