BEC-TERO TV

VAR က စပွန်ဆာပေးထားတယ်လို့ ဝေဖန်ခံနေရတဲ့ လီဗာပူးလ်အသင်း

30 Dec 2019     1,633 Views


လီဗာပူးလ်အသင်းဟာ အိမ်ကွင်းမှာ ဝုလ်ဗာဟန်တန်အသင်းကို အနိုင်ရရှိခဲ့ပြီးနောက် ဆိုရှယ်လူမှုကွန်ယက်မှာ လီဗာပူးလ်အသင်းကို လှောင်ပြောင်မှုတွေရှိခဲ့ပါတယ်။ အဆိုပါပွဲမှာ လီဗာပူးလ်အသင်း နောက်ခံလူ ဗန်ဒိုက်ဟာ လက်နဲ့ထိခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ပင်နတီပေးဖို့ မျက်ကွယ်ပြုခဲ့ပြီး ဝုလ်အသင်းရရှိခဲ့တဲ့ ချေပဂိုးကိုလည်း ဂိုးအဖြစ် အပေးခဲ့တဲ့ အပေါ်မှာလည်း ပြစ်တင်မှုတွေရှိခဲ့ပါတယ်။

လီဗာပူးလ်အနေနဲ့ VAR စနစ်ကြောင့် နိုင်ပွဲတွေရရှိနေတယ်လို့ ပရိသတ်တွေက လှောင်ပြောင်ပြောဆိုနေခဲ့ကြပြီး ပရီးမီးယားလိဂ်ဖလားရရှိဖို့အတွက် VAR က စပွန်ဆာပေးနေတယ်လို့တောင် ပြောဆိုခဲ့တဲ့အထိ ဖြစ်နေတာလည်းဖြစ်ပါတယ်။  လူမှုကွန်ယက်မှာ လီဗာပူးလ်အသင်းကို Li-VAR-Pool ဆိုလို့ ပြောင်ကာ ခေါ်ဆိုခဲ့ကြပါတယ်။

VAR နဲ့ပတ်သက်ပြီး ဝုလ်ဗ်အသင်းခေါင်းဆောင်ကိုအာဒီကလည်း အလုပ်မဖြစ်တဲ့နည်းပညာပိုင်းလို့ ပြောဆိုခဲ့ပြီး သူတို့အသင်းနစ်နာခဲ့ရတယ်လို့ ပြောဆိုခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလားရရှိဖို့ ရေပန်းအစားဆုံးဖြစ်နေပြီး လက်ရှိ (၁၉) ပွဲကစားထားပြီး (၁၈) ပွဲအနိုင်ကစားထားကာ (၁) ပွဲသာသရေ ရလဒ်ထွက်ပေါ်ခဲ့ပါတယ်။

 


30 Dec 2019     1,633 Views




RELATED

Most Popular of Football

Most Popular of Sport