ဂျပန်လေကြောင်းလိုင်းက လေယာဉ်လက်မှတ် ၅၀,၀၀၀ ကျော် အခမဲ့ပေးတော့မည်
02 Jan 2020 2,680 Views
ဂျပန်လေကြောင်းလိုင်း JAL က အပြည်ပြည်ဆိုင်ရာမှ နိုင်ငံခြားသားခရီးသည်များအတွက် ခရီးစဉ်အသွားအပြန် လေယာဉ်လက်မှတ်ပေါင်း ၅၀,၀၀၀ ကျော်ကို လာမည့် တိုကျိုကိုလံပစ်ပွဲတော်ကာလအတွင်း အခမဲ့ဖြန့်ဝေပေတော့မည်ဖြစ်သည်။
အခမဲ့လေယာဉ်လက်မှတ် ရယူနိုင်သည့် အစီစဉ်တွင် မည်သူမဆို ပါဝင်ခွင့်ရမှာဖြစ်ပြီး အွန်လိုင်းလျှောက်လွှာများကို ၂၀၂၀ ဖေဖော်ဝါရီလကုန်ပိုင်းတွင် စတင်လက်ခံသွားတော့မည်ဖြစ်သည်။
JAL က အခမဲ့ပေးမည့် လေယာဉ်လက်မှတ်များမှာ ဂျပန်ပြည်တွင်း အထင်ကရခရီးစဉ်များဖြစ်ကြောင်း သိရသည်။ အဆိုပါခရီးစဉ်များကို တိုကျိုမြို့ ဟန်နဲဒါလေဆိပ်၊ အိုဆာကာရှိ အီတာမိလေဆိပ်နဲ့ ကန်ဆိုင်းလေဆိပ်တို့မှ ထွက်ခွာမည်ဖြစ်ပြီး ခရီးသည်များအနေနဲ့ အဆင်ပြေရာ လေဆိပ်ကို ရွေးချယ်နိုင်သည်။
အခမဲ့လေယာဉ်လက်မှတ်ရရှိသူများအနေနဲ့ ပထမဦးစွာ ဂျပန်နိုင်ငံကို ကိုယ့်အစီစဉ်နဲ့ကိုယ် လာရောက်ရမှာဖြစ်ပြီး ဂျပန်ကိုရောက်ရှိပြီးမှ ပြည်တွင်းခရီးစဉ်များကို ရရှိထားသည့် အခမဲ့လေယာဉ်လက်မှတ်များနဲ့ သွားရောက်လည်ပတ်နိုင်မှာဖြစ်ပါတယ်။ JAL ၏ ရည်ရွယ်ချက်မှာ အိုလံပစ်ပွဲတော်ကာလအတွင်း နိုင်ငံခြားခရီးသည်များ ဂျပန်နိုင်ငံသို့ ပိုမိုလာရောက်လည်ပတ်ကြစေရန် စီစဉ်ထားခြင်းဖြစ်သည်။
အခမဲ့လေယာဉ်လက်မှတ်များ ရယူလျှောက်ထားရာတွင် အောက်ပါအချက်အလက်များကိုလည်း သိရှိထားရန်လိုပါသည်။
၁။ လျှောက်ထားသူဟာ ဂျပန်မဟုတ်တဲ့ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူ သို့မဟုတ် ဂျပန်နိုင်ငံရဲ့ ပြင်ပမှာ အမြဲတမ်းနေထိုင်ခွင့်ရထားသူဖြစ်ကြောင်း အထောက်ထားရှိသူ။
၂။ ဇူလိုင်လ ၁ ရက်နေ့ကနေ စက်တင်ဘာ ၃၀ ရက်အတွင်း ခရီးစဉ်များသာ။
၃။ လျှောက်လွှာတင်ထားမှု အောင်မြင်ပြီး ၃ ရက်အကြာမှ သွားရမည့်ခရီးစဉ်များကို ပြန်လည်အကြောင်းကြားမည်။
၄။ ၅ ယောက်ထက်ပိုပြီး အုပ်စုလိုက်အနေနဲ့လည်း လျှောက်ထားနိုင်။
၅။ လျှောက်လွှာဖြည့်သွင်းစဉ် ဖော်ပြထားသည် ထွက်ခွာ/ဆိုက်ရောက် အချိန်ဇယားများ အချိန်များကို ရွေးချယ်ပေးရမည်။
၆။ ဂျပန်နိုင်ငံသို့ စီးနင်းလာမည့် လေယာဉ်ခရီးစဉ်အမှတ်နဲ့ ထွက်ခွာမည့် နေ့စွဲကို ဖြည့်သွင်းရမည်။
လေယာဉ်လက်မှတ်များ အခမဲ့ပေးနေသည့် စနစ်မှာ ကံစမ်းမဲစနစ်မဟုတ်ပဲ ဦးရာလူစနစ် ဖြစ်တာကြောင့် အစီအစဉ်စတင်တာနဲ့ လက်ဦးမှုရအောင် လျှောက်ထားနိုင်ဖို့ အရေးကြီးပါတယ်။ နွေရာသီအိုလံပစ်ကစားပွဲကို လာမည့် ၂၀၂၀ ဇူလိုင်လ ၂၄ ရက်ကနေ သြဂုတ်လ ၉ ရက်နေ့ထိ တိုကျိုမြို့မှာ ပြုလုပ်မှာဖြစ်ကြောင်း သိရှိရသည်။