BEC-TERO TV

ထားခဲ့ဖူးတဲ့ရည်းစားတွေရဲ့မကောင်းကြောင်း ဖောက်သည်ချလိုက်တဲ့ အဆိုတော်ပိုပို

13 Jan 2020     1,886 Views


အနုပညာလောကကို စတင်ဝင်ရောက်လာစဉ်က ၀ကစ်ကစ်လေးနဲ့ ချစ်စရာကောင်းတဲ့ကောင်မလေးကနေ လက်ရှိမှာတော့ ကျစ်လစ်လှပတဲ့ အမိုက်စားဘော်ဒီကိုပိုင်ဆိုင်ကာ နာမည်လေးနဲ့လိုက်အောင် တစ်နေ့ထက်တစ်နေ့ ပိုပိုလှလာတဲ့ အဆိုတော်ပိုပိုကတော့ အသဲကွဲသီချင်းတွေနဲ့ လူသိများခဲ့တာဖြစ်ပြီး ပတမဆုံး အယ်လ်ဘမ်နဲ့တင် ပရိသတ်ရဲ့ဝက်ဝက်ကွဲ အားပေးခြင်းခံခဲ့ရသူပါ။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

အသဲကွဲသီချင်းတွေအပြင် အချစ်သီချင်းလှလှလေးတွေကိုလဲ ရေးစပ်သီဆိုတတ်တဲ့ ပိုပိုကတော့ လက်ရှိအနုပညာဂီတလောကမှာတော့ မသိသူမရှိအောင် အောင်မြင်ကျော်ကြားတဲ့ အဆိုတော်တစ်ယောက်ဖြစ်နေပါပြီ။ အနုပညာလမ်းကြောင်းမှာ အောင်မြင်မှုတွေကို ရရှိနေပြီဖြစ်သော်လည်း အချစ်ရေးပိုင်းမှာတော့ တစ်ကိုယ်တော် Single အဖြစ်သာ ဖြတ်သန်းနေတဲ့ ပိုပိုက သူမဟာအချစ်ရေးနဲ့ပတ်သက်ရင် အမြဲတမ်းကံမကောင်းသူလို့ ဆိုပါတယ်။

အချစ်မှာ ကိုယ်ကသာပေးဆပ်ပြီးချစ်ခဲ့သလောက် တွဲခဲ့တဲ့ဘဲတွေက အရည်အချင်းမရှိ အသုံးမကျတဲ့အပြင် ချူစားသူတွေနဲ့ပါတွေ့ခဲ့ရတယ်ဆိုတဲ့အကြောင်းကို ဖောက်သည်ချလာပါတယ်။ တွဲခဲ့ဘူးတဲ့ ရည်းစားဟောင်း EX တွေနဲ့ပတ်သက်ပြီး ပိုပိုက ယခုလိုပဲရေးသားထားပါတယ်။

“ကိုယ်နဲ့တွဲခဲ့တဲ့ ဘဲ 80%လောက်က ကိုယ်နဲ့ တွဲတုန်းက ပိုက်ဆံလဲ သိပ်မထုတ်၊ ကိုယ်က ကြိူးစားခိုင်းလဲ မကြိူးစား၊ ကိုယ့်ကိုလဲ support မလုပ်ပေး ကိုယ့်နောက်ကလဲမလိုက် ရှေ့ကလဲမသွား ဘေးက ကန့်လန့်လုပ်ကြတာ… ကိုယ်နဲ့ကျ ဘာမှသာမဟုတ်တာ တခြား စော်နဲ့ လဲတွဲရော ဆရာကြီးလိုလို သူဌေးလိုလို နဲ့ မြင်ရတာ စိတ်တောင်မကောင်း ဘူး…. ကိုယ်က ရုပ်သာချောတာ အချစ်ရေးကျ သိပ်ကံမကောင်းရှာဘူး… တခါတလေ ချူစား လိမ်စားတဲ့သူလဲတွေ့သေးတာ… အခုတော့ ကံကောင်းလာပါပြီ” ဆိုပြီး သူမရဲ့အချစ်ရေးကံမကောင်းပုံကို ဖောက်သည်ချရေးသားထားတာဖြစ်ပါတယ်။

သူမကိုချစ်တဲ့ပရိသတ်တွေကတော့ ပိုပို့အတွက် အားပေးစကားတွေပြောဆိုထားကြသလို နောက်ထပ်အချစ်ရေးမှာလဲ ကံကောင်းမှုတွေပဲရစေဖို့ ဝိုင်းဝန်းဆုတောင်းပေးထားကြတာလဲ တွေ့ရပါတယ်။

(ပိုပိုလေး)


13 Jan 2020     1,886 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment