မသေခင်လေးတော့ ရှိုးပွဲလေးလုပ်သွားချင်တယ်ဆိုတဲ့ မီးမီးခဲ
09 Jan 2020 1,852 Views
တစ်ချိန်က အနုပညာဂီတလောကထဲမှာ အသံချိုချိုအေးအေးလေးနဲ့ အချစ်သီချင်း၊ အလွမ်းသီချင်းလေးတွေကို ပိုင်ပိုင်နိုင်နိုင်သီဆိုတတ်တဲ့အဆိုတော်မီးမီးခဲကိုတော့ အားလုံးကသိကြမယ်ထင်ပါတယ်။ တစ်မူထူးခြားနေတဲ့အသံလေးနဲ့ ဆိုညည်းလိုက်တဲ့ သူမရဲ့သီချင်းတိုင်းလိုလိုက ပရိသတ်တွေကြားမှာတော့ ပေါက်ရောက်နာမည်ကြီးစမြဲပါ။ ဘ၀ရဲ့အချိုးအကွေ့ကံတရားတွေကြောင့် အနုပညာလောကမှာ မတွေ့ရတော့ပေမယ့် သူမရဲ့အောင်မြင်ကျော်ကြားခဲ့တဲ့တေးသီချင်းတွေကိုတော့ ယနေ့တိုင်ကြားနေရဆဲဖြစ်ပြီး ပရိသတ်တွေကြားထဲမှာ မျောဝင်စီးမြောနေဆဲပါ။
>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<
အဆိုတော်ထူးအယ်လင်းနဲ့ အိမ်ထောင်ကွဲပြီးနောက် ဘ၀သစ်ကိုထပ်မံထူထောင်ကာ အေးချမ်းသာယာတဲ့ဘ၀လေးကိုပိုင်ဆိုင်နေပြီဖြစ်တဲ့ အဆိုတော်မီးမီးခဲဟာဆိုရင် အိမ်ထောင်ရေးမှာလည်း တစ်ဆစ်ချိုးကံမကောင်းခဲ့သလို ကျန်းမာရေးမှာလဲ အညံ့ဝင်ကာ ကင်ဆာရောဂါဝေဒနာကို အချိန်အတော်ကြာခံစားခဲ့ရပါတယ်။
သူမဟာ ရင်သားကင်ဆာရောဂါ အဆင့် (၄) ကိုခံစားနေရတာဖြစ်ပြီး ကျန်းမာရေးကုသမှုတွေကို ပြုလုပ်နေပေမယ့် ဆရာဝန်တွေကတော့ အချိန် (၅) နှစ်လို့ သတ်မှတ်ပေးပြီး လက်လျှော့ထားရတဲ့ထိပါ။ သို့ပေမယ့် ပြင်းထန်တဲ့စိတ်ဓာတ်ခွန်အားတွေကြောင့်ပဲ ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီဖြစ်တဲ့ မီးမီးခဲဟာ သူမအနေနဲ့ မသေခင်အချိန်လေးမှာ တစ်ကိုယ်တော်ရှိုးပွဲလေးလုပ်သွားချင်တယ်လို့ဆိုပါတယ်။
ထိုစိတ်ဆန္ဒလေးကြောင့်ပင် သူမရဲ့တစ်ကိုယ်တော် Solo Concept ကျင်းပြနိုင်ဖို့အတွက် ကြိုးစားပြင်ဆင်နေတာကိုတွေ့ရပါတယ်။ သူမရဲ့တစ်ကိုယ်တော်ရှိုးပွဲကိုတော့ လာမယ့် ဇန်နဝါရီလ (၁၁) ရက်နေ့တွင် တော်ဝင်ဂါးဒင်းဟိုတယ်မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး သူမရဲ့သမီးကြီးဖြစ်တဲ့ ဘာဘီလေးကိုပါပွဲထုတ်ဖျော်ဖြေသွားမယ်လို့ သိရပါတယ်။
ကင်ဆာရောဂါနောက်ဆုံးအဆင့်ကို ခံစားနေရသူမို့ ကံမကောင်းစွာပဲ ဦးခေါင်းနဲ့ လည်ပင်းမှာကင်ဆာထပ်ဖြစ်လာတာကြောင့် ဓာတ်ကင်ကုသနေရတဲ့ မီးမီးခဲဟာ သူမရဲ့ကျန်းမာရေးပြန်လည်ကောင်းမွန်လာဖို့အတွက် ဝိုင်းဝန်းဆုတောင်းပေးကြဖို့နဲ့ ရှိုးပွဲကိုလဲလာရောက်ကြည့်ရှုကြဖို့ ဖိတ်ခေါ်ထားပါတယ်။
ပရိသတ်ကြီးရေ… ကင်ဆာရောဂါနောက်ဆုံးအဆင့်ကို ခံစားနေရသူမို့ မသေခင်အချိန်လေး ရှိးပွဲလုပ်တာပါဆိုတဲ့ အဆိုတော်မီးမီးခဲကိုချစ်ခင်အားပေးတယ်ဆိုရင် ရှိုးပွဲလေးကိုသွားရောက်ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်… (သူမရဲ့တစ်ကိုယ်တော်ရှိုးဟာ နောက်ဆုံးလဲ ဖြစ်ရင်ဖြစ်နေနိုင်တာမို့)
(ပိုပိုလေး)