"Chales & Keith" တွေတန်တယ်ဆိုပြီး ဝယ်လိုက်မှ ဂျင်းအကြီးကြီးမိ
02 Jan 2020 1,548 Views
စင်ကာပူနိုင်ငံ ဖက်ရှင်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ "Charles & Keith" ဟာ အရည်အသွေးလည်းကောင်း စျေးနှုန်းလည်း သင့်လို့ စားသုံးသူတွေကြားမှာ ထိုးဖောက်အောင်မြင်လာတဲ့ Brand တစ်ခုဖြစ်ပါတယ်။
သိပ်မကြာသေးခင်ရက်ပိုင်းက တရုတ်နိုင်ငံမှာ "Charles & Keith" ကို ပုံမှားရိုက်ပြီး အသစ်ဖွင့်လိုက်တဲ့ ဖက်ရှင်ဆိုင်ကြောင့် ဝယ်ယူသူတွေ ဂျင်းအကြီးစားမိခဲ့ကြပါတယ်။
"Cherlss & Keich" လို့ အမည်ရှိတဲ့ ဖက်ရှင်ဆိုင်ဟာ ဆိုင်ရဲ့အပြင်အဆင်ရော လိုဂိုဒီဇိုင်းမှာ သုံးစွဲထားတဲ့ ဖောင့်ကိုပါ "Charles & Keith" အတိုင်း ပုံမှားရိုက်ထားပြီး ဂွမ်ကျိုးမှာ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် လက်ဆွဲအိတ် ရောင်းချနေတဲ့ ပစ္စည်းဒီဇိုင်းတွေကပါ ဆင်တူနေတာကြောင့် ဝယ်သူတွေ မျက်စိလည်သွားခဲ့ပါတယ်။
အိမ်ရောက်လို့ သေချာပြန်ကြည့်တော့မှ "Charles & Keith" မဟုတ်ပဲ "Cherlss & Keich" ဖြစ်နေတာကို တွေ့ရလို့ ရီရမလို ငိုရမလိုနဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်လိုက်ကြရပါတယ်။
မြန်မာပြည်က "Charles & Keith" ချစ်သူတွေလည်း ဂျင်းအကြီးစားကြီး မမိရအောင် ဖော်ပြပေးလိုက်ပါတယ်နော်..။
(ပိုပိုလေး)