BEC-TERO TV

ချစ်သူနိုင်ငံခြားသားနဲ့ လက်ထပ်တော့မယ်လို့ အသိပေးကြေညာလိုက်တဲ့ အမွန်း

02 Jan 2020     1,748 Views


ကချင်တိုင်းရင်းသူလေးတစ်ယောက်ဖြစ်ပြီး အဆိုတော်အဖြစ် အနုပညာဂီတလောကမှာအောင်မြင်နေတဲ့ အမွန်းကတော့ မြူးကြွကြွသီချင်းသံစဉ်တွေနဲ့ ပရိသတ်ရဲ့အသဲကိုဖမ်းစားထားသူပါ။ International ဆန်တဲ့ စတိုင်အပြင်အဆင်တွေနဲ့ သီချင်းတွေကို ဖန်တီးတတ်သူဖြစ်ပြီး ထိုက်တန်တဲ့အောင်မြင်မှုတွေကို ရရှိထားတဲ့အဆိုတော်တစ်ယောက်ပါ။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

ပရိသတ်ကြီးရေ အမွန်းကတော့ နှစ်သစ်ကို သတင်းစကားအသစ်လေးနဲ့ ကြိုဆိုလိုက်ပါပြီ။ အဲ့တာကတော့ အမွန်းက သူမနဲ့လေးနှစ်ကျော်ကြာ လက်တွဲလာတဲ့ ချစ်သူနိုင်ငံခြားသားနဲ့ လက်ထပ်တော့မှာဖြစ်တဲ့အကြောင်းကို အသိပေးကြေညာလိုက်တာဖြစ်ပါတယ်။ အမွန်းနဲ့ သူမရဲ့ချစ်သူ နိုင်ငံခြားသားဟာ ၂၀၁၅ ခုနှစ် ဩဂုတ်လက ချစ်သူတွေအဖြစ် စတင်လက်တွဲခဲ့တာဖြစ်ပြီး ၂၀၁၉ ခုနှစ် ဩဂုတ်လ ချစ်သူသက်တမ်း လေးနှစ်ပြည့်တဲ့နေ့မှာတော့ ချစ်သူက သူမကိုလက်ထပ်ခွင့်တောင်းခဲ့တာလို့ သိရပါတယ်။

ချစ်သူနဲ့မကြာခင်လက်ထပ်တော့မယ့်အကြောင်းကို အမွန်းက သူမရဲ့ဖေ့စ်ဘွတ်ကနေ ပျော်ရွှင်ဝမ်းသာစွာနဲ့ အသိပေးရေးသားထားတာဖြစ်ပြီး မင်္ဂလာပွဲကိုတော့ ၂၀၂၀ ခုနှစ်အကုန်လောက်မှာ ကျင်းပသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။  

“သူကျွန်မကို ပြီးခဲ့တဲ့နှစ်၂၀၁၉ သြဂုတ်လ ချစ်သူသက်တမ်း လေးနှစ်ပြည့်ချိန်မှာ လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ ဒီနေ့မှာတော့ သုံးဖက်သောမိဘရှေ့ ( သူ့မိဘ, ကျွန်မမိဘနဲ့, ကချင်ထုံးတမ်းစဉ်လာအရ သူ့ကိုသားအဖြစ်အသိအမှတ်ပြု မွေးစားတဲ့ သူ့ရဲ့ ကချင်မိဘ Duwa Lahtaw Hkun Myat Family ) လူကြီးစုံရာနဲ့ သူ့ကို ကချင်နာမည်ပေး ကင်ပွန်းတပ်ပွဲလေးကျင်းပပြီးပါပြီ။ မင်္ဂလာလက်ထပ်ပွဲ အခမ်းအနားကို ဒီနှစ်ကုန်ပိုင်းကျရင် ကျင်းပမှာဖြစ်ပါတယ်” ဆိုပြီး ပျော်ရွှင်ဝမ်းမြောက်စွာနဲ့ အသိပေးကြေညာထားတာဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်ရဲ့ နှစ်စကို သတင်းစကားကောင်းတွေနဲ့ ကြိုဆိုလိုက်တဲ့အထဲမှာ အမွန်းကလဲ တစ်ယောက်အပါအဝင်ပါနော်… ၂၀၁၉ မှာ စိတ်မကောင်းစွာ အနုပညာရှင်တွေထဲက တစ်ချို့စုံတွဲတွေက သူတို့ရဲ့ချစ်သူတွေနဲ့ လမ်းခွဲပြတ်စဲခဲ့ကြပေမယ့် ၂၀၂၀ မှာတော့ တစ်ချို့သောအနုပညာရှင်တွေက ချစ်ရသူနဲ့ရွှေလက်တွဲတော့မှာဖြစ်ပါတယ်။

နိုင်ငံခြားသားကို ချစ်သူတော်ထားပေမယ့်လဲ ကိုယ့်ကိုအမြတ်တနိုးတန်ဖိုးထားပြီး တစ်သက်လုံးလက်တွဲဖို့ထိ ရည်ရွယ်ခံရတဲ့ အမွန်းကတော့ ကံကောင်းသူမိန်းကလေးတစ်ယောက်ပါပဲနော်။ သိပ်မကြာခင်မှာ ချစ်သူနဲ့ရွှေလက်တွဲတော့မယ့် အမွန်းအတွက် ပရိသတ်ကြီးက ဂုဏ်ပြုစကားလေးတွေဆိုသွားပါဦးနော်…

 

(အချစ်မှာ လူမျိုးဘာသာ အသက်အရွယ်အပိုင်းအခြားဆိုတာ မရှိ။ အချစ်မှာ အချစ်သာရှိပါသည်။  ပုံ_မင်မင်)

(ပိုပိုလေး)


02 Jan 2020     1,748 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment