BEC-TERO TV

ဩစတြေးလျတွင် မီးဘေး ကယ်ဆယ်ရေးအတွက် ဒေါ်လာ (၁၇၄၀၀) လှူဒါန်းခဲ့တဲ့ ရှာရာပိုဗာ

07 Jan 2020     1,664 Views


နာမည်ကျော် ရုရှားတင်နစ်မယ် ရှာရာပိုဗာဟာ ဩစေတြေးလျတွင် တောင်မီးကြောင့် ဆိုးရွားပြင်းထန်စွာ လောင်ကျွမ်းနေတဲ့ မီးဘေး ကယ်ဆယ်ရေးလုပ်ငန်းများအတွက် သြစတြေးလျဒေါ်လာ (၂၅၀၀၀) (အမေရိကန် ဒေါ်လာ ၁၇၄၀၀) လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ဩစတေးလျတောမီးဟာ လနှင့်ချီအောင် လောင်ကျွမ်းနေလျက်ရှိပြီး ယခုအချိန်ထိ လူပေါင်း (၂၃) ဦးသေးဆုံးကာ တောတောင်နေ တိရိစာ္ဆန်ပေါင်း သန်း(၅၀၀) ကျော်သေးဆုံးတဲ့အထိ ဖြစ်ပွားခဲ့ပါတယ်။ မီးလောင်မြေ မီးလောင်မြေဧရိယာစုစုပေါင်းမှာ ဟက်တာ(၆) သန်းအထိကျယ်ပြန့်ခဲ့ပြီး လူအများအပြား အိုးမဲအိမ်မဲ ဖြစ်ခဲ့ရပါတယ်။ ဒီမီးလောင်မှုအောင်ဟာ ကမ္ဘာပေါ်မှာ အင်မတန်မှ ဆိုးရွားတဲ့ လောင်းကျွမ်းမှု တစ်ခုဖြစ်ပါတယ်။

ရှာရာပိုဗာဟာ မိတ်ဆွေတင်းနစ်သမား ဂျိုကိုဗစ်ကိုလည်း လှူဒါန်းရန် စည်းရုံးနိုင်ခဲ့ပါတယ်။ ရှာရာပိုဗာ ၏ Twitter တွင် “ဇန်နဝါရီလဆိုရင် သြစတြေးလျဟာ ကျွန်မရဲ့အိမ်အဖြစ် ပြီးခဲ့တဲ့ (၁၅)နှစ်လုံးလုံး နေထိုင်ခဲ့ပါတယ်။ အခုတော့ တောမီးကြောင့် လူနေအိမ်တွေ ၊ လှပတဲ့ တိရစ္ဆာန်တွေရဲ့ မိသားစုဘဝကို တောမီးက ဖျက်ဆီးနေတာကို ဒိအတိုင်း အသည်းကွဲစွာ ကြည့်နေရပါတယ်။

ဒါကြောင့် ကျွန်မဟာ ကယ်ဆယ်ရေး လုပ်ငန်းတွေ ပိုမိုလုပ်နိုင်ဖို့အတွက် သြစတြေးလျဒေါ်လာ (၂၅၀၀၀)ကို စတင်လှူဒါန်းမှာ ဖြစ်ပြီး သူမရဲ့ မိတ်ဆွေဖြစ်တဲ့  နိုးလ် (ဂျိုကိုဗစ်) ရော ကျွန်မလှူ ဒါန်းတဲ့အတိုင်း မလှူဒါန်းချင်ဘူးလား  ” လို့ Mention ခေါ်ကာ မေးမြန်ခဲ့ပါတယ်။

 

ရှာရာပိုဗာ၏ တိုက်တွန်းမှုအား ဂျိုကိုဗစ်ကလည်း လက်ခံခဲ့ပြီး ရှာရာပိုဗာ၏ Tweet ကို ပြန်လည်မျှဝေကာ "လှူဒါန်းပါမယ်။ မင်းရဲ့အလှူငွေ (၂)ဆဖြစ်သွားအောင် ကူညီပြီး ဒီငွေတွေကို ကယ်ဆယ်ရေးအဖွဲ့အစည်းတွေဆီကို ပို့ပေးလိုက်ပါမယ်။ ငါတို့ အတူတူရပ်တည်နေမှာပါ သြစတြေးလျ"ဟု ပြန်လည်ရေးသားခဲ့ပါတယ်။

ရှာရာပိုဗာ၏ တိုက်တွန်းမှုကို ဂျိုကိုဗစ်က လက်ခံခဲ့ပြီး သူမ၏ Tweet ကို Share ကာ “လှူဒါန်းပါ့မယ် ။ မင်းရဲ့ အလှူငွေ နှစ်ဆဖြစ်အောင် ကူညီပြီး ကယ်ဆယ်ရေးအတွက် လှူဒါန်းပါ့မယ်။ ငါတို့ အတူတူရပ်တည်မှာပါ ” ဟုပြန်လည် ဆိုခဲ့ပါတယ်။

အဆိုပါ သူတို့နှစ်ယောက်၏ လုပ်ရပ်အတွက် ပရိတ်သတ်များက ချီးကျူးမှုများ ပြုလုပ်ခဲ့ကြပါတယ်။ 


07 Jan 2020     1,664 Views




RELATED

Most Popular of International News

Most Popular of NEWS