BEC-TERO TV

အကြီးအကျယ်စိတ်နာနေတဲ့ သားသမီးများက ဖခင်ရဲ့နာရေးမှာ ပွဲဝင်ကြမ်း

03 Jan 2020     1,636 Views


သေဆုံးသွားတဲ့ ဖခင်ကြီးရဲ့နာရေးမှာ သားသမီးတစ်စုရောက်လာခဲ့ပြီး ရုပ်အလောင်းကို ခေါင်းတလားထဲကနေ ဆွဲထုတ်ကာ ဝိုင်းဝန်းကန်ကျောက်၊ ပါးရိုက်နားရိုက်ပြီး တစ်သက်လုံး ထိန်းချုပ်ခဲ့သမျှ ဖခင်အပေါ် စိတ်နာမှုတွေကို သွန်ချခဲ့တဲ့ ရုတ်ရုတ်သဲသဲဖြစ်စဉ်တစ်ခု ဒီဇင်ဘာလ ၂၇ ရက်နေ့က တရုတ်နိုင်ငံ ဂျန်းစုစီရင်စုမှာဖြစ်ပွားခဲ့ပါတယ်။

ဖြစ်စဉ်တစ်ခုလုံးကို စီစီတီဗီရုပ်သံကနေ မှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။ ရုပ်သံမှာ အမျိုးသမီးများအပါအဝင် လူ ၅ ဦးခန့် အိမ်ထဲဝင်လာပြီး အိမ်အပေါက်ဝမှာ ပြင်ဆင်ထားတဲ့ ခေါင်းတလားအဖုံးကို သမီးဖြစ်ဟန်တူသော အမျိုးသမီးတစ်ယောက်က ကြမ်ကြမ်းတမ်းတမ်းဆွဲဖွင့်ကာ အထဲမှ လူသေအလောင်းကို ဒေါသတကြီးပြောဆိုပြီး စတင်ပါးရိုက်တာကို တွေ့ရပါတယ်။ အဲဒီနောက် အခြားအမျိုးသားတွေကပါ ဒေါသတကြီးနဲ့ အလောင်းကို ကြမ်းကြမ်းတမ်းတမ်း ဆွဲမကာ အခေါင်းအပြင်ဘက်သို့ ထုတ်ယူပြီး ပြောဆိုကန်ကျောက်နေတာကို မြင်တွေ့ရပါတယ်။

“ခင်များကြီးအသက်ရှင်တုန်းက ကျုပ်တို့အပေါ် ကောင်းကောင်းမဆက်ဆံခဲ့ဘူး၊ အခုခင်များကြီးသေသွားပြီ၊ အေး.. ဒါပေမယ့် ကျုပ်တို့က ခင်များကြီးကို အေးအေးဆေးဆေး ထွက်သွားခွင့်မပြုနိုင်ဘူး” ဟု တစ်ယောက်က အော်ဟစ်ကြိမ်းဝါးနေတာကို  မြင်တွေ့ရပါတယ်။

သေဆုံးသွားတဲ့အမျိုးသားကြီးဟာ လွန်ခဲ့တဲ့ နှစ် ၄၀ လောက်က တစ်ရွာထဲအတူနေတဲ့ အမျိုးသမီးတစ်ဦးနဲ့ ဖောက်ပြန်ပြီး သူ့ဇနီးနဲ့ ကလေး ၃ ယောက်ကို ဒီအတိုင်းစွန့်ပစ်သွားခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

အမျိုးသားကြီးဟာ အသက် ၇၂ နှစ်အရွယ်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီး သူ့ရဲ့နောက်မိန်းမက အသုဘစရိတ်ကို ကျခံဖို့ သားကြီးသမီးကြီးတွေဆီမှာ တောင်းခံခဲ့ရာကနေ အခုလိုမျိုး ရုတ်ရုတ်သဲသဲနဲ့ လူမြင်မကောင်းတဲ့အခြေအနေမျိုး ဖြစ်ခဲ့ရပါတယ်။

ဒါပေမယ့်လည်း သေဆုံးသူနဲ့ မြေးတော်စပ်သူ အမျိုးသားတစ်ဦးကတော့ သူ့အဖိုးရဲ့ နာရေးကုန်ကျစရိတ်နဲ့ အသက်ရှိစဉ်က ဆေးကုသစရိတ်တွေအားလုံးကို သူကသာ အကုန်အကျခံထားခဲ့ကြောင်း၊ အဖိုးဟာ သူ့ကို ငယ်ငယ်က ကောင်းကောင်းမွန်မွန် ပြုစုဆောင့်ရှောက်ခဲ့တဲ့အတွက် အခုလို ကျေးဇူးပြန်ဆပ်တာဖြစ်ကြောင်း၊ အဖိုးဟာ အိမ်ထောင်ရေးဖောက်ပြန်လို့ မဟုတ်ပဲ သူ့ရဲ့မိန်းမနဲ့ စကားများလို့သာ အိမ်ကနေထွက်သွားခဲ့တာဖြစ်ကြောင်း ပြန်လည် ဖြေရှင်းခဲ့ပါတယ်။

သေဆုံးသူရဲ့ သားကြီးသမီးကြီးတွေက သူ့အဖေ အသက်ရှင်စဉ်က ငွေညှစ်ဖိုကြိုးစားခဲ့ကြပေမယ့် ဒီကိစ္စကို လက်မခံခဲ့သဖြင့် ရန်ငြိုးထားကာ အခုလို လာရောက်စော်ကားခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။

ရဲတွေကတော့ ဖြစ်စဉ်နဲ့ ပက်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ တရုတ်နိုင်ငံရဲ့ ဥပဒေအရ သေဆုံးသွားတဲ့ ရုပ်အလောင်းကို မလေးမစား မတော်တလျော်လုပ်ပါက ထောင်ဒဏ် ၃ နှစ်ထိ ချမှတ်နိုင်ကြောင်း သိရသည်။


03 Jan 2020     1,636 Views




RELATED

Most Popular of Special or Others

Most Popular of NEWS