BEC-TERO TV

ပိုင်ရှင်မဲ့ ခွေးတွေရဲ့ လက်ချက်နဲ့ ရစရာမရှိအောင် ပျက်ဆီးသွားတဲ့ကား

08 Jan 2020     1,563 Views


မိန်းကလေးတစ်ယောက်က လူမှုကွန်ယက်ပေါ်မှာ သူကိုယ်တိုင်ကြုံတွေ့ရတဲ့ အကြောင်းအရာကို တင်ထားခဲ့ခြင်း ဖြစ်ပါတယ် ။  “ သူမရဲ့ ကားကို ခွေး ၆ ကောင်က ဝင်ရောက် တိုက်ခိုက်တဲ့ အတွက် ခွေးပိုင်ရှင်ကို ရှာပေးကြဖို့ အကူအညီတောင်းပါတယ်” ဆိုပြီး လူမှုကွန်ယက်မှာ တင်ထားခဲ့တာဖြစ်ပါတယ် ။

ထိုင်းနိုင်ငံက အသက် ၂၉ နှစ်အရွယ် နီပါ ဆိုသူအမျိုးသမီးက ဒီအဖြစ်ပျက်ကို ပြောပြခဲ့ပါတယ်။ တစ်ညမှာ သူမရဲ့မိခင်ဟာ ကားမောင်းလာပြီး ရွှေဆိုင်တစ်ဆိုင်ရဲ့ အရှေ့မှာ ပါကင်ထိုးခဲ့ပါတယ်။ အဲဒီနေရာဟာ အိမ်ပေါက်ဝရဲ့ အဝင်အထွက်နေရာလည်းဖြစ်ပါတယ်။

နောက်တစ်နေ့နံနက်မှာတော့ အိမ်နီးနားချင်း  တစ်ယောက်က နင်တို့ ကားကိုသွားကြည့်ပါဦး စုတ်ပြတ်နေတာပဲလို့ လာပြောလို့ သားအမိနှစ်ယောက် သွားကြည့်တဲ့အခါ ပုံမှာတွေ့ရတဲ့အတိုင်း ကားက လုံးဝ ရစရာမရှိအောင် စုတ်ပြတ်သတ်နေတာကို တွေ့ရပါတယ်။

ဘယ်လိုဖြစ်တာလဲဆိုတာ သိချင်လို့ ရွှေဆိုင်မှာ တပ်ထားတဲ့ CCTV ကို တောင်းကြည့်လိုက်တဲ့ အခါမှာတော့ ခွေး ၆ ကောင်က ကားကို စုတ်ပြတ်သတ်နေအောင် ဝိုင်းကိုက်ခဲ့ကြတာကို တအံ့တသြနဲ့ တွေ့ခဲ့ကြပါတယ်။ ခွေးတွေဟာ ကြောင်တစ်ကောင်ရဲ့ နောက်ကိုလိုက်ရင်း ကြောင်က ကားအောက်ထဲကို ဝင်ပြေးသွားတဲ့ အတွက် ဒေါသထွက်ပြီး ကားကို  ဖျက်ဆီး သွားကြတာ ဖြစ်ပါတယ် ။

ကားကို ဝပ်ရှော့ပို့ပြီး စစ်ဆေးတဲ့အခါ ကားရဲ့ မီးစနစ်၊ ကားအရှေ့ ၊ ကားစက်ဖုန်း တွေလည်း အကုန်ပျက်စီးနေပြီး ကားဘေးပတ်ပတ်လည်မှာ လက်သည်းတွေနဲ့ ကုတ်ခြစ်ရာတွေအပြည့် ဖြစ်နေပါတယ်။

ပျက်ဆီးမှုတွေအတွက် အလျော်တောင်းချင်ပေမယ့် ခွေးပိုင်ရှင် ဘယ်သူဘယ်ဝါမှန်း မသိတဲ့အတွက် အခက်တွေ့နေပါတယ်။ ဒီလိုဆိုသွမ်းတဲ့ခွေးတွေကို နောက်ထပ်ဖျက်ဆီးမှုတွေ မလုပ်နိုင်အောင် သက်ဆိုင်ရာကို အကြောင်းကြားပြီး ထိန်းသိမ်းခိုင်းသွားမယ်လို့ ဆိုပါတယ်။

မျက်မြင်သက်သေ အိမ်နီးချင်း တစ်ယောက်က ည ၂နာရီလောက်က အသံကြားလို့ ထွက်ကြည့်တဲ့ အခါ ကြောင်တစ်ကောင်ကို ခွေးတွေလိုက်နေတာတော့ တွေ့လိုက်ကြောင်း၊ ခွေးတွေကို မောင်းထုတ်ပေမယ့် ခွေးတွေက မသွားကြကြောင်း၊ ညအချိန်ဆိုရင် ပိုင်ရှင်မဲ့ခွေးတွေ ရောက်ရောက်လာပြီး လမ်းမတွေပေါ်မှာ လျှောက်သွားနေကြပါတယ် ပြောပြခဲ့ပါတယ် ။

တာဝန်ရှိသူတွေကလည်း “ကျွန်တော်တို့က ပိုင်ရှင်မရှိတဲ့ ခွေးတွေကို အမြဲတမ်း စိစစ်နေကြပါတယ်။ အခုဖြစ်သွားတဲ့ကိစ္စမှာ ခွေးပိုင်ရှင်ကို အရှင်ရှာဖွေပြီး တာဝန်ယူခိုင်းမှာဖြစ်ပြီး၊ ပိုင်ရှင်မရှိပါက ခွေးတွေကို ထိန်းသိမ်းတဲ့နေရာကို ပို့မယ်” လို့ ပြောကြားခဲ့ပါတယ်” ။


08 Jan 2020     1,563 Views




RELATED

Most Popular of Special or Others

Most Popular of NEWS